အသည်းအိမ်မှာ
ရာဇဝင်အထောက်အထားပမာ
နောက်တသက်ဆိုလည်း
ဘယ်လိုလဲ မြသည်းညှာ.....
စိမ်းချင်ရင်လည်း
တိမ်းချင်ရင်လည်း
ဒီလိုဆိုရင်ကွယ်
_
_
အသည်းအိမ်မှာ
သံယောဇဉ်တွယ်တာကတည်းက
မင်းကိုပေးထားဘူးတဲ့ အချစ်ကလေးတွေဟာ
ရာဇဝင်အထောက်အထားပမာ
နောက်တသက်ဆိုလည်း
ဖျောက်ဖျက်ဖို့လည်း မရကောင်းတဲ့အရာ၊
ဘယ်လိုလဲ မြသည်းညှာ.....
ပန်းနုရောင်ပန်းချီကားပေါ်မှာ အိပ်ပျော်နေသလား...
မြက်ခင်းစိမ်းစိမ်းပေါ်မှာ လမ်းလျှောက်နေပါသလား...
တခုမဟုတ်တခုတော့ ဖြစ်နေပြီထင်မိတာ၊
စိမ်းချင်ရင်လည်း
ပီပီပြင်ပြင်စိမ်းပြလိုက်ပါ
တိမ်းချင်ရင်လည်း
ပီပီပြင်ပြင်တိမ်းပြလိုက်ပါ.....
ဒီလိုဆိုရင်ကွယ်
ဟိုတခါကပေးထားဘူးတဲ့ ချစ်သွေးစိုစို
အချစ်ကလေးတွေကို သူ့နေရာသူပြန်ပြီး
သေချာစွာတကယ်ပဲရောက်အောင်
သူ့နေရာသူပြန်ပို့ပေးပါ......။
_
ရာဇဝင်အထောက်အထားပမာ
နောက်တသက်ဆိုလည်း
ဘယ်လိုလဲ မြသည်းညှာ.....
စိမ်းချင်ရင်လည်း
တိမ်းချင်ရင်လည်း
ဒီလိုဆိုရင်ကွယ်
_
_
အသည်းအိမ်မှာ
သံယောဇဉ်တွယ်တာကတည်းက
မင်းကိုပေးထားဘူးတဲ့ အချစ်ကလေးတွေဟာ
ရာဇဝင်အထောက်အထားပမာ
နောက်တသက်ဆိုလည်း
ဖျောက်ဖျက်ဖို့လည်း မရကောင်းတဲ့အရာ၊
ဘယ်လိုလဲ မြသည်းညှာ.....
ပန်းနုရောင်ပန်းချီကားပေါ်မှာ အိပ်ပျော်နေသလား...
မြက်ခင်းစိမ်းစိမ်းပေါ်မှာ လမ်းလျှောက်နေပါသလား...
တခုမဟုတ်တခုတော့ ဖြစ်နေပြီထင်မိတာ၊
စိမ်းချင်ရင်လည်း
ပီပီပြင်ပြင်စိမ်းပြလိုက်ပါ
တိမ်းချင်ရင်လည်း
ပီပီပြင်ပြင်တိမ်းပြလိုက်ပါ.....
ဒီလိုဆိုရင်ကွယ်
ဟိုတခါကပေးထားဘူးတဲ့ ချစ်သွေးစိုစို
အချစ်ကလေးတွေကို သူ့နေရာသူပြန်ပြီး
သေချာစွာတကယ်ပဲရောက်အောင်
သူ့နေရာသူပြန်ပို့ပေးပါ......။
_
Comments
Post a Comment