ဒေဝါလီနေ့ (ဒီပါဝလီနေ့) အကြောင်း သိကောင်းစရာ

" ဒေဝါလီနေ့ (ဒီပါဝလီနေ့) အကြောင်း သိကောင်းစရာ ''






ဒေဝါလီနေ့ (ဒီပါဝလီနေ့) ဆိုတာ မြန်မာနိုင်ငံမှာ တရားဝင် ရုံးပိတ်ရက် တစ်ခု ဖြစ်ပါတယ်။ အဲသလို တရားဝင် ရုံးပိတ်ရက်အဖြစ် သတ်မှတ်ကြတာ တစ်ကမ်ဘာလုံးမှာ ဆယ်နိုင်ငံဝန်းကျင်ပဲ ရှိပါတယ်။

 ဒေဝါလီနေ့လို့ ဘာကြောင့် ခေါ်ရတာလဲ။
သက္ကတဘာသာစကားမှာ ဒီပါဝလီ ဆိုတဲ့ စကားလုံးက ဒီပါ (ဆီမီး) နဲ့ ဝလိ (အစဉ်အတန်း) ဆိုတဲ့စကားလုံး နှစ်လုံးကို ပေါင်းစပ်ထားတာပါ။ အဲဒါကိုပဲ ဟင်ဒူစကားနဲ့ဆိုရင် ဒေဝါလီလို့ အသံထွက်ပါတယ်။ ဆီမီးတန်းပွဲတော်လို့ပဲ အဓိပ္ပါယ်ရပါတယ်။

ဘယ်သူတွေက မီးထွန်းကြတာလဲ။
ဒေဝါလီနေ့ကို ဟိန္ဒူ၊ ဆစ်ခ်၊ ဂျိန်းနဲ့ နီဝါဗုဒ္ဓဘာသာဝင်တွေက ဆီးမီးခွက်တွေထွန်းပြီး ဆင်နွှဲကျင်းပကြပါတယ်။
 ဘာကြောင့် ဒေဝါလီနေ့ ဖြစ်လာရတာလဲ။
အိန္ဒိယတိုက်ငယ်ပေါ်မှာ ပေါ်ထွန်းလာတဲ့ အထက်ပါ ဘာသာရေးတွေမှာ ဒေဝါလီနေ့ကို ဆင်နွဲဖို့ သူ့အကြောင်းနဲ့သူ သတ်မှတ်ထားကြပါတယ်။ အဲဒီလို သတ်မှတ်ပုံတွေကလည်း ကွဲပြားပါတယ်။

ဟိန္ဒူဘာသာဝင်တို့က လက်ခံဆင်နွဲတဲ့ အခြေခံယုံကြည်မှု နှစ်ခု ရှိပါတယ်။ အဲဒီထဲက ပထမတစ်ခုကတော့ ရာမဇာတ်နဲ့ပတ်သက်ပါတယ်။ ရာမယနဇာတ်ကို မြန်မာနိုင်ငံသား အတော်များများ သိကြပါတယ်။ ဒါ့ထက်ပိုပြီး တိတိကျကျ ပြောရရင် ရာမ၊ လက္ခဏ ညီနောင်၊ သီတာဒေဝီနဲ့ ဒဿဂီရိလို့ ခေါ်တဲ့ ရာဝဏတို့၊ ဒါ့အပြင် ဟာနုမာန် မျောက်မင်း၊ သုကျိတ်နဲ့ဘာလီ မျောက်ညီနောင်တို့ကိုလည်း ကြားဖူးကြပါလိမ့်မယ်။ ရာမမင်းသားက လေးတင်ပွဲမှာ အောင်မြင်ခဲ့တဲ့အတွက် မယ်သီတာကို သိမ်းမြန်းလက်ထပ်နိုင်ပြီးတဲ့နောက် တောလမ်းခရီးတစ်နေရာမှာ သီတာဒေဝီ (မယ်သီတာ) ကို စည်းသုံးတန်တားလို့ ရာမ၊ လက္ခဏ ညီနောင်က တောလှည့်ထွက်တုန်း ဒဿဂီရိက မယ်သီတာကို လှည့်စားခေါ်ယူသွားခဲ့တာဟာ ရာမဇာတ်ရဲ့ အထင်ရှားဆုံး ပြကွက်တစ်ခုပါပဲ။

အဲဒီနောက်မှာ ဒဿဂီရိဆီကနေ မယ်သီတာကို ပြန်လည်သိမ်းပိုက်နိုင်ဖို့ ရာမ၊ လက္ခဏညီနောင်တို့ လင်္ကာဒီပကျွန်းကို သွားတိုက်ခိုက်ပြီး အောင်ပွဲဆင်လို့ ပြန်လာတဲ့အခါ တိုင်းသူပြည်သားတွေက ညအခါ ဆီမီးထွန်းညှိပြီး ကြိုဆိုကြပါတယ်။

ဒုတိယ ယုံကြည်မှုတစ်ခုကတော့ ဟိန္ဒူဘာသာဝင်တို့ရဲ့ ဓနဥစ္စာ ပေါကြွယ်ဝခြင်း ဘုရားမ တစ်ပါးဖြစ်တဲ့ လခ်ျမီး မယ်တော်နဲ့ ဆက်နွယ်နေပါတယ်။ မယ်တော် လခ်ျမီးဟာ ဟိန္ဒူတို့ရဲ့ အထွတ်အမြတ်ထားရာ ဘုရားသုံးပါးထဲက တစ်ပါးဖြစ်တဲ့ ဗိဿနိုးရဲ့ ကြင်ရာတော်လည်း ဖြစ်ပါတယ်။ ဒေဝါလီပွဲတော်ကို ငါးရက်တိုင်တိုင် ကျင်းပပြီး ပထမဆုံးနေ့ဟာ လခ်ျမီးမယ်တော် ဖွားသန့်စင်တဲ့နေ့လို့ သတ်မှတ်သလို အဓိက ဒေဝါလီရက်ကိုတော့ မယ်တော် လခ်ျမီးက အရှင်ဗိဿနိုးကို လက်ဆက်တဲ့နေ့ ဖြစ်တယ်လို့ ယုံကြည်ကြပါတယ်။ အဲဒီပွဲတော်ရက်တွေမှာ လခ်ျမီးမယ်တော်သာမက အတားအဆီး အနှောင့်အယှက်များကို အကြောက်အရွံ့ အတွန့်အဆုတ်မရှိ ဖယ်ရှားတော်မူစွမ်းသော ဂနေရှ် (မဟာပိန္နဲ လို့ မြန်မာများ သိထားကြပါတယ်)၊ ဂီတ၊ စာပေနဲ့ လေ့လာသင်ယူမှုတို့ ကိန်းဝပ်တော်မူသော သူရဿတီတို့ကိုပါ ပူဇော်ကြပါတယ်။
 တခြား လက်ခံပုံ၊ ယုံကြည်ပုံ၊ ပူဇော်ပုံ၊ ဆင်နွှဲပုံတွေ အမျိုးမျိုး ကွဲပြားစုံလင်စွာ ရှိနေပေမယ့် ဒေဝါလီပွဲတော်ရဲ့ အနှစ်သာရတော့
မတရားမှုကို တရားက အောင်မြဲတည်း၊ အမှောင်ကို အလင်းက အောင်မြဲတည်း၊ သေဆုံးခြင်းကို မသေဆုံးနိုင်သည့် အမတသဘောက အောင်မြင်ခြင်းလို့ ဘုံအားဖြင့် လက်ခံထားကြကြောင်းပါ။

 ဒီပွဲတော်ဟာ ငြိမ်းချမ်းသာယာခြင်းကို သင်္ကေတပြုတဲ့ ပွဲတော်လို့လည်း ဆိုနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ပွဲတော်ကို မတူညီတဲ့ ဘာသာတရားတွေက ဆင်နွှဲပါဝင်ကြသလို ဒီရက်အခါမှာ နယ်စပ်မှာရှိနေတဲ့ အိန္ဒိယ စစ်တပ်က ပါကစ္စတန် စစ်တပ်ကို အိန္ဒိယနိုင်ငံလုပ် မုန့်အချိုတွေ သွားပို့ကြပြီး၊ ပါကစ္စတန်စစ်တပ်ကလည်း ပါကစ္စတန်လုပ် မုန့်အချိုတွေ ပြန်လည်လက်ဆောင်ပေးကြလို့ပါပဲ။

_

(ZG)

" ဒေဝါလီနေ့ (ဒီပါဝလီနေ့) အကြောင်း သိကောင်းစရာ ''

ဒေဝါလီနေ့ (ဒီပါဝလီနေ့) ဆိုတာ မြန်မာနိုင်ငံမှာ တရားဝင် ရုံးပိတ်ရက် တစ်ခု ဖြစ်ပါတယ်။ အဲသလို တရားဝင် ရုံးပိတ်ရက်အဖြစ် သတ်မှတ်ကြတာ တစ်ကမ္ဘာလုံးမှာ ဆယ်နိုင်ငံဝန်းကျင်ပဲ ရှိပါတယ်။

 ဒေဝါလီနေ့လို့ ဘာကြောင့် ခေါ်ရတာလဲ။
သက္ကတဘာသာစကားမှာ ဒီပါဝလီ ဆိုတဲ့ စကားလုံးက ဒီပါ (ဆီမီး) နဲ့ ဝလိ (အစဉ်အတန်း) ဆိုတဲ့စကားလုံး နှစ်လုံးကို ပေါင်းစပ်ထားတာပါ။ အဲဒါကိုပဲ ဟင်ဒူစကားနဲ့ဆိုရင် ဒေဝါလီလို့ အသံထွက်ပါတယ်။ ဆီမီးတန်းပွဲတော်လို့ပဲ အဓိပ္ပါယ်ရပါတယ်။

ဘယ်သူတွေက မီးထွန်းကြတာလဲ။
ဒေဝါလီနေ့ကို ဟိန္ဒူ၊ ဆစ်ခ်၊ ဂျိန်းနဲ့ နီဝါဗုဒ္ဓဘာသာဝင်တွေက ဆီးမီးခွက်တွေထွန်းပြီး ဆင်နွှဲကျင်းပကြပါတယ်။
 ဘာကြောင့် ဒေဝါလီနေ့ ဖြစ်လာရတာလဲ။
အိန္ဒိယတိုက်ငယ်ပေါ်မှာ ပေါ်ထွန်းလာတဲ့ အထက်ပါ ဘာသာရေးတွေမှာ ဒေဝါလီနေ့ကို ဆင်နွဲဖို့ သူ့အကြောင်းနဲ့သူ သတ်မှတ်ထားကြပါတယ်။ အဲဒီလို သတ်မှတ်ပုံတွေကလည်း ကွဲပြားပါတယ်။

ဟိန္ဒူဘာသာဝင်တို့က လက်ခံဆင်နွဲတဲ့ အခြေခံယုံကြည်မှု နှစ်ခု ရှိပါတယ်။ အဲဒီထဲက ပထမတစ်ခုကတော့ ရာမဇာတ်နဲ့ပတ်သက်ပါတယ်။ ရာမယနဇာတ်ကို မြန်မာနိုင်ငံသား အတော်များများ သိကြပါတယ်။ ဒါ့ထက်ပိုပြီး တိတိကျကျ ပြောရရင် ရာမ၊ လက္ခဏ ညီနောင်၊ သီတာဒေဝီနဲ့ ဒဿဂီရိလို့ ခေါ်တဲ့ ရာဝဏတို့၊ ဒါ့အပြင် ဟာနုမာန် မျောက်မင်း၊ သုကျိတ်နဲ့ဘာလီ မျောက်ညီနောင်တို့ကိုလည်း ကြားဖူးကြပါလိမ့်မယ်။ ရာမမင်းသားက လေးတင်ပွဲမှာ အောင်မြင်ခဲ့တဲ့အတွက် မယ်သီတာကို သိမ်းမြန်းလက်ထပ်နိုင်ပြီးတဲ့နောက် တောလမ်းခရီးတစ်နေရာမှာ သီတာဒေဝီ (မယ်သီတာ) ကို စည်းသုံးတန်တားလို့ ရာမ၊ လက္ခဏ ညီနောင်က တောလှည့်ထွက်တုန်း ဒဿဂီရိက မယ်သီတာကို လှည့်စားခေါ်ယူသွားခဲ့တာဟာ ရာမဇာတ်ရဲ့ အထင်ရှားဆုံး ပြကွက်တစ်ခုပါပဲ။

အဲဒီနောက်မှာ ဒဿဂီရိဆီကနေ မယ်သီတာကို ပြန်လည်သိမ်းပိုက်နိုင်ဖို့ ရာမ၊ လက္ခဏညီနောင်တို့ လင်္ကာဒီပကျွန်းကို သွားတိုက်ခိုက်ပြီး အောင်ပွဲဆင်လို့ ပြန်လာတဲ့အခါ တိုင်းသူပြည်သားတွေက ညအခါ ဆီမီးထွန်းညှိပြီး ကြိုဆိုကြပါတယ်။

ဒုတိယ ယုံကြည်မှုတစ်ခုကတော့ ဟိန္ဒူဘာသာဝင်တို့ရဲ့ ဓနဥစ္စာ ပေါကြွယ်ဝခြင်း ဘုရားမ တစ်ပါးဖြစ်တဲ့ လခ်ျမီး မယ်တော်နဲ့ ဆက်နွယ်နေပါတယ်။ မယ်တော် လခ်ျမီးဟာ ဟိန္ဒူတို့ရဲ့ အထွတ်အမြတ်ထားရာ ဘုရားသုံးပါးထဲက တစ်ပါးဖြစ်တဲ့ ဗိဿနိုးရဲ့ ကြင်ရာတော်လည်း ဖြစ်ပါတယ်။ ဒေဝါလီပွဲတော်ကို ငါးရက်တိုင်တိုင် ကျင်းပပြီး ပထမဆုံးနေ့ဟာ လခ်ျမီးမယ်တော် ဖွားသန့်စင်တဲ့နေ့လို့ သတ်မှတ်သလို အဓိက ဒေဝါလီရက်ကိုတော့ မယ်တော် လခ်ျမီးက အရှင်ဗိဿနိုးကို လက်ဆက်တဲ့နေ့ ဖြစ်တယ်လို့ ယုံကြည်ကြပါတယ်။ အဲဒီပွဲတော်ရက်တွေမှာ လခ်ျမီးမယ်တော်သာမက အတားအဆီး အနှောင့်အယှက်များကို အကြောက်အရွံ့ အတွန့်အဆုတ်မရှိ ဖယ်ရှားတော်မူစွမ်းသော ဂနေရှ် (မဟာပိန္နဲ လို့ မြန်မာများ သိထားကြပါတယ်)၊ ဂီတ၊ စာပေနဲ့ လေ့လာသင်ယူမှုတို့ ကိန်းဝပ်တော်မူသော သူရဿတီတို့ကိုပါ ပူဇော်ကြပါတယ်။
 တခြား လက်ခံပုံ၊ ယုံကြည်ပုံ၊ ပူဇော်ပုံ၊ ဆင်နွှဲပုံတွေ အမျိုးမျိုး ကွဲပြားစုံလင်စွာ ရှိနေပေမယ့် ဒေဝါလီပွဲတော်ရဲ့ အနှစ်သာရတော့
မတရားမှုကို တရားက အောင်မြဲတည်း၊ အမှောင်ကို အလင်းက အောင်မြဲတည်း၊ သေဆုံးခြင်းကို မသေဆုံးနိုင်သည့် အမတသဘောက အောင်မြင်ခြင်းလို့ ဘုံအားဖြင့် လက်ခံထားကြကြောင်းပါ။

 ဒီပွဲတော်ဟာ ငြိမ်းချမ်းသာယာခြင်းကို သင်္ကေတပြုတဲ့ ပွဲတော်လို့လည်း ဆိုနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ပွဲတော်ကို မတူညီတဲ့ ဘာသာတရားတွေက ဆင်နွှဲပါဝင်ကြသလို ဒီရက်အခါမှာ နယ်စပ်မှာရှိနေတဲ့ အိန္ဒိယ စစ်တပ်က ပါကစ္စတန် စစ်တပ်ကို အိန္ဒိယနိုင်ငံလုပ် မုန့်အချိုတွေ သွားပို့ကြပြီး၊ ပါကစ္စတန်စစ်တပ်ကလည်း ပါကစ္စတန်လုပ် မုန့်အချိုတွေ ပြန်လည်လက်ဆောင်ပေးကြလို့ပါပဲ။

#credit_Original_Post_Owner

Comments

  1. မင်္ဂလာပါအစ်ကို

    web hosting နဲ့ ပတ်သက်ပြီး free offer တစ်ခု လုပ်ပါရစေ
    (blogger သီးသန့်)
    https://mysteryhosting.net မှာ sign up လုပ်ပြီးတော့ မိမိ ကြိုက် နှစ်သက်ရာ domain( .com) နှင့် webhosting starter package ကို အခမဲ့ offer ပေးပါမည်

    Private Blogger Offer သာ ဖြစ် သဖြင့် promo code အား sign up လုပ်ပြီး ဆက်သွယ်ခြင်းဖြင့် ရယူနိုင်ပါပြီ


    ReplyDelete

Post a Comment

Popular posts from this blog

အဘိဏှသုတ် (ပါဠိ - မြန်မာ)

တာ၀တိံသာ နတ်ပြည်မကြွခင် အခြေအနေများ