'' October 13 - No Bra Day ''
'' October 13 - No Bra Day ''
အောက်တိုဘာ (၁၃) ရက်နေ့ကို No Bra Day (နိုးဘရာဒေး) ဆိုပြီးသတ်မှတ်ထားပါတယ်။ အမျိုးသမီးတွေကို (၂၄) နာရီကြာ (ဘရာစီယာ) မဝတ်ကြဘို့ လှုံ့ဆော်ထားပါတယ်။ Bra Day ကို ၂ဝ၁၁ တုန်းက ကနေဒါနိုင်ငံ တိုရွန်တိုမြို့က ပလပ်စတစ်ဆာဂျင် ဒေါက်တာ (မစ်ချယ် ဘရောင်း) ကနေစလုပ်ခဲ့ပါတယ်။ နိုင်ငံပေါင်း (၃ဝ) ကျော် ပါဝင်ဆင်နွဲခဲ့ပါတယ်။
လွန်ခဲ့တဲ့ (၄) နှစ်အတွင်း ဆိုရှယ်မီဒီယာကနေ ဆော်သြမှုတွေလုပ်နေခဲ့ပါတယ်။ (ယူကေ) နိုင်ငံမှာလဲ အောက်တိုဘာကို Breast Cancer Awareness Month ရင်သားကင်ဆာ အသိပညာဖြန့်ဖြူးရေးလအဖြစ် သတ်မှတ်ထားပါတယ်။ အမေရိကမှာတော့ လူတွေစိတ်ဝင်စားမဲ့ နည်းလမ်းအမျိုးမျိုးနဲ့ဆင်ယင်ကျင်းပပါတယ်။ ရင်သားကင်ဆာဖြစ်ပြီး အသက်ရှင်သူတွေကနေ ဘရာဒီဇိုင်းဆွဲပြိုင်ပွဲလုပ်တာ၊ ဒီဇိုင်းတွေကို လေလံပစ်တာ၊ ပညာပေးဟောပြောတာ၊ လူစုလူဝေးနဲ့ သီချင်းသီဆိုကြတာ၊ ကခုန်တာ၊ စုဝေးချီတက်တာ၊ ဆင်တူ ဝတ်ဆင်ကြတာ၊ ရံပုံငွေရှာပွဲလုပ်တာ၊ အမေး-အဖြေပွဲလုပ်တာ၊ ပြဇာတ်စတာတွေနဲ့ ဧည့်ခံတာစတဲ့ နည်းလမ်းတွေကို အကြံပြုထားပါတယ်။
မနှစ်ကတော့ အဲဒီနေ့မှာ အမျိုးသမီးတွေကို တီရှပ်အဖြူသာဝတ်ဆင်ဘို့အကြံပေးထားပါတယ်။ တကယ်လို့ ဘရာမဝတ်မဖြစ် ဝတ်ရမယ်ဆိုရင်တော့ မရမ်းရောင်အပေါ်ဝတ်ကိုပါ ဝတ်ဆင်ဘို့အကြံပြုပါတယ်။
အမှန်က Breast Reconstruction Awareness Day ရင်သားပြန်လည်တည်ဆောက်ပေးခြင်းကို အသိပေး လှုံဆော်တာဖြစ်ပါတယ်။ ရင်သားကင်ဆာဖြစ်လို့ ရင်သားတခုလုံးကို ခွဲထုတ်လိုက်ရသူတွေမှာ အပြင်အမြင် တင့်တယ်အောင် ရင်သားအတုခွဲစိတ်တပ်ဆင်ပေးရပါတယ်။ ကျွန်တော့်ဆီကို သမီးမှာရင်သားကင်ဆာဖြစ်လို့ ရင်သားတဖက်လုံးထုတ်လိုက်ရတာမို့ သမီးအတွက် သူ့ဖခင်ဖြစ်သူကနေ ရင်သားအတုခွဲစိတ်နည်းအကြောင်း မေးလာတာကို ကျွန်တော် ဘယ်တော့မှမမေ့နိုင်ပါ။ အဲတာနဲ့ ၇-၁-၂ဝ၁၂ နေ့က Breast Reconstruction ရင်သားအသစ်တပ်ပေးခြင်းစာကို ရေးဖြစ်ခဲ့ပါတယ်။
အောက်တိုဘာတလလုံးက ရင်သားကင်ဆာအသိပေးလဖြစ်ပါတယ်။ အောက်တိုဘာ (၁၄) ရက်နေ့ကိုတော့ Big Pink နေ့လို့သတ်မှတ်တယ်။
.
✔ Breast writings links ရင်သားရောဂါစာများ
1. Bras and Breast Cancer (ဘရာစီယာ) နဲ့ (ဘရက်စ်) ကင်ဆာ http://doctortintswe.blogspot.com/2015/02/bras-and-breast-cancer.html
2. Breast Cancer (1) ရင်သား-ကင်ဆာ (၁) http://doctortintswe.blogspot.com/2015/02/breast-cancer-1.html
3. Breast Cancer (2) ရင်သားကင်ဆာ (၂) http://doctortintswe.blogspot.com/2015/02/breast-cancer-2_5.html
4. Breast Cancer Chemotherapy ရင်သား-ကင်ဆာကို ဆေးပေးကုသခြင်း http://doctortintswe.blogspot.com/2015/02/breast-cancer-chemotherapy_5.html
5. Breast Cancer Risk ရင်သားကင်ဆာ အန္တရာယ်များ http://doctortintswe.blogspot.com/2015/06/breast-cancer-risk.html
6. Breast Cancer Today ရင်သား-ကင်ဆာ အရင်ကနဲ့မတူပါ http://doctortintswe.blogspot.com/2015/02/breast-cancer-today.html
7. Breast Cancer Treatment regimes ရင်သား-ကင်ဆာ ကုထုံးများ http://doctortintswe.blogspot.com/2014/10/breast-cancer-treatment-regimes.html
8. Breast Cancer ရင်သား-ကင်ဆာ http://doctortintswe.blogspot.com/2014/10/breast-cancer.html
9. Breast Conditions ရင်သား ကျန်းမာရေး http://doctortintswe.blogspot.com/2015/02/family-history-of-cancer.html
10. Breast self examination ရင်သားအား မိမိဖါသာ စမ်းသပ်နည်း https://doctortintswe.blogspot.com/2014/11/breast-self-examination.html
11. Carcinoembryonic Antigen (CEA) http://doctortintswe.blogspot.com/2015/06/carcinoembryonic-antigen-cea.html
12. Family History of Cancer ကင်ဆာမိသားစုရာဇဝင် http://doctortintswe.blogspot.com/2014/11/breast-conditions.html
13. Hormone therapy and breast cancer ရင်သားကင်ဆာနဲ့ ဟော်မုန်းဆေး http://doctortintswe.blogspot.com/2015/04/hormone-therapy-and-breast-cancer.html
14. Invasive ductal carcinoma ပြန့်နိုင်သော နို့ပြွန်ကင်ဆာ http://doctortintswe.blogspot.com/2015/09/invasive-ductal-carcinoma.html
15. New treatment for drug-resistant breast cancer found ဆေးယဉ် ရင်သားကင်ဆာအတွက် ဆေးကုနည်းသစ် http://doctortintswe.blogspot.com/2015/04/new-treatment-for-drug-resistant-breast.html
16. No Bra Day နိုးဘရာဒေး http://doctortintswe.blogspot.com/2015/10/no-bra-day.html
17. Types of Breast Cancers ရင်သားကင်ဆာအမျိုးအစားများ http://doctortintswe.blogspot.com/2015/04/types-of-brest-cancers.html
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
'' ဘရာမဝတ်တဲ့အခါ ရရှိမယ့် ကောင်းကျိုး (၄) ခု ''
ဒီနေ့ (အောက်တိုဘာလ ၁၃) ရက်နေ့ဟာ ကင်ဆာရောဂါမဖြစ်ပွားဖို့ မိန်းကလေးတွေ အိမ်မှာနေရင် ဘရာမဝတ်ဘဲ နေကြဖို့ တိုက်တွန်းတဲ့အနေနဲ့ သတ်မှတ်ထားတဲ့ No Bra နေ့ ဖြစ်ပါတယ်။ ဘရာမဝတ်ခြင်းက ရရှိတဲ့ အံ့သြဖွယ်ကောင်းကျိုးတွေလည်း ရှိနေနေတာကို လေ့လာတွေ့ရှိရပါတယ်။
၁။ ဘရာတွေက ရင်သားကို ပိုလှအောင် မပြုပြင်ပေးနိုင်ဘူး
ဘရာမဝတ်ရင် ရင်သားပျော့တွဲမှာကို မိန်းကလေးတွေကစိုးရိမ်ကြပါတယ်။ တကယ်တော့ သင်တို့ထင်နေတာနဲ့ ဆန့်ကျင်ဘက်ပါပဲ။ ဘရာမဝတ်ခြင်းက ရင်သားတစ်ရှူးတွေကို ပိုမိုကျန်းမာစေတယ်လို့ လေ့လာမှုတစ်ခုက ဆိုထားပါတယ်။
၂။ ဘရာမဝတ်ခြင်းက သွေးလည်ပတ်မှုကို ပိုမိုကောင်းမွန်စေတယ်
ဘရာကို ချွတ်လိုက်ချိန်မှာ လူအထိန်းအချုပ်မှ မရှိသလိုဖြစ်ပြီး ရင်ဘတ်ကို စည်းနှောင်ထားတဲ့အရာဖယ်လိုက်တဲ့အတွက် သွေးလည်ပတ်မှု ပိုကောင်းလာပါတယ်။ သွေးလည်ပတ်မှု ပိုကောင်းရင် အသားအရေပိုလှပြီး ပိုတင်းရင်းစေပါတယ်။
၃။ ရင်သားတွေကို ပိုမိုကြည့်ကောင်းစေပါတယ်။
ဘရာဝတ်ထားတဲ့ အမျိုးသမီးတွေထက် ဘရာမဝတ်တဲ့အမျိုးသမီးတွေရဲ့ ရင်သားထိပ်က ပျန်းမျှ ၇ မီလီမီတာ ပိုမြင့်တယ်လို့ လေ့လာမှုတစ်ခုအရ သိရပါတယ်။ ရင်သားထိပ်မြင့်တက်ခြင်းဟာ ရင်သားတွေ ပိုပြီး တင်းရင်းလှပနေတယ်ဆိုတဲ့ အဓိပ္ပာယ်ပါပဲ။
၎။ နေလို့ထိုင်လို့ ပိုကောင်းတယ်
ဒါ မိန်းကလေးတိုင်း ခံစားမိတဲ့ကိစ္စပါ။ ဘရာဝတ်ထားချိန်မှာ စည်းနှောင်ထားသလိုဖြစ်ပြီး တင်းကျပ်နေပါတယ်။ ဘရာချွတ်လိုက်ချိန်မှာ ခံစားရတဲ့ လွတ်လပ်ပေါ့ပါးမှုက ဘာနဲ့မတူသလို နေရတာ ပေါ့ပါးလန်းဆန်းသွားပါတယ်။
ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။
_
Credit …
(၁) Dr Tint Swe
(၂) Myawaddy Health

Comments
Post a Comment