ဂရင်းတီး Green tea နဲ့ လက်လက်ခြောက်အမျိုးမျိုးအကြောင်

ဂရင်းတီး Green tea နဲ့
လက်လက်ခြောက်အမျိုးမျိုးအကြောင်








.

လက်ဘက်ပင်မျိုးနွယ်မှာ အဓိက ကမီးလီယား စင်နစစ် (Camellia sinensis var. sinensis )
နဲ့  ကမီးလီယား အက်ဆာမီကာ (Camellia sinensis var. assamica, ) တို့ဖြစ်ပါတယ် ။
အမြဲစိမ်း ချုံပုတ်မျိုး ဖြစ်ပါတယ် ။
အရှေ့အာရှမှာမှာ ပေါက်ရောက်ပါတယ် ၊
မြန်မာပြည်မြောက်ပိုင်း ၊ တရုတ်ပြည်အနောက်တောင်ပိုင်း ရဲ့ ဒေသခံ အပင်များဖြစ်ပေမယ့်
ယခုအခါ ဂျပန်ကျိုတို ၊ အိန္ဒိယ ၊ သိရိလင်္ကာ နဲ့ ကမ္ဘာအနှံ့မှာ စိုက်ပျိုးနေကြပါပြီ ။
တရုတ်က အရွက်သေးမျိုး နဲ့ ယူနန်အနောက်ပိုင်းက အရွက်ကြီးမျိုး ၊ အန္ဒိယ အရွက်ကြီးမျိုး
စသဖြင့် ပထဝီအနေအထား ၊ စိုက်ပျိုးပုံနည်းစံနစ် တွေကွာခြားသလို ပုံစံကွဲတွေလည်း ရှိပါတယ် ။

လက်ဘက်ရွက်ဟာ ခူးလိုက်တာနဲ့ ညှိုးသွားပါတယ် ။
အရွက်ဆဲလ်များမှ အင်ဇိုင်းများဟာ လေထဲက အောက်ဆီဂျင်နဲ့ ပေါင်းစပ်ပြီး
ကလိုရိုဖီးများ chlorophyll ပြိုကွဲကာ တန်နင် tannins များထွက်လာပြီး
အရွက်ဟာ ညိုမည်းသွားပါတယ် ။ ဒါကို အောက်စီဒေးရှင်း oxidation ဖြစ်တယ်လို့
ခေါ်ပါတယ် ။
ဒီလို ညိုမှောင်မသွားအောင် အလျင်အမြန် ခြောက်သွေ့အောင် အပူပေးခြင်း လုပ်ရပါတယ် ။

ဒီလိုပြုပြင်မွမ်းမံခြင်း နည်းစံနစ်တွေကြောင့် လက်ဘက်အမျိုးအစား အမျိုးမျိုး ဖြစ်လာပါတယ် ။
လက်ဘက်ခြောက် ၆ မျိုး ထွက်လာပါတယ် ။

.

Green tea
ဂရင်တီးရရှိဖို့ လက်ဘက်ညွန့်ကို ကောက်စီဒေးရှင်း အနည်းဆုံးဖြစ်အောင်
လုပ်ရပါတယ် ။
ခူးပြီးပြီးချင်း ရေနွေးငွေ့ပေးခြင်း ( ဂျပန်နည်း ) ၊ လှော်ခြင်း ( တရုတ်နည်း ) လုပ်ပါတယ် ၊
လက်ဘက်ညွန့်များ ခြောက်ပြီး လိပ်သွားအောင် ထားလိုက်ပါတယ် ။
နည်းစံနစ်မှန်မှန် တိတိကျကျ လုပ်ကိုင်ရင် အရောင်လှပြီး အနံ့အရသာနဲ့ ပြည့်စုံတဲ့
ဂရင်းတီးရပါတယ် ။

ဂရင်းတီးရဖို့ စိုက်ပျိုးရာမှာ ၂မျိုးရှိပါတယ် ။
နရောင်ထဲမှာ စိုက်ပျိုးနည်း နဲ့ အရိပ်အောက်မှာ စိုက်ပျိုးနည်း တို့ဖြစ်ပါတယ် ။
အပင်ပျားကို အတန်းလိုက် စိုက်ပါတယ် ။
အခက်အလက်များကို ခုတ်ထွင်ပေးပြီး အညွန့်များ ပုံစံတကျထွက်လာအောင်လုပ်ပါတယ် ။
တစ်နှစ်မှာ ၃ကြိမ် ခူးရပါတယ် ။
ပထမအကြိမ်ကို ဧပြီလနောက်ပိုင်းနဲ့ မေလအစောပိုင်းမှာ ခူးပါတယ် ။
ဒုတိယအကြိမ်ကို ဇွန်လ နဲ့ ဇူလိုင်လတွေမှာ ခူးပါတယ် ။
တတိယအကြိမ်ကို ဇူလိုင်နောက်ပိုင်းနဲ့ သြဂုတ်လမှာ ခူးပါတယ် ။
တခါတရံ စတုတ္ထအကြိမ်လည်း ခူးပါသေးတယ် ။

ပထမအကြိမ်ခူးတဲ့ လက်ဘက်ညွန့်က အရည်အသွေး အကာင်းဆုံးဖြစ်ပါတယ် ။
ဒီလို စိုက်ပျိုးပုံ ၊ ခူးပုံ ၊ ပြုပြင်မွန်းမံပုံ ကောင်းရင် ပိုလီဖီနော of polyphenols နဲ့
အငွေ့ပျံလွယ်သော volatile organic compounds  ကို များများစားစား ထိန်းထားနိုင်လို့
အနံ့အရသာ ပိုကောင်းပါတယ် ။

ပြုပြင်မွန်းမံပုံက ရှေးရိုးနည်း ခေတ်ပေါ်နည်း ရှိပါသေးတယ် ။
ရှေးရိုးနည်းကတော့ နေလှမ်းခြင်း ၊ ဒယ်နဲ့လှော်ခြင်း ၊ တောင်ထဲမှာ မီးသွေးမီးနဲ့
အပူတိုက်ခြင်းတို့ ဖြစ်ပါတယ် ။
ခေတ်ပေါ်နည်းကတော့ ဖိုနဲ့အခြောက်ခံခြင်း ၊ လှည့်မွှေခြင်း ၊ ရေနွေးငွေ့ပေးခြင်းတို့
ဖြစ်ပါတယ် ။
ပြုပြင်ပြီးတဲ့ဂရင်းတီးကို စိုထိုင်းဆနည်းနည်းနဲ့ ၃၀-၆၀ ကီလိုဂရမ်ကို စက္ကူအိတ်များနဲ့
ထည့်ပြီး ၀-၅ ဒီဂရီ စင်တီဂရိတ် ( ၃၂-၄၁ ဖာရင်ဟိုက် ) မှာ သိုလှောင်ထားပါတယ် ။
နောက်ဆုံး သန့်စင်ခြင်း ၊ အပူပေးခြင်း တို့လုပ်ဆောင်ပြီး ထုပ်ပိုးခြင်း လုပ်ပါတယ် ။

.

ဘလက္တီး Black Tea
လဘက်တီး ပြုလုပ်ပုံကတော့
အညွန့်များခူးပြီးနောက် လေမှုတ်ပေးပြီး ညှိုးစေပါတယ် ။
ထို့နောက် CTC နည်းဖြစ်တဲ့ ချေခြင်း Crush ၊ စုတ်ဖြဲခြင်း Tear ၊ လိပ်စေခြင်း Curl
တို့လုပ်ပါတယ် ။
နောက်တနည်းက ရှေးရိုးနည်း Orthodox နည်းဖြစ်ပါတယ် ။
အရွက်များကို လက်နဲ့ဖြစ်စေ ၊ စက်နဲ့ဖြစ်စေ ရိုတာဒလက်နဲ့ မွှေ့ပါတယ် ၊
Rotovane စက်ဒလက်လို့ခေါ်ပါတယ် ၊ အရွက်များဟာ ကျိုးကြေပြတ်ကုန်ပါတယ် ။

အရွက်ကြေများကို သတ်မှတ်ထားတဲ့ စိုထိုင်းဆ နဲ့ အပူချိန်မှာ အောက်ဆီဒေးရှင်း
အောက်စီဒေးရှင်း အပြည့်အဝဖြစ်စေပါတယ် ။
ရဓါတ်များ အငွေ့ပျံပြီး လေထဲမှ အာက်ဆီဂျင်ကို စုပ်ယူပါတယ် ။
အညွန့်များ ညိုမည်းသွားပြီး အရောင်နဲ့ အရသာ ပိုရင့်ပြီး ထင်ရှားလာပါတယ် ။
ကဖင်း caffeine ပါဝင်မှုမှာ အခြားတီးအမျိုးများထက် ၅၀-၆၅% ပိုပါပါတယ် ။
ဘလက်တီးဟာ လက်ဘက်ရည် အချိုခြောက်ဖြစ်ပါတယ် ။

ညိုမှောင်သောတီး Dark Tea
Dark tea ကတော့ ဟူနန် Hunan နဲ့ စီချွန် Sichuan နယ်ကထွက်ပါတယ် ။
အနံ့အရသာ ပြည်စုံတဲ့ flavorful သက်ရင့် အချဉ်ဖာက် (aged probiotic )ထားတဲ့
ဘလက်တီး tea ဖြစ်ပါတယ် ။

.

ဦလောင်တီး Oolong Tea
ဦလောင်တီး Oolong Tea သို့မဟုတ် ဝူလောင်တီး wulong tea) ကတော့
အောက်ဆီဒေးရှင်း အနည်းငယ် partial oxidation သာ လုပ်ထားပါတယ် ။
ကဖင်း caffeine ပါဝင်မှုက ဂရင်းတီး green teas နဲ့ ဘလက်တီး black teas
ကြားမှာ ရှိပါတယ် ။
ဦလောင်းoolong (wulong) teas တီး အရသာက ဘလက်တီးလောက်လည်း မပြင်း ၊
ဂရင်းတီးလောက်လည်း မပျော့ပါဘူး ။

.

ဝှိုက်တီး White Tea
ဝှိုက်တီး White Tea ကတော့ အနူးညံ့ဆုံးဖြစ်ပါတယ် ။
အဖူးအညွန့် အနုလေးများကို လက်နဲ့သာ လုပ်ဆောင်ပါတယ် ။
လုံးဝ အောက်ဆီဒေးရှင်း အဖြစ်မခံပါဘူး ။
မပွင့်အာသေးသောအဖူးများ အညွန့်နုလေးများကို ခူးပြီးတာနဲ့ နေလှမ်း
အခြောက်ခံပါတယ် ၊
သို့မဟုတ် ရေနွေးငွေ့ ဖြစ်စေ မီနဲ့ဖြစ်စေ အပူပေးပါတယ် ။
ဝှိုက်တီးအရွက်လေးများဟာ လိပ်မသွားပါဘူး ။
အနံ့အရသာဟာ ဂရင်းတီး ဘလက်တီးတို့လို မပြင်းပါဘူး ။
ကဖင်း caffeine ပါဝင်မှုကတော့ မလျော့နည်းပါဘူး ။
အရင်က တရုတ် ဖူဂျန်နယ် Fujian province မှာသာ ထုတ်လုပ်သော်လည်း
ယခု နီပေါ ၊ တိုင်ဝန် ၊ ထိုင်းမြောက်ပိုင်း ၊ သီရိလင်္ကာတာင်ပိုင်း နဲ့ အိန္ဒိယ တို့မှာ
ထုတ်လုပ်နေပါပြီ ။

.

ပြူအာတီး Puer Tea
ပြူအာတီး Puer tea က သက်ရင့် ဘလက်တီး ဖြစ်ပါတယ် ။
ဆေးဘက်ဝင်သတ္တိကြာင့် တန်ဖိုးကြီးပါတယ် ။
ပြုပြင်ထုတ်လုပ်ပုံကို အစိုးရက လျှို့ဝှက်ထိန်းချုပ်ထားပါတယ် ။
အနံ့အရသာ အလွန်ပြည့်စုံပြီး လုံးလုံးမခါးပါဘူး ။

.

ရဲလိုးတီး Yellow Tea
ရဲလိုးတီးး က ရှားတဲ့အမျိုးဖြစ်ပါတယ် ။
ဂရင်းတီး အရောင်အဆင်း အရသာနဲ့ ဆင်တူပါတယ် ။
အရွက်များကို ဖြေးနှေးစွာ အောက်ဆီဒးရှင်း ဖြစ်စေပါတယ် ။
အရွက်များ ခြောက်လာတဲ့အခါ အဝါရောင်သန်းလာပါတယ် ။
ဂရင်းတီးလို မြက်နံ့ မရစေအောင် ရဲလိုးတီးကို ထုတ်လုပ်တာပါ ။
အစာအိမ်နဲ့ ပိုအဆင်ပြပြီး ကျန်းမာရေးအတွက် ပိုကောင်းပါတယ် ။

.

ကျန်းမာချမ်းသာကြပါစေ

ဒေါက်တာမြင့်သိန်း
7/9/2018

Comments

Popular posts from this blog

အဘိဏှသုတ် (ပါဠိ - မြန်မာ)

" M.T.Hla ဟု ကျော်ကြားသော ပန်းချီဦးထွန်းလှ "

ဓူဝံကြယ် (သို့) Polaris အကြောင်း