အုန်းသီးဆန် အကြောင်း

' အုန်းသီးဆန် အကြောင်
း '

အုန်းသီးဟာ အပူပိုင်းဇုံ မှာနေထိုင်သူများအတွက် ဘက်စုံရ မရှိမဖြစ်အသီးဖြစ်ပါတယ် ။

၄၀ ဂရမ်လောက်ရှိတဲ့ အလတ်စား အုန်းသီးတလုံး ရဲ့ အုန်းဆန် နဲ့ အုန်းရေ မှာအရွယ်သင့် လူတဦးအတွက် တနေ့ စာလိုအပ်တဲ့ ဗီတာမင် ၊ သတ္တုဓါတ် နဲ့ကယ်လိုရီစွမ်းအင် အပြည့်အ၀ ပါရှိပါတယ် ။

အုန်းဆန်မှာ ပါဝင်သော အဆီက ပြည့်ဝဆီ saturated fatty acid ( lauric acid ) ဖြစ်ပါတယ် ။ ဒီ Lauric acid အဆီက တမျိုးပါ ။ သူက High - density lipoprotein(HDL)ကို မြင့်တင်ပေးပါတယ် ။ ဒါကြောင့် နှလုံးသွေးကြောပိတ်ခြင်း ၊လေဖြတ်ခြင်း ကို ကာကွယ် ပါတယ် ။

အုန်းရေက လူကို လန်းဆန်းစေပြီး ရေငတ်ခြင်းကို ပြေပျောက်စေပါတယ် ။

အုန်းရေမှာ သကြားဓါတ် ၊ သတ္တုဓါတ် နဲ့ electrolytes များ ပါဝင်ပါတယ် ။
ယခု လူလုပ် ဓါတ်ဆားနဲ့ တူညီပါတယ် ။

၎င်းပြင် cytokinin compound နဲ့ phosphatase , catalase ,dehydrogenase , peroxidase , polymerases အင်ဇိုင်းများ ပါဝင်တဲ့ အတွက်
အစာခြေခြင်း နဲ့ ဇီဝကမ္မလုပ်ငန်း တွေမှာ များစွာ အကျိုးပြုပါတယ် ။

အုန်းရေမှာပါတဲ့ cytokinin ဟာ အိုမင်းရင့်ရော်ခြင်းကို တားဆီးပေးသလို ၊ သွေးခဲခြင်းနဲ့ ကင်ဆာဖြစ်ခြင်းကိုလဲ ကာကွယ်ပါတယ် ။

အုန်းဆန်မှာလဲ copper, calcium, iron, manganese, magnesium, and zincစတဲ့ သတ္တုဓါတ်တွေ ကြွယ်ဝပါတယ် ။ ဗီတာမင် ဘီတွေဖြစ်တဲ့ B1 , B2 , B6 , niacinတို့ လဲ ကြွယ်ဝပါတယ် ။
အုန်းဆန် ရော အရေ မှာပါ potassium အလွန်ကြွယ်ဝပါတယ် ။

...
အခုထိ တွေ့ ရတာက အုန်းသီးမှာ အန္တရာယ် ပေးမဲ့ ပစ္စည်း ရယ်လို့ မပါ ပါဘူး ။
ဒါပေမဲ့ မြန်မာတွေ အကြားမှာ အုန်းသီးက လူဆိုးကြီးဖြစ်နေပါတယ် ။ လူတွေကအုန်သီးဆန် ၊ အုန်းရေ ၊ အုန်နို့ ၊ အုန်းထမင်း ၊ အုန်းနို့ ခေါက်ဆွဲ စသည်တို့ ကိုကြိုက်ကြပေမဲ့ ကြောက်ကြပါတယ် ။ အုန်းနို့ ခေါက်ဆွဲ လို့ ပြောပြီး အုန်းနို့ မပါဘူး ။

.နို့ စိမ်းနဲ့ ချက်တာလို့ ဂုဏ်လုပ် ပြောဆိုနေကြပါတယ် ။ အုန်းသီးရှောင်နိုင်ရင်
လူတော် ပညာရှိ ဖြစ်နေပါတယ် ။

သုတေသန လုပ်ကြရင် ကောင်းမယ် ။ နို့ မို့ ကောင်းတဲ့ အစာကို ရှောင်နေရတာလေ ။
စားပါလို့ ရဲရဲလဲ မပြောဝံ့ဘူး ။



ဒေါက်တာမြင့်သိန်း
၁၄ သြဂုတ် ၂၀၁၄

#credit_Dr_Myint_Thein

Comments

Popular posts from this blog

အဘိဏှသုတ် (ပါဠိ - မြန်မာ)

တာ၀တိံသာ နတ်ပြည်မကြွခင် အခြေအနေများ