" ကျိုက္ခမီ ရေလယ်ဘုရားကြီး သမိုင်းအကြောင်း "

ကျိုက္ခမီဘုရားရေလယ်ဘုရားကြီးသည် မွန်ပြည်နယ် မော်လမြိုင်မြို့၏တောင်ဘက်(၅၅)မိုင်မှာ တည်ရှိပြီး သံဖြူဇရပ်မြို့၏ အနောက်မြောက်ဘက် (၁၅)မိုင်အကွာ ကျိုက္ခမီမြို့မှာ တည်ရှိပါတယ်။ ကျိုက္ခမီရေလယ်ဘုရားကြီးသည် မြန်မာနိုင်ငံ၏ အထူးအံသြစရာကောင်းလောက်သော ရေလည်ဘုရားကြီး ဖြစ်ပြီး စိတ်ဝင်စားစရာကောင်းသောရေလယ်ဘုရားကြီးရဲ့သမိုင်းလဲရှိပါတယ်။
ကျိုက္ခမီရေလယ်ဘုရားကြီးရဲ့သမိုင်းအစကတော့  လွန်ခဲ့တဲ့နှစ်ပေါင်းများစွာလောက်ကပေါ့။….
“တိဿရာဇာ” အမည်ရှိသော ဘုရင်မင်းမြတ်၏“သီရိကပ္ပာမဟာဒေ၀ီ”နာမည် တောင်နန်းစံမိဖုရားကြီးမှာ သားတော်နှစ်ပါး ထွန်းကားတော်မူတယ်။ သားကြီးကိုဖွားမြင်စဉ်မှာလက္ခဏာဖတ်ပုရေဟိတ်ပုဏ္ဏားတော်တို့က “ဒီမင်းသားဟာနူးညံ့သိမ်မွေ့ခြင်း၊ပညာအရပ်ရပ်ဆိုရင်တတ်မြောက်ကျွမ်းကျင်ခြင်း၊သူတော်စင်သူတော်မြတ်တို့၏ အလေ့လာမူနဲ့ပြည့်စုံသော သားကောင်းရတနာတစ်ဦး” ဖြစ်ပါတယ်။ ထိုအခါဘုရင်မင်းကြီးက အလွန်ပင်ချစ်မြတ်နိုးသောကြောင့် သားတော်ကို “တိဿကုမာရမင်းသား”ဟု ဘွဲ့နာမည်ပေးခဲ့ပါတယ်။သားတော်ငယ်မှာ ခြင်္သေ့မင်း၏စစ်လက္ခဏာပါနေသောကြောင့် “သီဟကုမာရမင်းသား”ဟု ဘွဲ့နာမည်ပေးခဲ့ပါတယ်။
အချိန်တွေကြာလာသောအခါ “တိဿကုမာရမင်းသား”ဟာ အသက်တော်(၂၃)နှစ်ရှိပြီး၊ “သီဟကုမာရမင်းသား”ကသက်တော်(၂၁)နှစ် ရှိကြသောအခါ၊ တစ်နေ့တ၌“တိဿကုမာရမင်းသား”နောင်တော်ကြီးက သမ္မာသတိ အကြံအဥာဏ်ရှိသောကြောင့် ညီတော် “သီဟကုမာရမင်းသား”ကို ခေါ်တွေ့ပြီး ဤသို့ တိုင်ပင်ပါတယ်။ “ကျွန်တော်တို့ညီနောင်နှစ်ယောက်သည် ဒုလ္လငါးပါးတွင် လူ့ဘ၀ကို ရရန်ခဲယဉ်းခြင်းဖြစ်လျက် ကုသိုလ်ကံကြောင်း ကောင်းမြတ်သောကြောင့် ယခု လူ့ဘ၀ကိုရကြပါတယ်။နောင်အနာဂတ်များစွာ ယခုထက်ပိုပြီးတော့ ကောင်းကျိုးမြင့်မြဲဆင့်တက်ကဲလျက် မဂ်ဖိုလ်နိဗ္ဗာန်ကို အခြေပြုပြီး တောတောင်ပျော်မွေ့ရသေ့ရဟန်းပြုလုပ်ကြရန် သိက္ခာသီလနှင့်သမထ၀ိပသနာဘာဝနာကမ္မဌာန်းတို့ကို ကြိုးပမ်းအားထုတ် စီးဖြန်းကြရအောင်”လို့ နောင်တော် “တိသကုမာရမင်းသား”က အကြံထုတ်ပါတယ်။ ညီတော် “သီဟကုမာရမင်းသား”လဲ သဘောတူသဖြင့် နောင်တော် “တိဿကုမာရ”နှင့်ညီတော် “သီဟကုမာရ” မင်းသားတို့ နှစ်ယောက်က ခမည်းတော်မယ်တော်တို့ကို လျှောက်ထားခွင့်ပန်ပြီး သုဘိန္ဒနဂရပြည်မှ အရှေ့တောင်အရပ်ဖြစ်သော ဂစ္ဆဂီရိတောင်စခန်းသို့ ကြွမြန်းပြီး ရသေ့ပြုလျက် နေထိုင်ကြပါတယ်။
ဤသို့ နေထိုင်လာကြရာ သီလသိက္ခာပြည့်စုံစွာနှင့်သမထ၀ိပသနာဘာဝနာကမ္မဌာန်းများကိုအားထုတ်ပွားများတော်မူကြသောကြောင့် လ,ရက်,မရှည် အချိန်မကြာမှီပင် လောကီဈာန်သမာပတ်ကုန်၏ ထိုအခါ နောင်တော် ရသေ့ကြီးက အကြံတစ်ခု ဖြစ်တော်မူ၏ “ငါတို့ညီနောင်နှစ်ဖော် အတူတကွနေခဲ့သော် သင့်လျှော်မည် မဟုတ်ပါ၊ သင့်တော်ရာ တခြားစီခွဲခွာနေထိုင်မှ သင့်လျှော်မည်”ဟု ညီတော်အားမိန့်ကြားလေသော် ညီတော်ကလည်း သဘောတူသဖြင့် နောင်တော် တိဿရသေ့က ယခုအခါ ဇင်းကျိုက်တောင်ဟု ခေါ်ဝေါ်သော ဂစ္ဆဂီရိတောင်၌လည်းကောင်း၊ ညီတော်သီဟရသေ့မှာ ယခု ဇွဲကပင်တောင်၌လည်းကောင်း သီးခြားခွဲခွာနေထိုင်ကြတယ်။ တကယ်လို့အကြောင်းတစ်စုံတစ်ရာရှိခဲ့ပါသော် မီးကို ပြရန် အမှတ်ပြုထားကြပါတယ်။
ထိုအခါတိဿရသေ့နေထိုင်ရာ ဇင်းကျိုက်တောင်၏ အနောက်ဘက်တောင်ခြေကမ်းပါး နှင့် မနီးမဝေးမှာ ကျွန်းတစ်ကျွန်းရှိပြီး အလွန်သာယာလှသောကြောင့် နဂါးတွေက ဤကျွန်းသို့လာရောက် ပျော်မွေ့ကြကုန်၏ တစ်နေ့တ၌ ဇင်းကျိုက်တောင်၏ ခြေကမ်းပါးသို့လှည့်လည်ကာ သွားလာနေတတ်သော လူသဏ္ဍန် ဖန်ဆင်းပြီး လွန်ကြင်အင် ရူပါလှပတင့်တယ်သော နဂါးမလေး တစ်ယောက်နေထိုင်ပါတယ်။ ထိုအချိန်တွင် ဟိမန္တာ၌ နေသော ၀ိဇ္ဇာဓိုရ်လုလင်သည် ထိုဇင်းကျိုက်တောင်မြေသို့ အဆက်မပြတ်လည်ပတ်သွားလာနေထိုင်လေ့ရှိရာ ၊တစ်နေ့တ၌ မထင်မှတ်ဘဲ နဂါးမနှင့် တွေ့ဆုံပါတယ်။ ၀ိဇ္ဇာဓိုရ်လုလင်သည် နဂါးမကို မြင်မြင်ချင်းချစ်မိကြပြီး နဂါးမနဲ့အတူတူနေထိုင်ကြတယ်။ မကြာမှီမှာ နဂါးမက ပဋိသန္ဓေတည်နေစွဲကပ်နေလေ၏ ထိုအချိန်တွင် ၀ိဇ္ဇာဓိုရ်လုလင်သည် သူရဲ့ကျင့်စဉ်လမ်းတက်လှမ်းနိုင်ရန်အတွက် တခြားခရီးဝေး တစ်နေရာသို့ မလွဲမသွေ သွားရောက်မည်ဖြစ်သောကြောင့် ချစ်ဇနီးအားခွင့်ပန်ပြီး ခရီးထွက်ခဲ့ပါတယ်။နဂါးမသည်ပဋိသန္ဓေ ရင်မာသည့်တိုင်အောင် စောင့်လင့်ဆိုင်းငံ့ကာ ၀ိဇ္ဇာဓိုရ်လုလင်က ပေါ်လာမပါ။ကြာလာတော့ ဥကို ချချိန်ကျသဖြင့် အဲဒီကျွန်းမှာပဲ ဥနှစ်လုံးကို ချထားစွန့်ပစ်ခဲ့ပြီး နဂါးပြည်သို့ ပြန်သွားလေတယ်။
ထိုသို့နဂါးမပြန်သွားပြီးနောက် မကြာမှီ တိဿအရှင်ရသေ့ သည် ပင်လယ်ကမ်းပါးသို့် ခြေညောင်းလက်ဆန့်သွားလေရာ နဂါးဥနှစ်လုံးကိုမြင်ရလေသော် ထူးဆန်းသော ဥများဖြစ်သည်ဟု ယူဆသဖြင့် ဥနှစ်လုံးကို ယူဆောင်ပြန်လေရာ ညီတော် သီဟရသေ့ကို မီးရှူပြခေါ်ပြီးညီတော်ကရောက်လာသော် မိမိတွင် ဥတစ်လုံး၊ ညီတော်အားဥတစ်လုံး အသီးသီးခွဲယူလိုက်ကြပါတယ်။ အချိန်တွေကြာလာတော့ ညီတော် သိမ်းထားသည့် ဥမှ လူယောကျာ်းတစ်ဦး ဖွားမြင်၍ နောင်တော်၏ ဥမှလည်းညီတော်၏ ဥဖွားချိန်ထက် တစ်နာရီခန့် စော၍ လူယောကျာ်း ငယ်တစ်ဦးကို အသီးသီး ဖွားမြင်ကြပါတယ်။ နဂါးဥမှပေါက်ဖွားခဲ့သော ကလေးနှစ်ဦးဟာ မိခင်မရှိသော်လည်း ရသေ့နှစ်ပါး၏သီလ ၊သမာဓိဂုဏ်ဖြင့် အဓိဌာန်ပြုခြင်းကြောင့် လက်ညိုးမှ ထွက်သောနို့ရည်များကို သောက်စို့ရသဖြင့် တဖြည်းဖြည်း ကြီးပြင်းလာခဲ့ကြပါတယ်။ သူငယ်နှစ်ယောက် တဖြည်းဖြည်းနဲ့ (၁၀)နှစ် အရွယ်သို့ ရောက်သောအခါ ညီတော် “သီဟကုမာရ”ရသေ့ မွေးမြူးထားသော ကလေးက ကျောက်ရောဂါစွဲကပ်ပြီး သေဆုံးသွားခဲ့ပါတယ်။ ဒါပေမဲ့ မိထိလာပြည်၌ အတုလသူဌေးသုမန ၀မ်းထဲ၌ ပဋိသန္ဓေစွဲနေပြန်တယ်။ မကြာခင်မှာ ကလေးကို ဖွားမြင်ပြန်တယ်။
ထိုကလေးသူငယ်က (၈)နှစ်အရွယ်သို့ ရောက်လာတယ်။ အဲဒီအချိန်မှာ မြန်မာသက္ကရာဇ် (၁၀၃)ခုနှစ်မှာ သဗ္ဗုညူမြတ်စွာဘုရား ပွင့်တော်မူပြီး(၅) ၀ါ မြောက်မှာ မိထိလာပြည်ရှိ ပြည်သူပြည်သားများအား တရားရေအေး တိုက်ကျွေးလျက် ထိုသူငယ်ကို မြတ်စွာဘုရားထံ ဆည်းကပ်ခံစားပြီး တရာထူးတရားမြတ် နားကြားရသဖြင့် ရှေ့ဘ၀ ပါရမီအဟုန်ကြောင့် မကြာမှီပဲ “ဂ၀ံပတိသာမဏေ”ဖြစ်လာပြီး “ဂ၀ံပတိရဟန္တာ”ဟု ထင်ရှားလေတယ်။
ထိုအခါ သက္ကရာဇ် (၁၁၀) ပြည့်နှစ်မှာ သုဘိန္နနဂရပြည်ကြီးရှင် တိဿမင်းကြီး နတ်ရွာစံတော်မူရာ မှူးမတ်သေနာပတိတို့က ထီးနန်းအရိုက်အရာခံမည့်သူ မရှိသဖြင့် ရသေ့ညီနောင် နှစ်ပါးထံ အမြန်သွားရောက်ပြီး မှူးမတ်များက “ယခုအချိန်မှာ အရှင့်ရသေ့တို့ ဖခမည်းတော်မင်းတရားကြီးက လူ့ပြည်က နှုတ်ဆက်ကာ နတ်ပြည်သို့ ပြောင်းရွှေ့ခံတော်မူခဲ့ပြီး ကျန်ရစ်သည့် ထီးနန်းအမွေအနှစ်ကို ရှင်မြတ်တို့မှတစ်ပါး တခြားဆက်ဆံစိုးစံ ထိုက်သူမရှိပါ။ အဲဒါကြောင့် တိုင်းနဂရသို့ထွက်ပြီး ထီးနန်းအမွေကို ဆက်ဆံစိုးစံတော်မူပါ အရှင်ရသေ့” ဟူ၍တောင်းပန်ကြကုန်၏
နောင်တော်ရသေ့ကြီးက “ငါတို့ညီနောင် နှစ်ပါးသည်တရားဓမ္မနှင့် မွေ့လျော်လို၍ လောကီရိပ်ငြိမ်စည်းစိမ်ချမ်းသာညွှန်တဏှာကို လွန်စွာစက်ဆုပ်ခြင်းကြောင့် ထီးနန်း အမွှေအနှစ်ကို မခံစားလိုပဲ စွန့်ခွာပစ်ခဲ့ပြီး ဖြစ်လေတယ်။အဲဒါကြောင့် ငါတို့ရဲ့ကိုယ်စား ကိတ္တိမသား နဂါးဥမှ မွေးသော ယောကျာ်းမြတ်ကို ထီးနန်းပေးအပ်လိုတယ်။မှူးမတ်အများတို့က သဘောတူညီကြမည်လော”ဟု အမိန့်တော်မူ၏
ထိုအခါ မှူးမတ်အပေါင်းတို့ သဘောတူညီကြောင့် လျှောက်ထားပြီးနောက် နေ့ရက် မကြာမှီ သုဘိန္န္န္န္န္န္နနဂရ ပြည် ထီးနန်းဟောင်း ပြန်လည်ပြုပြင်၍ နဂါးမရင်နှစ် တိဿရှင်ရသေ့၏သားဖြစ်သော အသက်(၂၀) နှစ်ရှိသူငယ်ကို သဘင်ဆင်ယင် ကျင်းပပြီး ထီးနန်းကိုအပ်နှင်းကြကုန်၏ ထိုမင်းရဲ့ ဘွဲ့တော်မှာ ရသေ့ညီနောင်နှစ်ပါးတို့၏ ဘွဲ့တော်နှစ်ခုပါးစပ်၍ “တိသဓမ္မသီဟရာဇာမင်း”ဟုဘွဲ့တော်နာမည် ပေးခဲ့ပါတယ်။
ထိုအချိန်တွင် “ဂ၀ံပတိရဟန္တာ”ကသုဝဏ္ဏဘုမ္မီပြည်မင်း အဖြစ်က အတိတ်ဘ၀ဟောင်းမှာ နောင်တော်ဖြစ်ခဲ့ဖူးသူ သိတော်မူ၍ တွေ့မြင်လိုသော ဆန္ဒပြင်းပြသဖြင့် မြတ်စွာဘုရားထံခွင့်ပန်ပြီး သက္ကရာဇ်(၁၁၀) ပြည့်နှစ်မှာ ကောင်းကင်ခရီးဖြင့် ဈာန်ယာဉ်စီးကာ သုဝဏ္ဏဘုမ္မီပြည်သို့ ရောက်တော်မူ၏ ထိုအခါ “တိဿဓမ္မသီဟရာဇာမင်း”က “ဂ၀ံပတိရ န္တာ”အရှင်မြတ်ကို မည်သည့် အမျိုးနွယ်မှာ မည်သူဖြစ်ကြောင်း မေးမြန်းရာတွင် အတိတ်ဘ၀အဟောင်းက အကြောင်းဆုံစည်း၍ မင်းကြီးနှင့် ညီအရင်းအစ်ကိုတော်ဖြစ်ကြောင်း၊ အကြောင်းဥဿုံ အလုံးစုံဖြင့် ဖြစ်ပျက်သမျှကို ပြန်ပြောင်းမိန့်ကြားတော်မူပြီး မင်းကြီးက “အရှင်မြတ်သည် လူတို့၏ အထွတ်အထိပ် မဟုတ်သေး၊ လူ့ပြည်နတ်ရပ် မနှိုင်းအပ်၊ မနှိုင်းရာ ဘဂ၀ါ အဆုံးရှိသော ကိုးပါးသော ဂုဏ်တို့နှင့် ပြည့်စုံတော်မူကြောင်း၊ ရာဇာဂြိုလ်ပြည်၌ ဝေနေယျ သတ္တ၀ါ အများတို့အား တရားရေအေး အမြိုက်ဆေးတိုက်ကျွေးလျက်ရှိနေကြောင်း”ဟု ဟောကြားတော်မူ၏ ထိုအခါ မင်းကြီးနှင့်တကွ မှူးမတ်သူဌေး သူကြွယ် ပြည်သူပြည်သားများ အားလုံး ဟုန်ကြွ၍ သရဏဂုံ ပဉ္စသီလကို ခံယူကြပြီး ၊ အရှင်မြတ်တရား သုံးလောကသခင်၊ဘုရားအရှင်ကိုယ်တော်မြတ်ကြီးကို တပည့်တော်တို့သည် ကြည်ညိုသဒ္ဓါ ကုသိုလ်တရားများပွားများနိုင်စေရန်အတွက် တွေ့မြင်ဖူးမြော်လိုပါတယ်။ အမြန်မကြားဖူးတွေ့ကြုံအောင် ပင့်ပိတ်ပေးတော်မူပါဘုရား” ဟု အသနားခံကြကုန်၏ ထိုအခါ ဂ၀ံပတိရဟန္တာအရှင်မြတ်လည်း “ကောင်းပြီး” လို့ ၀န်ခံပြီး ရာဇာဂြိုလ်ပြည်သို့ ပြန်ကြွသွားလေ၏။
အချိန်မကြာမှီ “ဂ၀ံပတိရဟန္တာ” သည် ရာဇာဂြိုလ်ပြည်သို့ ရောက်စဉ်က သုဝဏ္ဏဘုမ္မီပြည်ရှင် တိဿဓမ္မသီဟရာဇာ မင်းကြီးနှင့်တကွ မှူးမတ်ပြည်သူများတို့၏ လျှောက်ထားတောင်းပန်ချက်အရ သုဝဏ္ဏဘုမ္မီပြည် နှင့် ယောနကတိုင်း သာဂလပြည်များမှာ ဘုရားသာသနာတော် ပေါ်ထွန်းပွင့်လင်းမည့် အကြောင်းကို မြင်တော်မူ၍ ဒေသစာရီ ကြွချီတော်မူမည့်အကြောင်း ဖြစ်ပါတယ်။ ထို့ကြောင့် သက္ကရာဇ်(၁၁၁)ခုနစ်၊ တန်ဆောင်မုန်းလအတွင်း၊ရဟန္တာပေါင်း(၅၀၀) နှင့်တကွ ယောနကတိုင်း၊ ကြင်မိုင်းမြို့(ခေါ်) ကျိုက္ခမီမြို့သို့ ရောက်ရှိလေ၏
နောက်ဆုံးတော့ သက္ကရာဇ် (၁၁၁)ခုနစ်၌ သုဝဏ္ဏဘုမ္မီင်္ပြည်သို့ ကြွရောက်တော်မူစဉ် ကျိုက္ခမီတောင်၌ နေသော ရသေ့သည် သုဝဏ္ဏဘုမ္မီသို့ ရောက်ပြီး မြတ်စွာဘုရားအား လာရောက်ဖူးမြော်ရာ မြတ်စွာဘုရားသည် ကျိုက္ခမီတောင် ရသေ့ကြီးက ကျိုက္ခမီတောင် သို့ ဆံတော်ယူဆောင်လာပြီး ယင်းကျိုက္ခမီတောင်၌ပင် တပည့်ဒါယကာများနှင့် တိုင်ပင်၍စေတီတော် တစ်ဆူ၌ ဌာပနာပြီး တည်ထားကိုးကွယ်ခဲ့ကြောင်း ပြဆိုပါတယ်။
ဘုရားစေတီ၏ ဘွဲ့တော်နာမည် မှာ “မွန်ဘာသာဖြင့် (ကျာဟမီ) ခေါ်ပြီး မြန်မာလို “မျှော်ကြည့်ဘုရား”ဖြစ်သည်ဟု ဆိုပါတယ်။
“မျှော်ကြည့်ဘုရား”ဟု ခေါ်ဆိုရခြင်းမှာ မြတ်စွာဘုရား သည် သုဝဏ္ဏဘုမ္မီပြည်သို. မကြွရောက်မီ ကျိုက္ခမီ တောင်သို့ ဦးစွာရောက်ရှိခဲ့ပြီး ကျိုက္ခမီတောင်နေ “အစိရဂဟ”ရသေ့ အား ဆံတော်တစ်ဆူ ပေးသနား မည့်ကြောင်း ဗျာဒိတ်ပေးသွားရာ ရသေ့ လည်းမြတ်စွာဘုရား၏ ဆံတော်ကို ရနိုး ရနိုးဖြင့် စောင့်မျှော်လျက်ရှိပြီး မြတ်စွာဘုရားသည် သုဝဏ္ဏဘုမ္မီပြည်သို့ ရောက်တော်မူကာလမှာ ကျိုက္ခမီရသေ့က မြတ်စွာဘုရားအား သွားရောက်ဖူးမြော် ကန်တော့သောအခါ ဆံတော်ကို ပေးသနားခြင်း၊ ခံရသည် ဟု မွန်သမိုင်းဟောင်းမှာ က ဆိုပါတယ်။ အဲဒါကြောင့် ယင်းစေတီကို “မျှော်လင့်ဘုရား”ဟု ခေါ်ဆိုကြပါတယ်။ မွန်ဘာသာလိုကျတော့ “ကျာဟမီ” လို့ ခေါ်ပြီး အချိန်တွေကြာလာသော မြန်မာတွေက “ ကျိုက္ခမီ” လို့ နာမည်ပြောင်းပြီး ခေါ်ဝေါ်ကြပါတယ်။။
…
Thank ~~~ Original post owner

Comments
Post a Comment