မတ်ဗုဒ္ဓ၏ နေ့စဉ်ကိစ္စ ငါးပါး '
' မြတ်ဗုဒ္ဓ၏ နေ့စဉ်ကိစ္စ ငါးပါး '
၁။ ပုရေဘတ္တကိစ္စ = နံနက်ပိုင်း၌ ဆွမ်းခံကြွတော်မူခြင်း၊ အလှူရှင်တို့အား အခွင့်အားလျော်စွာ အနုမောဒနာပြုခြင်းကိစ္စ။
၂။ ပစ္ဆာဘတ္တကိစ္စ = နေလွဲအခါ ညပိုင်း၌ ပူဇော်ရန်လာကြသော ဒါယကာ၊ ဒါယိကာမတို့၏ အပူဇော်ကို ခံလျက် အခွင့်အားလျော်စွာ ဒေသနာဓမ္မ ဟောပြတော်မူခြင်းကိစ္စ။
၃။ ပုရိမယာမကိစ္စ = ညဥ့်ဦးယံ၌ ရဟန်းပရိသတ်တို့အား တရားဟောခြင်း၊ ကမ္မဌာန်းပေးခြင်း စသောကိစ္စ။
၎။ မဇ္ဈိမယာမကိစ္စ = သန်းခေါင်ယံ၌ စကြ၀ဠာတိုက်တစ်သောင်းမှ စည်းဝေးလာရောက်ကုန်သော
နတ်ဗြဟ္မာအပေါင်းတို့၏ အမေးပုစ္ဆာ ပြဿနာတို့ကို ဖြေဆိုတော်မူခြင်းစသော ကိစ္စ။
၅။ မစ္ဆိယာမကိစ္စ = မိုးသောက်ယံ၏ သုံးစုတစ်စုတွင် ပထမအစု၌ စင်္ကြံကြွတော်မူခြင်း၊ ဒုတိယအစု၌ သီဟသေယျဖြင့်လက်ျာနံတောင်း လျောင်းစက်တော်မူခြင်း၊ တတိယအစု၌ မဟာဂရုဏာတော်ဖြင့် စတုတ္ထဈာန်သမာပတ်ကို ၀င်စားတော်မူ၍ ထိုမဟာဂရုဏာ သမာပတ်မှ ထတော်မူပြီးလျှင် အရုဏ်တက်ခါနီး၌
ယနေ့ချွတ်ထိုက်သော သတ္တ၀ါကို ဗုဒ္ဓစက္ခုဉာဏ်တော်ဖြင့် လောကသုံးပါးကို ကြည့်ရှုတော်မူခြင်း စသောကိစ္စများဖြစ်ပါတယ်။

Comments
Post a Comment