Android မှာ “ Insufficient Storage Available “ ပြဿနာကို ဖြေရှင်းနည်း
' Android မှာ “ Insufficient Storage Available “ ပြဿနာကို ဖြေရှင်းနည်း
'
သင့် Android Device ရဲ့ SD Card မှာ နေရာများစွာ ကျန်ရှိနေသေးပေမယ့် တစ်ခါတစ်လေမှာ Applications များကို အင်စတောလုပ်လို့ မရတဲ့ ပြဿနာကို ရင်ဆိုင်တတ်ကြပါတယ်။ အဲဒီ “ Insufficient Storage Available “ ဆိုတာ ဘာလို့ ဖြစ်တာလဲ ဆိုတာနဲ့ ဖြေရှင်းနည်းကို ရေးသားပေးလိုက်ပါတယ်။
ပြဿနာရဲ့ အကြောင်းအရင်း
App တစ်ခုကို အင်စတောလုပ်တဲ့ အခါမှာ ဒေတာအချို့ကို ဖုန်းရဲ့ Internal Memory မှာ သိမ်းကြရပါတယ်။ ဖုန်းရဲ့ SD Card မှာ နေရာများစွာ ကျန်နေသေးရင်တောင် Internal Memory မှာ နေရာ မရှိတဲ့အခါမှာ အဲဒီ ပြဿနာ ဖြစ်ပေါ်တာ ဖြစ်ပါတယ်။
ပြဿနာ ဖြေရှင်းနည်း
ဒီပြဿနာကို ဖြေရှင်းဖို့အတွက် သင့်ရဲ့ Internal Storage မှာ သိမ်းထားတဲ့ ရုပ်ရှင်၊ ဗီဒီယို၊ ဓါတ်ပုံ၊ သီချင်း စတာတွေကို SD Card ထဲ ပြောင်းထည့်ပါ။ Google Drive, Dropbox တို့လို Cloud Storage များမှာ ဖိုင်တွေ သိမ်းတာကလည်း ကောင်းမွန်တဲ့ နည်းလမ်း ဖြစ်ပါတယ်။
ဒါပေမယ့်လည်း ဖုန်းတိုင်းမှာ ဒေတာများကို SD Card ကို အလွယ်တကူ ပြောင်းလို့ မရကြပါဘူး။ အဲဒီလို ပြောင်းလို့ မရတဲ့ ဖုန်းများမှာတော့ Root လုပ်မှသာ အဆင်ပြေကြပါတယ်။ ဒါ့အပြင် ဖုန်းထုတ်လုပ်သူက ထည့်သွင်းပေးလိုက်တဲ့ Bloatware များကိုလည်း ဖယ်ရှားသင့်ပါတယ်။
နောက်ဆုံးနည်းလမ်းကတော့ သင့်ဖုန်းကို Factory Reset ပြုလုပ်ခြင်း ဖြစ်ပါတယ်။ ဒီလိုပြုလုပ်ရင် Storage နေရာများ ပြန်လည် ရရှိမှာ ဖြစ်ပါတယ်။ သင့်ဖုန်းရဲ့ အမြန်နှုန်းလည်း ပြန်လည်ကောင်းမွန်လာမှာပါ။ ဒါပေမယ့် သင့်ရဲ့ ဒေတာများကို ဖျက်ဆီးမှာ ဖြစ်တဲ့အတွက် အရင်ဆုံး Backup လုပ်ထားရမှာပါ။
.
ref : android pit

Comments
Post a Comment