"သက်ကြီးရောဂါနှင့် ကြက်သွန်ဖြူ"

"သက်ကြီးရောဂါနှင့် ကြက်သွန်ဖြူ"

အသက်ကြီးလာသော သူတစ်ယောက်၌ ၀မ်းမီးအား၊ ခုခံအားတို့သည် တဖြည်းဖြည်းနည်းပါးလာကြကုန်၏။
အမာခံ ပထ၀ီဓာတ်တို့သည် ပျက်လာ တတ်ကြကုန်၏။
ဆီးဝမ်းလေတို့ကို မထိန်းနိုင်ဖြစ်လာတတ်ကြကုန်၏။
ဓာတ် သည် တဖြည်းဖြည်းအားနည်းလာကြသောကြောင့်
လှုပ်ရှားပို့ဆောင် ပေးရ သော လေဓာတ်သည် တဖြည်းဖြည်းအားယုတ်လျော့လာ၏။
ဆီးချိုရောဂါ၊ သွေးတိုးရောဂါ၊ သွေးချိုရောဂါ၊ မုတ္တဃာတ်
(ဆီးရှိလျက် ဆီးမဆင်းသော) ရောဂါ၊ ဆီးကျိတ်ရောင်သောရောဂါ၊ မုတ္တကိစ်(ဆီးကျင်အောင့်၊ ဆီးသွား
ခက်သောရောဂါ)လေငန်းသွက်ချာပါဒ အစရှိသော
ရောဂါများ၊ သက်ကြီး သောရောဂါများ ဖြစ်လာတတ်ကြကုန်၏။
ထိုသက်ကြီးဝမ်းမီးအားနည်း၊ ခုခံ အားနည်း၍ ဖြစ်လာသော ရောဂါတို့ကို ကြက်သွန်ဖြူသည်
ကောင်းစွာ အကျိုးပြုနိုင်လေသည်။
ကြက်သွန်ဖြူသည် ၀မ်းမီးကို တောက်ပစေခြင်း၊ အာဟာရကို ကောင်းစွာကြေညက်စေခြင်း၊ အစာအိမ်ကို
 အကျိုးပြုခြင်း၊ အစာဟောင်းအိမ်တွင် ရှိ သော
အငုတ်၊ အခိုး၊ အညစ်အကြေးတို့ကို ကောင်းစွာထုတ်ပယ်နိုင်ခြင်း၊ သွေးကိုလှည့်ပတ်ပို့ဆောင်ပေးသော လေအားတို့ကိုတိုးတက်ကောင်းမွန်စေခြင်း၊ အကျိုး
တို့ကို အကျိုးပြုဆောင်ရွက်နိုင်ပေသည်။
လူသားတစ်ယောက်တွင် အရေးကြီးဆုံးဖြစ်သော သွေးအား၊ လေအား ၂-ပါးတို့ကိုကြက်သွန်ဖြူသည် ဖြည့်ဆည်းထောက်ကူအားပြုပေးနိုင်လေသည်။

ကြက်သွန်ဖြူကို ရောဂါအလိုက် အသုံးပြုပုံ
(၁) နားအူ၊ နားလေထွက်သော ရောဂါတွင် ကြက်သွန်ဖြူဥတစ်လုံးကိုမီးကင်ပြီး နားတွင် ဆို့ပိတ်ပြီး၊ အိပ်ခဲ့သည်ရှိသော်ပျောက်ကင်း ချမ်းသာစေနိုင်၏။
(၂)ကလေးသူငယ်များ၊ ၀မ်းလေမကွဲသော ရောဂါတွင်
ကြက်သွန်ဖြူကိုမီးဖုတ်ပြီး ကျွေးပေးရသည်။
(၃)သွေးကြောပိတ်ဆို့ ကျဉ်းသောရောဂါတွင် ကြက်သွန်ဖြူတို့ကို မြှုပ်စားရသည်။
(၄) ပွေး၊ ၀ဲ၊ ယားနာတို့တွင် ကြက်သွန်ဖြူနှင့် ပွတ်တိုက်ပေးခြင်းဖြင့်ပျောက်ကင်းစေနိုင်သည်။
(၅)  ကြက်သွန်ဖြူ ဥတစ်လုံးကိုပျားရည်ဖြင့် စိမ်
စားခြင်းဖြင့် ဆံပင်ဖြူ ခြင်း ဆံပင်ဖြူများ၊ ပြန်မည်း
နက်လာစေနိုင်သည်။
(၆) သက်ကြီးများ ၀မ်းမလုံခြင်း၊ ၀မ်းမထိန်းနိုင်ခြင်းတို့တွင် ကြက်သွန် ဖြူကို မီးသင်းပြီး ပျားရည်နှင့်စားပေးရသည်။
ထိုသို့ တစ်ခုချင်းသော်လည်းကောင်း၊ အခြားသော ဆေးဖက်တို့နှင့်စုပေါင်း၍သော်လည်းကောင်း၊ လူသားတစ်
ယောက်၏ ကျန်းမာရေး၊ အသက် ရှည်ရေး
အထူးသဖြင့် သက်ကြီးတစ်ယောက်၏ ကျန်းမာရေး၊ အသက်ရှည် ရေးတို့အတွက် အရေးကြီးအထောက်အကူ
ပေးနိုင်သော ကြက်သွန်ဖြူကို စုပေါင်းရေးသားဖော်ပြအပ်ပါသည်။

ကြက်သွန်ဖြူတွင်၊ အချဉ်မှတစ်ပါး အခြားသော ၅-မျိုးသော အရသာတို့ သည်စုံလင်စွာပါဝင်ကြလေသည်။
ဦးဆောင်အနေဖြင့်ကား၊ ပူစပ်သော အရ သာကဦးဆောင်နေ၏။
ဝိပါက (၀မ်းမီးမှ ချေချက်ပြီးသောအခါ)၌ စပ်၏။ အစာကိုနူးညံ့ပြေပြစ်စွာ ကြေညက်စေတတ်၏။
 ယေဘုယျအားဖြင့် ဆီးဝမ်း ကို ရွှင်စေတတ်၏။
လူကို ၀ဖြိုးစေတတ်၏။ ကာမကို အားပေး၏။ ခွန်အားကို ဖြစ်စေတတ်၏။ မျက်စိကိုအကျိုးပြု၏။ အသက်ကို
 ရှည်စေတတ်၏။
 သွေး သည်းခြေတို့ကို တိုးပွားစေတတ်၏။
လေသလိပ်ကိုနိုင်၏။ နှလုံးရောဂါ၊ နာ တာရှည်အဖျား၊ ၀မ်းအောင့်ခြင်း၊ချုပ်ခြင်း၊ လေတဂူရောဂါ၊ နှုတ်မမြိန်ခြင်း၊
 ချောင်းဆိုးခြင်း၊ရောင်တင်းခြင်း၊ မြင်းသရိုက်၊
 နူနာ+၀မ်းမီးနုန့်သောရောဂါ၊ ပိုးရောဂါ၊
လေရောဂါတို့ကို ကောင်းစွာ နိုင်နင်း၏။
 မြွေဆိပ်စသော အဆိပ် တို့ကိုကာကွယ်နိုင်၏။

၎င်းကို ထောပတ်ပျားရည်တို့နှင့် စိမ်ပြီး အသုံးပြုလျှင်
ကာမကို လွန်စွာအားပေးနိုင်သည်ဟု ဆေးကျမ်းတို့၌ ဆို၏။
ကြက်သွန်တွင် ကြက်သွန်ဖြူ၊ ကြက်သွန်နီ ဟု ၂-မျိုးရှိသည်ကို ဆေးကျမ်းတို့၌ အတူတကွ ရောနှောပြဆိုကြကုန်၏။

 မြန်မာ့ရိုးရာ၌ကား ကြက်သွန်ဖြူ နှင့်ကြက်သွန်နီကို ပေါင်းမမြင်ဘဲတစ်မျိုးစီ ခွဲခြားစွာ
 မြင်ထားကြလေသည်။
အဓိကအနေဖြင့် ကြက်သွန်ဖြူကို ဆေးဝါးအနေဖြင့် အသုံးပြုများပြီးလျှင်၊ ကြက်သွန်နီကိုကား အာဟာရအနေဖြင့် အသုံးပြုများကြလေသည်။
သို့သော်လည်း အဖြူ၊ အနီ၂-မျိုးလုံးပင်လျှင် ဆေးအနေဖြင့်သော်လည်းကောင်း၊ အာဟာရအနေဖြင့်သော်
လည်းကောင်း အသုံးပြုနိုင်သည်သာဖြစ်သည်။
ထိုကြက်သွန်ဖြူ၊ကြက်သွန်နီတို့ကို စိုက်ပျိုးထုတ်လုပ်ရာတွင် အဓိကလိုအပ်ချက်မှာ သဘာဝသြ ဇာ
အပြည့်အ၀ ပါရှိရေးပင်ဖြစ်သည်။
 ထိုသဘာဝသြဇာပါရှိရေးသည်လည်းစိုက်ပျိုးထုတ်လုပ်သောနေရာ၌ အတုအစားဖြစ်သော
ဓာတ်မြေသြဇာတို့နှင့်စိုက်ပျိုးထုတ်လုပ်သည်မဟုတ်ဘဲ
သဘာဝမြေသြဇာတို့ဖြင့်သာ စိုက်ပျိုးထုတ်လုပ်ခြင်းဖြစ်သည်။
ထိုသဘာဝ သြဇာဓာတ် အပြည့်အ၀ပါဝင်သော ကြက်သွန်ဖြူ၊ ကြက်သွန် နီတို့သည်လျှင်ကျန်းမာရေး၊ အသက်ရှည်ရေး၊ အသေသက်သာရေးတို့အတွက်
အပြည့်အ၀ရရှိနိုင်ကြမည်ဖြစ်ပေသည်။

_
Ref: မြန်မာ့အာယုဗ္ဗေဒ သိမ်ဖြူဆေးသိပ္ပံဆရာတော် ရေးသားသော "အိုမှုနှင့်ဆိုင်ရာပြဿနာများ "စာအုပ်

Comments

Popular posts from this blog

အဘိဏှသုတ် (ပါဠိ - မြန်မာ)

" M.T.Hla ဟု ကျော်ကြားသော ပန်းချီဦးထွန်းလှ "

ဓူဝံကြယ် (သို့) Polaris အကြောင်း