" ဓာတ်လှေကား (Escalator) ခလုတ်ခုံပေါ်ရှိ အစက်ကလေးတွေအကြောင်း "

ဓာတ်လှေကားက ကျွန်ုပ်တို့နဲ့ တရင်းတနှီးရှိကြပါတယ်။ တိုက်ခန်း၊ ရုံးအဆောက်အဦး၊ ဈေးဝယ်စင်တာ၊ ရုပ်ရှင်ရုံစတာတွေမှာ နေ့စဉ်အသုံးပြုကြပါတယ်။ အဲဒီဓာတ်လှေကား ခလုတ်ခုံတွေကို မကြာခဏ မြင်ဖူးကြပါလိမ့်မယ်။ ဒါပေမယ့် သင်နဲ့ စိမ်းနေသေးတဲ့ တစ်ချက်တစ်ခု ရှိနေပါတယ်။ အဲဒီခလုတ်ခုံ အောက်က အစက်ကလေးတွေကို သတိပြုမိပါသလား။ အဲဒီခလုတ်တွေ မကြာမကြာနှိပ်ဖူးသည့်တိုင် နောက်ကွယ်က လျို့ဝှက်အဓိပ္ပါယ်တွေကို သိချင်မှသိပါလိမ့်မယ်။ဘရယ်လ်ရဲ့ ရေးနည်းရေးဟန် Braille Writing System
ဓာတ်လှေကားက ကျွန်ုပ်တို့နဲ့ တရင်းတနှီးရှိကြပါတယ်။ တိုက်ခန်း၊ ရုံးအဆောက်အဦး၊ ဈေးဝယ်စင်တာ၊ ရုပ်ရှင်ရုံစတာတွေမှာ နေ့စဉ်အသုံးပြုကြပါတယ်။ အဲဒီဓာတ်လှေကား ခလုတ်ခုံတွေကို မကြာခဏ မြင်ဖူးကြပါလိမ့်မယ်။ ဒါပေမယ့် သင်နဲ့ စိမ်းနေသေးတဲ့ တစ်ချက်တစ်ခု ရှိနေပါတယ်။ အဲဒီခလုတ်ခုံ အောက်က အစက်ကလေးတွေကို သတိပြုမိပါသလား။ အဲဒီခလုတ်တွေ မကြာမကြာနှိပ်ဖူးသည့်တိုင် နောက်ကွယ်က လျို့ဝှက်အဓိပ္ပါယ်တွေကို သိချင်မှသိပါလိမ့်မယ်။
ဘရယ်လ်ရဲ့ ရေးနည်းရေးဟန် Braille Writing System
Braille ဆိုတာ ဒီစာရေးနည်းတီထွင်သူ ပြင်သစ်အမျိုးသား Louis Braille ကို မှည့်ခေါ်ထားတာပါ။ သူဟာ ကလေးဘဝက မတော်တဆမှုတစ်ခုကြောင့် အမြင်အာရုံဆုံးရှုံးခဲ့ပါတယ်။ ၁၈၂၄ ခုနှစ် အသက် ၁၅ နှစ် အရွယ်မှာ မျက်မမြင်စာ တိုးတက်ကောင်းမွန်လာအောင် ပြုလုပ်တဲ့အနေဖြင့် ပြင်သစ် အက္ခရာအတွက် ကုတ် code တီထွင်ခဲ့ပါတယ်။ Braille အက္ခရာစလုံးတွေဟာ cells ခေါ်ထောင့်မှန်စတုဂံပုံအကွက်သေးသေးလေးတွေ ဖြစ်ပြီး ဖောင်းကြွအစက် လို့ခေါ်တဲ့ အထိအတွေ့ဖြင့် သိနိုင်တဲ့ အဖုသေးသေးတွေ ပါဝင်ပါတယ်။ ဒီအစက်လေးတို့ရဲ့ အရေအတွက်နဲ့ စီစဉ်ထားရှိမှုပုံစံက အက္ခရာတစ်ခုနဲ့တစ်ခု ခွဲခြားသိမြင်စေပါတယ်။
စိတ်ဝင်စားစရာကောင်းတယ် ဟုတ်။ ဒီတော့ ဓာတ်လှေကားအသုံးပြုတိုင်း ခလုတ်ခုံပေါ်က ဒီအစက်ကလေးတွေကို သတိထားကြည့်ဖို့ မမေ့နဲ့နော်။
.
Ref: alltechbuzz

Comments
Post a Comment