ကိုလက်စထရော( cholesterol) အကြောင်းသိကောင်းစရာ

" ကိုလက်စထရော( cholesterol) အကြောင်းသိကောင်းစရာ
"

ကိုလက်စထရော( cholesterol)ဆိုတာ မိမိခန္ဒာကိုယ်မှာ အရေးကြီးတဲ့ဓာတ်တစ်မျိုးပါ။ သူဟာမိမိတို့ရဲ့ ခန္ဒာကိုယ်အတွင်းကထုတ်ပေးတဲ့ ဓါတု ကွန်ပေါင်း တစ်မျိုးဖြစ်ပြီး အသားငါးတွေမှာလည်း ကြွယ်ဝစွာပါဝင်တယ်လို့ သိရပါတယ်။ သူရဲ့ ပါဝင်မှုနှုန်းမြင့်မားတယ် မမြင့်မားဘူးဆိုတာကတော့ မိမိတို့ရဲ့စားသောက်နေထိုင်မှုပုံစံပေါ်မှာ မူတည်တယ်လို့ သိရပါတယ်။

ဒါ့အပြင် မျိုးရိုးဗီဇပေါ်မှာလည်း မူတည်တယ်လို့ ဆိုပါတယ်။  ကိုလက်စထရော( cholesterol)  မြင့်မားခြင်းမှာ ရောဂါလက္ခဏာပြတယ်လို့တော့မရှိပါဘူး။ ကိုလက်စထရော( cholesterol) ဟာ မိမိတို့အတွက် ရန်သူဖြစ်သလို မိတ်ဆွေလည်းဖြစ်ပါတယ်။ သူဟာ ပါဝင်မှု သာမန်အဆင့်မှာတော့ မိမိတို့အတွက်ကောင်းကျိုးတွေပေးနေပေမယ့် ပါဝင်မှုများလာရင်တော့ မိမိတို့အတွက် အသံတိတ်လူသတ်သမားပါလို့ သုတေတသီတွေက ဆိုပါတယ်။

ကိုလက်စထရော( cholesterol) ပါဝင်မှုများလာရင် နှလုံးရောဂါဖြစ်နိုင်ခြေကို အားပေးတတ်လို့ အသံတိတ်လူသတ်သမားလို့ ပြောကြတာပါ။ လူတိုင်းဟာ မိမိသွေးတွင်း ကိုလက်စထရော( cholesterol)ပါဝင်မှုကို ငါးနှစ်တစ်ခါ စစ်ဆေးသင့်တယ်လို့ဆိုပါတယ်။  ကိုလက်စထရော( cholesterol) ပါဝင်မှုမြင့်မားနေတာကို လက်လွတ်စပယ်ပြုထားမယ်ဆိုရင် ဆယ်နှစ်အတွင်း နှလုံးရောဂါဖြစ်ပွားနိုင်တယ်လို့လည်း သိရပါတယ်။

ပြီးရင်တော့ လူအဖြစ်များတဲ့ရောဂါတွေဖြစ်တဲ့ အသည်းနဲ့ ကျောက်ကပ်ရောဂါတွေအပြင် ခန္ဒာကိုယ်ကိုကြီးထွားစေတဲ့ ဟော်မုန်းတွေကို ထုတ်လုပ်ပေးတဲ့ သိုင်းရွိုက်ဂလင်းရဲ့ လုပ်ငန်းတွေကိုလည်း ရပ်တန့်လိုက်တယ်လို့ သိရပါတယ်။

ကိုလက်စထရော( cholesterol)ဟာ ဆဲလ်တိုင်းမှာပါဝင်ပြီး ဖယောင်းဆီလိုမျိုး ပုံသဏ္ဍာန်ရှိတယ်လို့ သိရပါတယ်။ သူဟာခန္ဒာကိုယ်မှာ ဘာကြောင့်အရေးကြီးရသလဲဆိုရင် သူဟာဆဲလ်နံရံတွေကို တည်ဆောက်ပေးတဲ့နေရာမှာ အသုံးဝင်ပါတယ်။ အူတွေထဲမှာရှိတဲ့ အစာခြေအက်စစ်တွေမှာလည်း သူကအဓိကဇာတ်ကောင်လည်းဖြစ်ပါတယ်။ ကိုယ်တွင်း ဗီတာမင် D နဲ့ ဟော်မုန်းတွေကိုလည်း ကိုလည်းသူကထုတ်လုပ်ပေးပါတယ်။

တကယ်လို့များ မိမိခန္ဒာကိုယ်မှာ ကိုလက်စထရော( cholesterol)များနေရင်တော့  ပဲငါးပိ ၊ ဘာလီ ၊ ပန်းဂေါ်ဖီစိမ်း ၊ အခွံမာသီးတွေနဲ့ သစ်သီးဝလံတွေကို စားသုံးပေးရမယ်လို့ သိရပါတယ်။ ဒါ့အပြင် အရက်၊ ဆေးလိပ် နဲ့ ဘီယာစတဲ့ လူနေမှုပုံစံတွေကြောင့်လည်း အဖြစ်များပါတယ်။ နှလုံးရောဂါကို ဖြစ်မှန်းမသိရခြင်းရဲ့ အကြောင်းရင်းကလည်း မိမိခန္ဒာကိုယ်မှာ ကိုလက်စထရော( cholesterol) ပါဝင်မှုနှုန်းကို မသိလို့ပဲဖြစ်တယ်လို့သိရပါတယ်။



#credit

Comments

Popular posts from this blog

အဘိဏှသုတ် (ပါဠိ - မြန်မာ)

တာ၀တိံသာ နတ်ပြည်မကြွခင် အခြေအနေများ