မြန်မာ့ပထမဆုံး အမျိုးသမီးဝန်ကြီး

" မြန်မာ့ပထမဆုံး အမျိုးသမီးဝန်ကြီး "


ဝန်ကြီး ဆိုသော ရာထူးမှာ သမိုင်းမှတ်တမ်း အရ ညောင်ရမ်းခေတ် ကစတင်ပေါ်ပေါက်ခဲ့သည် ဟု သိရပါတယ်။ ထိုမတိုင်ခေတ်က ၀န်ကြီး အစား နန်းတွင်း အမတ်ဟုခေါ်ဝေါ်သုံးစွဲလေ့ရှိပါတယ်။ အများအားဖြင့် နန်းတွင်းထိပ်တန်း အရာရှိရာထူးများအား အမျိုးသားများကိုသာ ခန့်အပ်
လေ့ရှိပါတယ်။ သို့သော်လွတ်လပ်ရေးရပြီးနောက်ပိုင်း ပေါ်ပေါက်လာ
သော မြန်မာနိုင်ငံ အစိုးရအဖွဲ့တွင် ပထမဦးဆုံးသော အမျိုးသမီး ၀န်ကြီး
ကို ခန့်အပ်ခဲ့ပါတယ်။ သူမရဲ့ နာမည်ကား မစ္စက်ဘမောင်ချိန်..။
၁၉၅၂ ခုနှစ်၊ မတ်လ၌ ပထမဆုံးသော ရွေးကောက်ပွဲနှင့် တက်ရောက် လာတဲ့အမတ်များကို အစိုးရအဖွဲ့ဖွဲ့ရာ ကရင်အမျိုးသမီး မစ္စက်ဘမောင်
ချိန်ကို ကရင်ပြည်နယ်ဝန်ကြီး အဖြစ်ခန့်အပ်ခဲ့ပါတယ်။ မစ္စက်ဘမောင်ချိန်
၏ အမည်ရင်းကား ကလယ်ရီဗဲလ်အိုင်ရင်းဖိုး ဖြစ်သော်လည်း ခင်ပွန်းဖြစ်
သူ ဘမောင်ချိန်အမည်နှင့်ပင် ထင်ရှားသူဖြစ်ခဲ့ပါတယ်။
ကရင်အမျိုးသမီးဖြစ်သူ မစ္စက်ဘမောင်ချိန်ကို ၁၉၀၅ ခုနှစ်တွင် ပုသိမ် ၌မွေးဖွားခဲ့ပြီး ၁၉၃၅ ခုနှစ်တွင် လမ်းအရေးပိုင် ဦးဘမောင်ချိန် နှင့်
လက်ထပ်ရာမှ မစ္စက်ဘမောင်ချိန် ဆိုပြီး ဖြစ်လာပါတယ်။ အေဘီအမ် သာသနာပြုကျောင်းတွင် ပညာဆည်းပူးခဲ့ပြီး ဂျပ်ဆင်ကောလိပ်မှ ဘီ
အေဘွဲ့၊ ဆရာဖြစ်သင်ကောလိပ်လက်မှတ်များ ရရှိကာ အထက်တန်းပြ ဆရာမအဖြစ် ၀င်ရောက်လုပ်ကိုင်ခဲ့ပါတယ်။ ပုသိမ်၊ ပခုက္ကူ၊ ရန်ကုန်မြို့
များသို့ ပြောင်းရွေ့ကာ ကျရာတာဝန်များထမ်းဆောင်ရင်း ၁၉၅၂ ခုနှစ်
တွင် ဟံသာဝတီ ခရိုင်မှ အရွေးခံကာ အောက်လွှတ်တော် အမတ်
ဖြစ်လာခဲ့ပါတယ်။ ထိုမှတစ်ဆင့် ၀န်ကြီးဖြစ်ကာ နိုင်ငံရေး လှုမှု
ရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ပါတယ်။
လူမှုရေးလုပ်ငန်းများကို အပြည့်အ၀လုပ်ဆောင်နိုင်ရန်အတွက် ၁၉၅၃ ခုနှစ်တွင် ၀န်ကြီးအဖြစ်မှ နှုတ်ထွက်ကာ YWCA ဒုတိယဥက္ကဌ၊ အာရှ
တိုက် ခရစ်ယာန်အသင်း၏ အမှုဆောင်လူကြီး တာဝန်များကို ထမ်း
ဆောင်ကာ လူမှုရေးလုပ်ငန်းများ စေတနာ့ဝန်ထမ်း အသင်းများတွင် အားသွန်ခွန်စိုက် ပါဝင်လုပ်ဆောင်ခဲ့ပါတယ်။ အသက်ရလာတဲ့ အထိ
စေတနာ့ လူမှုလုပ်ငန်းများကို ထမ်းဆောင်ရင်း အသက် ၉၀
( ၁၉၉၄ ခုနှစ် ) ခုနှစ်တွင် ကွယ်လွန်သွားခဲ့တယ် ဟုသိရပါတယ်။

_
ကိုးကား။
မြန်မာ့စွယ်စုံကျမ်း
YWCA စာမျက်နှာ

Credit ... Ayesay.com.mm

Comments

Popular posts from this blog

အဘိဏှသုတ် (ပါဠိ - မြန်မာ)

" M.T.Hla ဟု ကျော်ကြားသော ပန်းချီဦးထွန်းလှ "

ဓူဝံကြယ် (သို့) Polaris အကြောင်း