Pizza (ပီဇာမုန့်)
" Pizza (ပီဇာမုန့်)
"
ပီဇာဆိုတဲ့ စကားလုံးက "ပိုင်မုန့်" (pie) လို့ အဓိပ္ပာယ်ရတဲ့ အီတာလျှံ စကားဖြစ်ပါတယ်။ ဒါပေမဲ့ ဒီစကားလုံးက အီတာလျှံ စကားဘယ်လိုဖြစ်သွားလဲဆိုတာကတော့ ဝေါဟာရသမိုင်းပညာရှင်များကို အံ့အားသင့်စေပါတယ်။ ၄င်းသည် "pitch" လို့ အဓိပ္ပာယ်ရတဲ့ လက်တင်စကား pix (သို့) ဂရိစကား pitta မှ ဆင်းသက်လာတာဖြစ်နိုင်ပါတယ်။ သို့သော် တခြားသော သူတွေကတော့ ၄င်းသည် 'bite' (ကိုက်သည်) လို့ အဓိပ္ပာယ်ရတဲ့ Langobardic စကားလုံး bizzo မှ ဆင်းသက်လာတယ်လို့ ပြောကြပါတယ်။
အများယုံကြည်တာကတော့ အီတာလျှံ လူမျိုးတွေက pizza ကို တီထွင်ခဲ့တယ် လို့ ဖြစ်ပါတယ်။ ဒါပေမဲ့ baked bread with toppings အပေါ်ယံမှာ တန်ဆာဆင်ထားပြီး ကင်ထားတဲ့ ပေါင်မုန့်က တခြားသော cuisines အစားအစာတွေထဲမှာ အခြားသော ရှေ့ပြေးတွေ အများကြီးရှိပါတယ်။ Provence (ပြင်သစ်) မှ pissaladière, Catalan (စပိန်) မှ Coca နှင့် အရှေ့အလယ်ပိုင်း (Middle East) မှ Lahma bi ajeen တို့သည် pizza နှင့် အံ့သြလောက်အောင် တူနေသော်လည်း ကျွန်ုပ်တို့ အသိများတာကတော့ အီတလီရဲ့ အထူးသဖြင့် Naples မြို့မှ pizza မူကွဲပဲဖြစ်ပါတယ်။
အဆိုအရတော့ tomato sauce ခရမ်းချဉ်သီးဆော့နှင့် Mozarella ဒိန်ခဲတို့ဖြင့် ထူထူလေးအုပ်ထားပြီး၊ အပေါ်မျက်နှာပြင်ကို ဖုံးမထားသော ပိုင်မုန့်ဖြစ်သည်။ ဒီသမရိုးကျ pizza ကို မုန့်ဖုတ်သမား Raffaele Esposito က Naples သို့ ယူခဲ့ပါတယ်။ ၁၈၈၉ ခုနစ်တွင် ထိုသူက မျိုးချစ်စိတ်ဖော်ပြသော pizza ကို လုပ်ခဲ့ပါသည်။ ထို pizza ပေါ်မှာ အုပ်ထားသော mozzarella ဒိန်ခဲ၊ basil ပင်စိမ်းနှင့် tomatoes ခရမ်းချဉ်သီးတို့အရောင်မှာ အီတလီနိုင်ငံ၏ အလံရှိ အရောင်များဖြစ်ပြီး ထို pie ကို ဘုရင် Umberto နှင့် ဘုရင်မ Margherita တို့ လာရောက် လည်ပတ်ခြင်းကို ဂုဏ်ပြုသောအားဖြင့် ဖုတ်လုပ်ခဲ့ခြင်းဖြစ်ပါတယ်။ ကောလာဟလ ဖြစ်နေတာကတော့ ဘုရင်မက ထိုမုန့်ကို နှစ်သက်ခဲ့တဲ့အတွက် ၄င်းကို Margherita ဟု အမည်ပေးခဲ့တယ် ဆိုတာပါပဲ။ ယခုဆိုရင်တော့ Margherita Pizza ကို ပီဇာဆိုင်တိုင်းမှာ ရနိုင်နေပါပြီ။
အမေရိကန်နိုင်ငံမှာကတော့ အီတလီမှ ပြောင်းရွှေ့လာခဲ့သော အီတာလျှံလူမျိုးများက သူတို့၏ ဆိုင်များတွင် Pizza များကို ရောင်းချခဲ့ပြီး ပထမဦးဆုံး သော ပီဇာမုန့်ဆိုင်ကို ၁၉၀၅ ခုနှစ်တွင် Gennaro Lombardi ဆိုသူက New York မြို့ရှိ 531/3 Spring Street ၌ ဖွင့်ခဲ့သော်လည်း အမေရိကန် ပြည်ထောင်စုတွင် ဒုတိယကမ္ဘာစစ်ဖြစ်သည်အထိ ခေတ်စားခြင်းမရှိခဲ့ပါ။ အီတလီတွင် စစ်စခန်းချရာ၌ တာဝန်ကျသော အမေရိကန်နှင့် ဥရောပစစ်သား အများအပြားတို့က pizza ကို စားပြီးနောက် ယခုအခါတွင် နေရာတိုင်းမှာ တွေ့နေရသော ဒီအစားအစာကို စားချင်သော appetite အာသီသကို သူတို့နှင့်အတူ အိမ်ကို သယ်ဆောင်ခဲ့ပါသည်။
.
Blog.dictionary.com မှ Word Fact: What’s The Origin of Pizza? ကို ကိုးကားဘာသာပြန်ဆိုထားခြင်းဖြစ်ပါသည်။

Comments
Post a Comment