စေတီတော်ဂြိုလ်တိုင်များရှိ ဘုရားရုပ်ပွားတော်အားရေသပ္ပါယ်ရာတွင် ကုသိုလ်ရမရ

စေတီတော်ဂြိုလ်တိုင်များရှိ ဘုရားရုပ်ပွားတော်အားရေသပ္ပါယ်ရာတွင် ကုသိုလ်ရမရ "

(မေး)

အရှင်ဘုရား၊ မြတ်စွာဘုရား ဆင်းတုတော်များ၊ ရေလောင်းသပ္ပါယ်နေသည်ကို ရွှေတိဂုံဘုရားပေါ်၌ အများဆုံး တွေ့ရပါသည်၊
တချို့ကဦးခေါင်းပေါ်မှစ၍သော်၎င်း၊လည်ပင်းနားမှစ၍သော်၎င်း၊ ရေလောင်းကြပါသည်။ မည်သည့်နေရာမှ ရေလောင်းသပ္ပါယ်လျှင် မည်သို့စိတ်ထားရမည်။ မည်သို့သော အကျိုးရမည်ကို ဖြေကြားပေးတော်မူပါဘုရား။

( ဖြေ )

ရွှေတိဂုံဘုရားပေါ်၌ ဘုရားရေသပ္ပါယ်ကြသူများမှာ အချိန်အခါဟူ၍မရှိ၊ ဗေဒင်ဆရာက ယတြာချေခိုင်းလျှင် ဘုရားရုပ်ပွားတော်များကို သင်္ကြန်ရေလောင်းသကဲ့သို့ လောင်းနေကြသည်မှာ ကုသိုလ်မရ။ အပြစ်ရဖွယ်သာ ဖြစ်စရာရှိပါသည်။

တကယ်ရေသပ္ပါယ်လိုသော စေတနာရှင်များမှာ ရွှေတိဂုံဘုရားပေါ်သို့ပင် သွားနေစရာမလိုပါ၊ ကိုယ့်အိမ်ရှိ ဘုရားရုပ်ပွားတော် (ကြေးဆင်းတု၊ကျောက်ဆင်းတု)ကို နွေလအခါ ပူသောအချိန်တွင် ကျောင်းဆောင်မှပင့်၍

အိမ်ဦးတွင် ချေးညှော်စင်အောင် ချေးချွတ်ဆေး၊ ဆပ်ပြာ၊ အ၀တ်သန့်သန့်၊ ရေသန့်သန့်ဖြင့် သင့်လျော်ရာနေရာမှ လောင်း၍ ရိုသေလေးစားစွာ ရေသပ္ပါယ်ကုသိုလ်ယူသင့်ပါသည်။

သင်္ကြန်အခါ နှစ်သစ်ကူးအခါတို့တွင် ကျောင်းကန် ဘုရားတို့၌ ဥပုသ်စောင့်ကြသော ဥပုသ်သည် ကျား, မ, မဟူ ညနေပိုင်းတို့တွင် ကျောင်းရှိ ကြေးဆင်းတု၊ ကျောက်ဆင်းတုများကို ရိုသေစွာ ရေသပ္ပါယ်ကြသည်ကို တွေ့ရ ကြုံရလေ့ရှိပါသည်။

အချို့ရေအေးအေးတွင် အမွှေးနံ့သာများထည့်၍ ရေသပ္ပါယ်ကြသည်ကိုလည်း တွေ့ရပါသည်။ ထိုကဲ့သို့ ကုသိုလ်ဖြစ်အောင်ရေသပ္ပါယ်သင့်ပါသည်။

.
(ဆရာတော်ရဝေထွန်း - အရှင်တိလောကသာရ)

ဓမ္မရံသီwebsite
မှတဆင့်ဓမ္မဒါနတင်ပြအပ်ပါသည်ခင်ဗျာ
(ဗဟုသုတတိုးပွားနိုင်ကြပါစေခင်ဗျာ)

Comments

Popular posts from this blog

အဘိဏှသုတ် (ပါဠိ - မြန်မာ)

" M.T.Hla ဟု ကျော်ကြားသော ပန်းချီဦးထွန်းလှ "

ဓူဝံကြယ် (သို့) Polaris အကြောင်း