Android OS ဟာ ဘာကြောင့် ကမ္ဘာတဝန်း လူသုံးအများဆုံး OS ဖြစ်လာပါသလဲ

`` Android OS ဟာ ဘာကြောင့် ကမ္ဘာ
တဝန်း လူသုံးအများဆုံး OS ဖြစ်လာပါသလဲ ´´

1. Interface UI များပြားခြင်း
===================

Google ရဲ့ Stock UI
Samsung ရဲ့ TouchWiz UX
Sony ရဲ့ Xperia UI
LG ရဲ့ G Flat UI
HTC ရဲ့ Sense UI
Huawei ရဲ့ Emotion UI
Xiaomi ရဲ့ MIUI
Oppo ရဲ့ Colour UI
Asus ရဲ့ Zen UI
Nokia ရဲ့ Nokia UI ( Z Launcher ) အစရှိသဖြင့် မြောက်မြားစွာသော Interface UI များရှိသည်။ ထို Interface UI များကိုလည်း ကိုယ်ကြိုက်သလိုအသုံးပြုနိုင်သည်။ ( Root is required for Some UIs ) ထို့အပြင် Third Party Launcher များလည်းရှိသောကြောင့်ဖြစ်သည်။ Eg. Go Launcher, APUS Launcher, Nova Launcher

2. Software Update များပြားခြင်း
========================

Google သည် နှစ်တစ်နှစ်တာအတောအတွင်း Android OS Update များစွာထုတ်ပေးလျက်ရှိသည်။ ဥပမာ - 2013 ခုနှစ်တွင် Android 4.1.2 JellyBean, Android 4.2 JellyBean, Android 4.3 JellyBean & Android 4.4 Kikat

3. ဈေးနှုန်းသက်သာပြီး Specs ကောင်းကောင်းရသော ဖုန်းများရှိခြင်း။
===========================================

ဈေးနှုန်းကြီးမြင့်သော Android Phone များ မဝယ်ယူနိုင်သူများအဖို့၊ ဖုန်းအဟောင်းဝယ်မသုံးချင်သူများအဖို့၊ Android Phone ကောင်းကောင်းလေးတွေရှိပါတယ်။ Eg. Honor 3C 2GB Edition, Honor 3C Play Edition, Honor 3C 4G, Honor 4 Play ( Honor Holly ), Honor 4X တို့အပြင် Xiaomi ၏ Mi3, Redmi 1S, Redmi Note, Oppo ကထုတ်သော ဖုန်းတို့လည်းရှိပါသည်။

4. Software Update 18 months ကျော်လွန်၍ Official Update မရတော့သော်လည်း Custom ROM များရှိခြင်း
=======================================================================================

Software Update မရတော့လို့ သက်ဆိုင်ရာ OEMs တွေက Support မလုပ်တော့လို့ စိတ်မပူပါနဲ့။ Cyanogen, AOSP, MIUI တို့လို Custom ROM နာမည်ကြီး Developer Team တွေရှိပါသည်။ အထူးသဖြင့် MIUI သည် MTK ဟုခေါ်သော MediaTek CPU အမျိုးအစားသုံး Huawei Phone တွေအတွက်ပါ Custom Stable ROM တွေထုတ်ပေးလေ့ရှိပါသည်။

5. မြောက်မြားစွာသော Brands တွေက သင့်အားမရိုးသွားစေရအောင် ရွေးချယ်မှုတွေပေးထားသောကြောင့်ဖြစ်ပါသည်။

6. သိန်းချီ၊ သန်းချီသော Apps, Games, Wallpapers များရရှိနိုင်ခြင်း၊ Playstore ကမဟုတ်ပဲ တခြားနေရာကရလာ၍ Install လုပ်ရင်တောင် Root မလိုပဲ Install လုပ်နိုင်ခြင်း။

7. ကိုယ်ကိုတိုင် Android OS ကို Modify လုပ်နိုင်ခြင်း၊ Customization ပြုလုပ်နိုင်ခြင်း၊ Tweak လုပ်နိုင်ခြင်း။

8. Linux OS ပေါ်တွင် Android Phone တစ်လုံးအတွက် Firmware, Kernel အစရှိသည်တို့တည်ဆောက်နိုင်ခြင်း။

9. Google Account & Services တွေကို အလွယ်တကူရယူနိုင်ခြင်း။

10. Android OS တွင် အိမ်တွင်းသုံး အီလက်ထရောနစ်ပစ္စည်းများ၊ Car အတွင်းပိုင်း System၊ Smart Wearables, ကျန်းမာရေးနှင့်ဆိုင်သော အထောက်အကူပြုပစ္စည်းများ၊ အစရှိသည်တို့ကိုထောက်ပံ့ပေးနိုင်သော စနစ်များပါဝင်ပါသည်။

11. Android OS သည် Open Source OS ဖြစ်သောကြောင့် လူတိုင်း အလွယ်တကူကလိနိုင်ခြင်း။

ထိုသို့သော အကြောင်းအရာတွေကြောင့် Google ၏ Android OS သည် ကမ္ဘာတဝန်း လူသုံးအများဆုံး OS ဖြစ်လာခြင်းကြောင့်ပင်ဖြစ်သည်။

-

GalaxyDrippler

Comments

Popular posts from this blog

အဘိဏှသုတ် (ပါဠိ - မြန်မာ)

" M.T.Hla ဟု ကျော်ကြားသော ပန်းချီဦးထွန်းလှ "

ဓူဝံကြယ် (သို့) Polaris အကြောင်း