မွန်ရိုးရာဓလေ့ သင်္ဘောဆွမ်းတော်ကြီးတင်ပွဲ
' မွန်ရိုးရာဓလေ့ သင်္ဘောဆွမ်းတော်ကြီးတင်ပွဲ '
တော်သလင်းလပြည့်နေ့ ရောက်တိုင်း
ရာမညတိုင်းဒေသ မည်သည့်ရပ်ရွာမဆို မွန်လူမျိုးတို့သည် ထိုဆွမ်းတော်ကြီးတင်ပွဲကို ဆင်နွှဲလေ့ရှိကြသည်အကြောင်း
စတင်ဖြစ်ပေါ်လာပုံ.....
မွန်လူမျိုးတို့သည် ထေရဝါဒဗုဒ္ဓဘာသာကို အလွန်လေးနက်ကိုင်းရိုင်းသော လူမျိုးဖြစ်သည်
မွန်လူမျိုးတို့သည် ( ၁၂ )လရာသီပွဲများ ကောင်းမှုကုသိုလ်ပြုလုပ် အမြဲကျင်းပလေးရှိကြသည်။
ယခုတော်သလင်းလပြည့်နေ့တွင်
ရပ်တိုင်းရွာတိုင်းရှိ မွန်ဘုန်းတော်ကြီးကျောင်း တို့တွင် မိမိတို့ စွမ်းနိုင်သမျှ လုပ်အား, အလှူငွေအားဖြင့် သင်္ဘောတစ်စီး တည်ဆောက်ကာ ဆွမ်း,တံခွန်, ကုက္ကား, ပန်း, နံ့သာ, သစ်သီး ကွမ်း ဆီမီး-စသော အမျိုးအမည်တစ်ထောင်နီးပါးရှိ လှူဖွယ်ဝတ္ထု အမျိုးမျိုးတို့ဖြင့် ယင်းသင်္ဘော၏ ကုန်းပတ်ပေါ်တွင် တင်လှူပူဇော်ကြသည်။
ထို့ကြောင့် ဆွမ်းတော်ကြီးတင်ပွဲကို "ဆွမ်းတော်တထောင် တင်လှူပူဇော်ပွဲ"
မွန်ဘာသာခေါ် (သဘင္ဗဝ္သဿဳတ္လၛီ ) ဟုလည်း စတင်ခေါ်ဝေါ် မှတ်ပြုကြပါသည်။
အကြောင်းကား = = =
ဓမ္မစေတီမင်း၏ သာသနာတော် သန့်ရှင်းတည်တံ့ပြန့်ပွားရေး လုပ်ငန်း
မွန်ရာဇာဝင် ဓမ္မစေတီမင်း" ကျမ်းအရ သီလစင်ကြယ်သော သာသနာပြု ရဟန်းတော်များ မွေးထုတ်နိုင်ရန် ကောဇာသက္ကရာဇ် ၈၃၈-ခုနှစ်တွင် သီဟိုဠ် (သီရိလင်္ကာ) သို့ မွန်သံဃာတော် ၄၄-ပါးကို ဓမ္မစေတီမင်းက ရာမဒူတသင်္ဘော နှင့် စိတြဒူတသင်္ဘော ထို့သင်္ဘောနှစ်စီး ဖြင့် စေလွှတ်တော်မူသည်။
သံဃာတော် ၄၄-ပါးတို့က ကလျာဏီသိမ်တွင် ရဟန်းအသစ် ခံယူကြသည်။ ကိစ္စပြီးဆုံးသောအခါ အပြန်ခရီးစဉ်တွင် သဘောင်္နှစ်စီးအနက် ရာမဒူတသင်္ဘောက ခရီးစဉ်ချောမွေ့စွာ ပြန်ရောက်နိုင်ခဲ့သည်။
သို့သော် စိတြဒူတ သင်္ဘောကား လေပြင်းမုန်တိုင်း မိသဖြင့် သင်္ဘောမမှောက်သည့်တိုင် လိုရာခရီး ပန်းတိုင်ဆီ အပြီးမဆိုက်ရောက်နိုင်ခဲ့ပါ။
အိန္ဒိယနိုင်ငံ (ယခင်- မဒရပ်၊ ယခု- ချင်းနိုင်-ဟု ယူဆရသည့်) ဆိပ်ကမ်းသို့ ရောက်ရှိခဲ့သည်ဟု ဆိုကြသည်။
နှစ်စီးမျှော် တစ်စီးသာ ပေါ်လာသည့်အခါ မင်းနှင့်တိုင်းသူပြည်သားများက ရတက်မအေး ပူဆွေးခဲ့ကြရသည်။
ပျောက်ရှာနေသည့် သင်္ဘောတစ်စီးပေါ်ပါ ရဟန်းသံဃာတော်များ ဘေးအန္တရာယ်မကျရောက် ရလေအောင် မင်းနှင့်တိုင်းသူပြည်သားအပေါင်းက ဆုတောင်းဝတ်ပြု ကြသည်။
" စိတြဒူတ "သင်္ဘောပုံသဏ္ဍာန် ဖန်တီးတည်ဆောက်ပြီး
တော်သလင်းလပြည့် မနက်အာရုံချိန်တွင် ယင်းသင်္ဘောတွင် လှူဖွယ်ဝတ္ထုအစုစုကို စုပေါင်းထည့်ပြီး ကပ်လှူပူဇော်ပွဲ အသွယ်သွယ်တို့ဖြင့် ဖြည့်ကြသည်။
အတုမရှိ ဗုဒ္ဓမြတ်စွာဘုရား၏ဂုဏ်တော် ရတနာမြတ်သုံးပါး၏ဂုဏ်တော်ကို အာရုံပြု၍
အမျိုးအမည် ထောင်မကသော ဒါတဗ္ဗဝတ္ထုတို့ဖြင့် ဆွမ်းတော်ကြီးကို ဘုရားအား ကပ်လှူပူဇော်
သီလခံယူဆောက်တည်း ပရိတ်ရွတ်ပူဇော် တရားနားယူခြင်း ကုသိုလ်ပြုလုပ်ကြသည်။
တော်သလင်းလဆုပ် နှစ်ရက်နေ့မှာ " စိတြဒူတ"သင်္ဘော ကောင်းမွန်ချော်မွေ့စွာ ပြန်ရောက်လာသည်ကို မင်းနှင့်တိုင်းသူပြည်သားများ မြင်၍ ဝမ်းမြောက်ဝမ်းသာ ခရီးဦးကြိုဆို ပူဇော်ကြသည်။
သင်္ဘောပျောက် အန္တရာယ်ကျရောက်နေသည့် ရဟန်းသံဃာတော်များအား ဘေးရန်ခပ်သိမ်း ကင်းငြိမ်စေလိုသော ရည်မှန်းချက်ဖြင့်
ကုသိုလ်ပြု ဆွမ်းတော်ကြီးတင်ပွဲကို ကျင်းပခဲ့ခြင်း ဖြစ်သည်။
မွန်လူမျိုးတို့၏ ရိုးရာဓလေ့ အစဉ်အလာကောင်းတစ်ရပ်
ရာမညတိုင်းမွန်ဒေသရှိ ရပ်ရွှာ ဒေသတိုင်မှာ ဆွမ်းတော်တစ်ထောင် ခေါ် "ဆွမ်းတော်ကြီးတင်ပွဲ"ကို ရိုးရာမပျက် တက်ကြွစွာ ပါဝင်နွှဲပျော် ကျင်းပပူဇော် ကောင်းမှုကုသိုလ်တော် ပြုလုပ်နေကြသည်ကို ယခုထိတိုင်အောင် တွေ့မြင်နေရပါသည်။
နောက်ကား တော်သလင်းလပြည့်နေ့မှာ မွန်ဘာသာခေါ် (သဘင်လံင်ကလေင်,ဍ်ာသဲာ,ကဝ်,သဂြာ ) စတုမဓု ဆွမ်းလောင်းလှူပွဲလည်း ကျင်းပလေးရှိကြပါသည်။
မွန်ရိုးရာဓလေ့ ထိန်းသိမ်းခြင်းနှင့် ကောင်းမှုကုသိုလ်ပြုလုပ်
_
#crd.....
12.9.2016
ဃောသိုက်(က.ပ)K.P

Comments
Post a Comment