ငှက်ပျောသီး ၏ အကျိုးပြုပုံ ( ၇ ) မျိုး

' ငှက်ပျောသီး ၏ အကျိုးပြုပုံ ( ၇ ) မျို




၁ ။ ငှက်ပျောသီး တွင် သွေးပေါင်ချိန်မူမှန်ထိန်းသိမ်းရန်အတွက်၎င်း ၊
 နှလုံးကျန်းမာ စေရေး အတွက်၎င်း ၊ သွေးကြောများကျွတ်ဆတ်မာကျောခြင်း
ကိုတားဆီးရန် အတွက်၎င်း ၊ အရိုးများသန်မာစေရန်၎င်း အရေးပါသော
ပိုတက်ဆီယန်ဓါတ် အလွန်ကြွယ်ဝစွာပါရှိပါသည် ။
ငှက်ပျောသီး က လေဖြတ်ခြင်းကို ကာကွယ်ပေးနိုင်ပါသည် .

၂ ။ ငှက်ပျောသီး တွင် sodium ဆားဓါတ် လွန်စွာနည်းပါးသည့် အတွက် နှလုံးရောဂါ
 သွေးတိုးရောဂါ နှင့် အရိုးပွခြင်းများ မဖြစ်စေပါ ။

၃ ။ ငှက်ပျောသီး တွင် probiotic fiber ခေါ်သည့် အမျှင်ဖိုင်ဘာ ကြွယ်ဝသဖြင့်ဝမ်းမှန်စေသည် ။ အူတွင် ကိုယ်ခံအားကောင်းမွန်စေသဖြင့် ၀မ်းလျှောဝမ်းပျက်
ဖြစ်ခြင်း ၊ အူမကြီးကင်ဆာဖြစ်ခြင်းကို ကာကွယ်ပေး သည် ။ probiotic fiber က
သတ္တုဓါတ်များစုပ်ယူခြင်းကို အားပေး၍ ကိုလက်စထရော စုပ်ယုခြင်းကို လျှော့ချပေး ပြီး သွေးတွင်းသကြားဓါတ်ကို ညီညွတ်မျှတစေပါသည် ။

၎ ။ မကြာမီက တွေ့ ရှိချက်အရ တရက် ငှက်ပျောသီး ၄ လုံး မှ ၆ လုံးထိ စားသုံးပါကအမျိုးသမီးများတွင် ကျောက်ကပ်ကင်ဆာ ဖြစ်ခြင်းကို ထက်ဝက်လျှော့ချနိုင်ကြောင်းတွေ့ ရှိရပါသည် ။

၅ ။ ငှက်ပျောသီး က အစာအိမ်နံရံ ပေါ်တွင် အက်ဆစ်ဓါတ်ကို ကာကွယ်နိုင်သည့် အချွဲလွှာဖန်တီးပေးပြီး ၊  ငှက်ပျောသီး တွင် ပါရှိသော protease inhibitors က အစာအိမ်အနာဖြစ်စေသည့် ဘက်တီးရီးယားများကို ချေဖျက်ပေးသဖြင့် အစာအိမ်အနာဖြစ်ခြင်းကို ကာကွယ်ပေးပါသည် ။

 ၆ ။ ငှက်ပျောသီးတွင်ပါသော  ပိုတက်ဆီယံ ဓါတ်က ကျန်းမာရေးအနေအထား ကောင်းမွန်စေသဖြင့်  အရက်နာကျခြင်းကို ကာကွယ်နိုင်ပါသည် ။

၇ ။ ငှက်ပျောသီး တွင် အမိုင်နိုအက်ဆစ် Tryptophan က serotonin ပြုလုပ်နိုင်၍အိပ်ပျော်စေခြင်း ၊ ခံတွင်းလိုက်စေခြင်း ၊ ဆာလောင်မှု မဖြစ်စေခြင်း စသည့် အကျိုးများရစေပါသည် ။

...

ဒေါက်တာမြင့်သိန်း
၂၄ မေ ၂၀၁၄

#credit_Dr_Myint_Thein

Comments

Popular posts from this blog

အဘိဏှသုတ် (ပါဠိ - မြန်မာ)

" M.T.Hla ဟု ကျော်ကြားသော ပန်းချီဦးထွန်းလှ "

ဓူဝံကြယ် (သို့) Polaris အကြောင်း