ဥပဒေအရာရှိ/ဥပဒေဝန်ထမ်း(အစိုးရရှေ့နေ)သည် ‘ဆွဲချ’ ဖြစ်သလော
' ဥပဒေအရာရှိ/ဥပဒေဝန်ထမ်း(အစိုးရရှေ့နေ)သည် ‘ဆွဲချ’ ဖြစ်သလော
'
မြန်မာနိုင်ငံတွင် ၁၉၄၇ ခုနှစ်၊ ဖွဲ့ စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ(ပါလီမန် ဒီမိုကရေစီ)ခေတ်ကာလနှင့် တော်လှန်ရေးကောင်စီခေတ်ကာလများတွင် အစိုးရရှေ့ နေ၊ ၁၉၇၄ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ (လမ်းစဉ်ပါ တီ၊ ပြည်သူ့ကောင်စီ)ခေတ်ကာလတွင် ဥပဒေဝန်ထမ်း၊ ရှေ့နေချုပ်ရုံး၏ ၁၁-၇-၉၈ (၁၉၈၉ ခုနှစ်) အမိန့် ကြော်ငြာစာအမှတ် ၁/၈၉ အရ ဥပဒေအရာရှိဟု သုံးစွဲခေါ်ဝေါ်ပါသည်။
မှတ်ချက် ။ ဥပဒေအကျိုးဆောင် (ဥပဒေ ဝန်ထမ်း)များအား ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၉၂ (၁)အရ ရာထူးအလျောက် အစိုးရရှေ့နေ (Ex-fficio Public Prosecutor) များအဖြစ် ခန့်အပ် သည်။ (၂၇-၉-၁၉၇၂) ရက်စွဲပါ တရားရေးဝန်ကြီး ဌာန၏ အမိန့်ကြော်ငြာစာ။
ထို့ကြောင့် ဥပဒေဝန်ထမ်း/ဥပဒေအရာရှိ (Law Officer) သည် ပြစ်မှုဆိုင်ရာကျင့်ထုံး (ရာဇဝတ်ကျင့် ထုံး)ဥပဒေ (Criminal Procedure Code) ပုဒ်မ -၄(၁) (န)၊ ပုဒ်မ-၄၉၂၊ တရားရုံးများ လက်စွဲ (Courts Manual) အပိုဒ် ၈၀၅ အရ အစိုးရရှေ့နေ (Public Prosecutor) ဖြစ်ပါသည်။
ဥပဒေအရာရှိဖြစ်သော အစိုးရရှေ့နေကို အရပ် ထဲတွင် အချို့်သောလူများက ဆွဲချ/ဆွဲချကြီးလို့ အမှန် တကယ်သတ်မှတ်၍ ပြောဆိုသည်များရှိသလို၊ လူ ပုဂ္ဂိုလ်ချင်း ခင်မင်ရင်းနှီးမှုအရင်းခံဖြင့် ခေါ်ဝေါ်သည် မှာ အချိန်ကာလကြာညောင်းခဲ့ပြီဖြစ်ပါသည်။
“ဆွဲချ”ဆိုသည့်် စကားရပ်သည် မည်သည့်အ ကြောင်းရင်းခံဖြင့် ပြောဆိုခေါ်ဝေါ်၍ ပေါ်ပေါက်လာသ လဲဆိုက ကြားမိသလောက် တင်ပြပါမည်။
တစ်ဦးတစ်ယောက်သည် ပြစ်မှု/ရာဇဝတ်မှု (Offence, Crime) တစ်စုံတစ်ရာဖြင့် တရားစွဲဆိုခံ ရခြင်း၊ ပြစ်ဒဏ်(ထောင်ဒဏ်)ကျခံရခြင်း၊ သေဒဏ်ကျ ခံရခြင်း သို့မဟုတ် ထောင်ဒဏ်၊ သေဒဏ်ကျခံရမည့် အနေအထားမျိုးဖြင့် အမှုရင်ဆိုင်နေရခြင်း ဖြစ်နေသည့် တရားခံ(စွပ်စွဲခံရသူ)နှင့် တရားခံဘက်အသိုင်းအဝိုင်း က အမှုလိုက် အစိုးရရှေ့နေကို (တရားမဝင်)အရပ် သုံးစကားဖြင့် ခေါ်ဝေါ်သမုတ်ခြင်းဖြစ်သည်ကို လေ့လာ သိရှိရပါသည်။
အမှန်မှာတော့ ထိုသို့မဟုတ်ဟု ဆိုချင်ပါသည်။
အစိုးရရှေ့နေဖြစ်သော ဥပဒေအရာရှိသည် ပြစ်မှု ကျူးလွန်သူများအား နိုင်ငံတော်၊ တနည်းအားဖြင့် လုပ် သားပြည်သူတို့ပါဝင်သော လူ့အဖွဲ့အစည်း၏ကိုယ်စား ဥပဒေနှင့်အညီ ပြစ်မှုကျူးလွန်သူအပေါ် တရားစွဲဆိုရာ တွင် တရားရုံးရှေ့(တရားခွင်)တွင် အမှုလိုက်ပါဆောင် ရွက်ရသော လုပ်ငန်းကို လုပ်ဆောင်ရပါသည်။ တရား စွဲဆိုခံရသူအပေါ် အပြစ်မရှိလျက်နှင့် ထောင်တန်းကျ စေ၊ အပြစ်ရစေလိုသောသဘောဖြင့် ‘ဆွဲချ’အလုပ်ကို လုပ်ဆောင်ခြင်းမဟုတ်ပါ။
အစိုးရရှေ့နေများသည် ပေါ်လွင်လျက်ရှိသော အ ချက်အလက်များပေါ်တွင် မူတည်၍ နှိုင်းနှိုင်းချင့်ချင့် စဉ်းစဉ်းစားစား ဝေဖန်သုံးသပ်ပြီးလျှင် တရားဥပဒေ အရ အပြစ်ရှိသူကို ထိုက်သင့်သလို ပြစ်ဒဏ်ပေးရန် အကျိုးအကြောင်းခိုင်လုံစွာဖြင့် တရားရုံးသို့ တင်ပြရ မည်။ အပြစ်ရှိသူအား ထိုက်သင့််သော ပြစ်ဒဏ်ပေးရန် တင်ပြရမည်ဖြစ်သကဲ့သို့ပင် အပြစ်မရှိသူကို အပြစ်မ ရှိသလို တင်ပြရန် တာဝန်ရှိကြောင်းကိုလည်း မမေ့ အပ်ရန်နှင့် ဤတရားရုံးများအား ကူညီရန်အတွက် ပထမအချက်အားဖြင့် ရိုးရိုးသားသားဆောင်ရွက်ရန် လိုသည်။ ဒုတိယအချက်အားဖြင့် ရဲရဲဝံ့ဝံ့လုပ်ဆောင် ရန် လိုသည်။ သို့မှသာလျှင် အမှန်တရားသည် ပြည် သူတို့အကြား ပျံ့နှံ့ပေလိမ့်မည်။ ယင်းတို့မှာ တရားစီ ရင်ရေး၏ မဏ္ဍိုင်ကြီးတစ်ရပ်ဖြစ်သော အစိုးရရှေ့နေ များ စွဲကိုင်ထားရမည့် လုပ်နည်းလုပ်ဟန်များပင် ဖြစ် သည်။
သို့ပါ၍ အစိုးရရှေ့နေဖြစ်သော ဥပဒေအရှာရှိများ သည် အမှုတွင် ပေါ်လွင်သော အကြောင်းအချက်များအ ပေါ်တွင် နှိုင်းချင့်စဉ်းစားဝေဖန်သုံးသပ်ပြီး ဥပဒေနှင့် အညီ အပြစ်ရှိသူအပေါ် တရားရုံးက ထိုက်သင့်သော ပြစ်ဒဏ်ချမှတ်ရန်အတွက် အမှုလိုက်ပါဆောင်ရွက်နေ ခြင်းသာ ဖြစ်ပါသည်။
တရားစီရင်ရေးဟူသည် အမှန်တရားကို ဖော် ထုတ်ခြင်းဖြစ်ပေရာ ထိုသို့ အမှန်တရားပေါ်ထွက်ရေး အတွက် အစိုးရရှေ့နေဖြစ်သော ဥပဒေအရာရှိများသည် တရားရုံးသို့ ကူညီနေကြသော တရားရုံး၏ ဥပဒေအ ကျိုးဆောင်များလည်း ဖြစ်ကြပါသည်။
ယခင်ဆိုရှယ်လစ်တရားစီရင်ရေးစနစ်ဖြစ်သော ပြည်သူ့တရားစီရင်ရေးတွင် ဥပဒေဝန်ထမ်းများသည် ယခင်ကာလအစိုးရရှေ့နေများကဲ့သို့ အမှုလိုက်ပါ ဆောင်ရွက်ရသည့် လုပ်ငန်းတွင်သာမဟုတ်ပါ။ ပထမ အကြိမ်ပြည်သူ့လွှတ်တော် ဒုတိယအစည်းအဝေးမှ ပြဋ္ဌာန်းလိုက်သော ]ပြည်သူ့ဥပဒေအကျိုးဆောင်အဖွဲ့ ဥပဒေ}အရလည်းကောင်း၊ ပထမအကြိမ် ပြည်သူ့ လွှတ်တော်အထူးအစည်းအဝေးမှ ပြဋ္ဌာန်း၍ နိုင်ငံတော် ကောင်စီက ၁၉၇၅ ခုနှစ်၊ ဖေဖော်ဝါရီလ(၅)ရက်နေ့ တွင် ပြဋ္ဌာန်းကြေညာခဲ့သော ‘နိုင်ငံသားများ၏ အခွင့် အရေးများ ကာကွယ်စောင့်ရှောက်ပေးသည့်ဥပဒေ’အရ လည်းကောင်း ဥပဒေဝန်ထမ်းများသည် ပြည်သူတို့၏ ရပိုင်ခွင့်နှင့် အခွင့်အရေးများကို ကာကွယ်စောင့်ရှောက် ပေးရသည့် ပြည်သူ့ဝန်ထမ်းများဖြစ်ပေသည်။
အစိုးရရှေ့နေ၏ တာဝန်ဝတ္တရားမှာ တရားခံကို တရားစွဲရန်သာ ဖြစ်သည်။ နှိပ်စက်ရန် မဟုတ်။
ဥပဒေအရာရှိ(အစိုးရရှေ့နေ)သည် အမှန်တရား ပေါ်ပေါက်ရေးကို လုပ်ဆောင်ရာတွင် တရားခံဘက်အ ကျိုးဖြစ်စေသည့် လုပ်ဆောင်ပေးရသော တာဝန်နှင့် စပ်လျဉ်း၍ သာဓကအားဖြင့် လမ်းညွှန်စီရင်ထုံးအချို့ ကို တင်ပြရပါလျှင် –
တရားရုံးရှေ့ထွက်ချက်နှင့် ကွဲလွဲစွာ၊ ရဲရှေ့တွင် ထွက်ဆိုထားသော သက်သေတစ်ဦး၏ ထွက်ချက်အ ပေါ် တရားရုံးက ယုံကြည်အားထားခြင်းမပြုမိစေရန် အစိုးရရှေ့နေတွင် တာဝန်ရှိကြောင်း ဘုရင်နှင့် မောင် လွန်းသောင်း၊ ရန်ကုန်စီရင်ထုံး၊ အတွဲ ၁၃၊ စာ- ၅၇၀)တွင် လည်းကောင်း၊
တရားခံအနေဖြင့် အမှုကို ခုခံချေပရာတွင် အသုံးဝင်စေမည့် အချက်အလက်များရှိခဲ့လျှင် တရား ခံဘက်သို့ အသိပေးရန် တရားလိုအကျိုးဆောင် အစိုး ရရှေ့နေတွင် တာဝန်ရှိသည်ဖြစ်ကြောင်း – မောင်လူ နှင့် ဘုရင် ၁၉၃၃ ခုနှစ်၊ စီရင်ထုံး၊ စာ-၃၇၀၊ ငလူနှင့် ဘုရင့် ၁၉၉၃ ခုနှစ်၊ စီရင်ထုံး၊ စာ-၃၇၀ တွင် လည်း ကောင်း၊
ရဲစက္ကူတွင် အစစ်ခံထားခြင်းမရှိသော အချက် ကို သက်သေသည် တရားရုံးရှေ့၌ ထွက်ဆိုလျှင် တရားလိုအကျိုးဆောင် အစိုးရရှေ့နေမှ တရားခံဘက် အား ပြောပြရန် တာဝန်ရှိကြောင်း – မောင်အောင်တင် ပါ ၂ နှင့် ပြည်ထောင်စုမြန်မာနိုင်ငံ ၁၉၆၆ ခုနှစ် (တရားရုံးချုပ်)စီရင်ထုံး၊ စာ-၁၇၀ တွင်လည်းကောင်း၊
တရားလိုအကျိုးဆောင်(အစိုးရရှေ့နေ)များ၏ အဓိကတာဝန်မှာ တရားထိုက်သင့်မှန်ကန်ရာဖြစ်ရန် ဖြစ်၍ တရားခံအပြစ်မကျကျအောင် တစ်ဖက်စီးနင်း ဆောင်ရွက်ရန်မဟုတ်သည်ကို မမေ့အပ်ချေဟု၊ အတူး(ခ)ကျော်ညွန့်နှင့် ပထစ ၁၉၄၇ ခုနှစ်၊ ရန်ကုန်စီ ရင်ထုံး၊ စာ-၄၀၅ တွင်လည်းကောင်း၊
နိုင်ငံတော်ဘက်က အမှုကို ဆောင်ရွက်ရန်မှာ အစိုးရရှေ့နေ၏ တာဝန်ဖြစ်သည်။ ゞင်း၏ရည်ရွယ်ချက် မှာ မမှန်မကန် အပြစ်ပေးခြင်းကို (တရားခံ)ရရှိစေရန်မ ဟုတ်ဘဲ နိုင်ငံတော်ကို ကိုယ်စားပြု၍ တရားရေး မဏ္ဍိုင်ခိုင်မြဲအောင် ကူညီပံ့ပိုးရသူဖြစ်သည်။ ထို့ပြင် တရားရုံးမှာ နိုင်ငံတော်က တရားခံအပေါ် သက်သေ ထင်ရှားပြရာ၌ အောင်မြင်မှု ရှိ/မရှိနှင့်သာ သက်ဆိုင် သည်။ တရားခံအပြစ် ရှိ/မရှိ ကို ဆုံးဖြတ်ရန် လုံးပမ်း နေခြင်းမဟုတ်။ အစိုးရရှေ့နေ၏ တာဝန်မှာ မျှမျှတတ ရှိရန်ဖြစ်သည်။ မိမိလိုက်ပါဆောင်ရွက်နေသောအမှုမှာ မမှန်ကန်ဟု ယုံကြည်နေလျှင် အမှုကို ရုပ်သိမ်းရန် လည်း အစိုးရရှေ့နေတွင် တာဝန်ရှိကြောင်း မောင် အောင်ကြီးပါ ၂ နှင့် ဘုရင်၊ အတွဲ ၁၄၊ ရန်ကုန်စီ ရင်ထုံး၊ စာ-၄၅၊ တွင်လည်းကောင်း၊
ဥပဒေအရ လွဲမှား၍ (တရားခံအပေါ်) အပြစ်ပေး ထားသည်ကို တွေ့ရှိလျှင် ရိုးဖြောင့်စွာ အမှန်တရားကို ညွှန်ပြခြင်းသည် အစိုးရရှေ့နေကြီးများ၏ တာဝန်ဝတ္တ တရားလည်း ဖြစ်သည်။ တရားရုံးများက အမှန်ကို ရှာ ဖွေရာ၌ အထောက်အကူပြုရာလည်းရောက်သည်ဟု မောင်သောင်းရီနှင့် ပြည်ထောင်စုမြန်မာနိုင်ငံ ၁၉၆၅ ခုနှစ်၊ စီရင်ထုံး (တရားရုံးချုပ်) စာ-၁၉၈ တွင်လည်း ကောင်း စသည်ဖြင့် အသီးသီးစီရင်ထုံးပြု၍ ညွှန်ပြ ထားသည်များကို လေ့လာတွေ့မြင်နိုင်ပါသည်။ ထို့ကြောင့် အထက်ဖော်ပြပါ စီရင်ထုံးများတွင် သုံးသပ်ဆုံးဖြတ်ထားချက်များကို ကြည့်ခြင်းအားဖြင့် အစိုးရရှေ့နေသည် အမှု၏ဖြစ်ရပ်မှန် အမှန်တရားကို ပေါ်ထွက်စေရန်နှင့် အပြစ်ရှိသည့်် ပြစ်မှုကျူးလွန်သူ အပေါ် ပြစ်မှုထင်ရှားစီရင်စေရန် ဥပဒေနှင့်အညီ ဆောင်ရွက်ခြင်းသာဖြစ်ပြီး အပြစ်မရှိသော တရားခံ အပေါ် ပြစ်ဒဏ်ကျခံစေရန် ဆွဲချအလုပ်ကို လုပ် ဆောင်နေခြင်းမဟုတ်ကြောင်း တွေ့မြင်နိုင်ပါသည်။
ထို့ပြင် တရားလိုဘက်က ပြစ်မှုထင်ရှားပေါ်လွင် အောင် သက်သေနှင့်သက်သေအထောက်အထားများ မတင်ပြနိုင်လျှင် အစိုးရရှေ့နေသည် ပြစ်မှုဆိုင်ရာကျင့် ထုံးဥပဒေပုဒ်မ ၄၉၄ နှင့် ပြစ်မှုဆိုင်ရာ အမှုရုပ်သိမ်း ရေးနှင့်ပတ်သက်သည့် နိုင်ငံတော်ကောင်စီက ချမှတ် ထားသော လမ်းညွန်ချက်များနှင့်အညီ တရားခံအပေါ် တရားစွဲဆိုထားခြင်းကို ရုပ်သိမ်းလိုကြောင်း တရားရုံး သို့ ပြည်သူ့တရားသူကြီးအဖွဲ့ ညွှန်ကြားလွှာအမှတ် ၁၁/၁၉၇၅ အရ တင်ပြနိုင်သည်။
တရားစီရင်ရေးနှင့်ပတ်သက်၍ ဥပဒေဝန်ထမ်း များသည် အမှုမှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ၊ တရားခံ အပြစ်ရအောင်သာ လျှောက်လဲခြင်းမျိုး မကျင့်သုံးအပ်ပေ။ အမှုကိုသေချာစွာ လေ့လာသုံးသပ် ပြီး အမှန်တရားပေါ်လာအောင်သာလျှင် ဆောင်ရွက် ကြရပေမည်။
ပြစ်မှုကျူးလွန်သူအပေါ် တရားစွဲဆိုရာ၌ သေ ဒဏ်ထိုက်သော ပြစ်မှုကို ကျူးလွန်သည်ဟု စွပ်စွဲခံ ရသော ပြစ်မှုများမှအပ ပြစ်မှုတိုင်းတွင် ပြစ်မှုကျူးလွန် သူ တရားခံဘက်မှ အကျိုးဆောင်ရှေ့နေ မရှိနိုင်ပါ။ တရားခံဘက် အကျိုးဆောင်ရှေ့နေမပါသော သို့မဟုတ် မရှိသောအမှုများတွင် မှန်ကန်သော တရားစီရင်ရေး ဖြစ်လာစေရန် တရားခံ၏ ခုခံရေးလမ်းကြောင်းတွင် တရားခံအတွက် အသုံးဝင်စေမည့် အချက်များပေါ် ပေါက်လာပါက ဥပဒေပါ အခွင့်အရေးကို တရားခံမှ ခံစားနိုင်ရန်အတွက် အစိုးရအကျိုးဆောင်ဥပဒေဝန် ထမ်းက တရားရုံးတော်သို့ ကူညီတင်ပြနိုင်သော စီရင် ထုံးအချို့ကို ဖော်ပြရပါလျှင် –
တရားခံသည် ပြစ်မှုဆိုင်ရာဥပဒေ(ရာဇသတ်ကြီး)ပုဒ်မ ၉၇ အရ၊ ကာကွယ်ခုခံပိုင်ခွင့်ကို ထုချေခြင်း မပြုစေကာမူ အမှုတွဲ၌ပေါ်ပေါက်လာသော အထောက် အထားများအရ ထိုအချက်ပေါ်ပေါက်လာလျှင် တရား ရုံးက ထည့်သွင်းစဉ်းစားနိုင်သည်။
ဘုရင်နှင့် လှမောင် ၁၉၄၆ ခုနှစ်၊ ရန်ကုန်စီ ရင်ထုံး၊ စာ-၅၀
မောင်မှတ်နှင့် ပြည်ထောင်စုမြန်မာ နိုင်ငံ ၁၉၅၄ ခုနှစ်၊ စီရင်ထုံး(တရားလွှတ်တော်)စာ-၂၈
သက်သေခံအထောက်အထားတို့မှ ပေါ်လွင်လာ သော ပတ်ဝန်းကျင်အကြောင်းချင်းရာများက တရားခံ သည် ကာကွယ်ခုခံပိုင်ခွင့်အရ ပြုလုပ်ခဲ့ကြောင်း ညွှန် ပြပါမူ တရားခံက ထုချေခြင်းမရှိငြားသော်လည်း ထို လုပ်ပိုင်ခွင့်ကို အသိအမှတ်ပြုနိုင်သည်။ တရားလိုပြ သက်သေများ၏ သက်သေခံချက်များအရ တရားခံ သည် ကင်းလွတ်ရမြဲ အချက်တစ်ရပ်ရပ်တွင် အကျုံး ဝင်ကြောင်း ထင်ရှားပါက တရားခံက မတောင်းဆို သော်လည်း တရားရုံးက စဉ်းစားပေးသင့်သည်။
မောင်နေသိုင်း(ခ)မောင်သိုင်းနှင့် ပြည်ထောင်စု မြန်မာနိုင်ငံ ၁၉၆၂ ခုနှစ်၊ စီရင်ထုံး(တရားရုံးချုပ်) စာ- ၂၉၁
တရားခံသည် မူလရုံး၌ ကာကွယ်ခုခံပိုင်ခွင့်အရ ပြစ်မှုမမြောက်ကြောင်း ထုချေခဲ့ခြင်းမရှိစေကာမူ ゞင်း ၏ ပြုမူချက်မှာ ခုခံကာကွယ်ပိုင်ခွင့်အတွင်း ကျရောက် ကြောင်း သက်သေအထောက်အထားရှိနေလျှင် ယင်း ကင်းလွတ်ခွင့် အခွင့်အရေးကို မတောင်းဆိုစေကာမူ အယူခံရုံးအနေဖြင့် ၄င်းအပေါ် သက်သာခွင့်ပြုရန် စဉ်း စားပေးရန် တာဝန်ရှိလေသည်။
မစန်းစန်းမြင့်(ခ)မတင်မြင့်နှင့် ပြည်ထောင်စု မြန်မာနိုင်ငံ။ ၁၉၆၆ ခုနှစ်၊ စီရင်ထုံး(တရားရုံးချုပ်) စာ-၁၁၇၃/၁၁၇၆
တရားခံသည် စွပ်စွဲချက်အပေါ် လုံးဝငြင်းစေကာမူ အမှုမှ ယေဘုယျ သို့မဟုတ် အထူးကင်းလွတ်ချက် တွင် အကျုံးဝင်ရန် အကြောင်းရှိသည်ဟု တရားလို ဘက်မှ အထောက်အထားတို့၌ တွေ့ရှိရလျှင် တရား ခံကို တရားလွှတ်သေလွှတ်ရမည်။ သို့မဟုတ် ငယ် သောအမှုဖြင့် အပြစ်ပေးရမည်။
ဘုရင်နှင့် ဦးဓမ္မပါလ (ရန်ကုန်စီရင်ထုံး) အတွဲ ၁၄၊ စာ-၆၆၆ (စုံညီခုံရုံး)
အမှုဖြစ်ပျက်အကြောင်းချင်းရာတို့တွင် တရားလို သက်သေထွက်ဆိုချက်များအရပင် တရားခံသည် ပြစ် မှုကျူးလွန်စဉ်က ထုချေခြင်းမပြုခဲ့စေကာမူ သို့မဟုတ် ထိုသို့ဖြစ်ကြောင်း သက်သေပြနိုင်ခြင်း မရှိစေကာမူ ပြစ်မှုဥပဒေပုဒ်မ ၈၄ ပါ ကင်းလွတ်ရမြဲအချက်၏ သက်သာခွင့်ကို ပေးနိုင်သည်။
ဒေါ်မယ်ချစ်နှင့် ပြည်ထောင်စုမြန်မာနိုင်ငံ ၁၉၇၁ ခုနှစ်၊ စီရင်ထုံး(တရားရုံးချုပ်) စာ-၄၆
ပြစ်မှုကျူးလွန်စဉ်က တရားခံသည် စိတ်ပေါ့သွပ် နေကြောင်း သက်သေထွက်ချက်များအရ ပေါ်ပေါက် လာလျှင် တရားခံကသော်လည်းကောင်း၊ တရားခံ၏ ရှေ့နေကသော်လည်းကောင်း စိတ်ပေါ့သွပ်ခြင်းကို အ ကာအကွယ်မယူစေကာမူ၊ ရာဇသတ်ကြီးပုဒ်မ ၈၄ ၏ ကင်းလွတ်ရမြဲအကျိုးကို တရားခံအား ခံစားခွင့် ပေး သင့်သည်။
မောင်ထွန်းစိန်နှင့် နိုင်ငံတော်အစိုးရ ၁၉၆၂ ခုနှစ်၊ စီရင်ထုံး(တရားရုံးချုပ်) စာ-၃၃၇
သို့ဖြစ်ပါ၍ ဖော်ပြပါ စီရင်ထုံးများပါ ညွှန်ပြချက် များနှင့် လမ်းညွှန်မှုသဘောတရားများအရ အစိုးရ ရှေ့ နေဖြစ်သော ဥပဒေအရာရှိများသည် ဆွဲချမဟုတ်ပါ ကြောင်း ရေးသားဖော်ပြအပ်ပါသည်။
ကျမ်းကိုးစာရင်း
၁။ တရားရုံးများ ညွှန်ကြားလွှဲလက်စွဲ (၁၉၄၆- ၁၉၇၀)စာအုပ်၊ စာမျက်နှာ ၁၈၆
၂။ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီမှ ထုတ်ဝေ သော တရားစီရင်ရေးဆိုင်ရာ ဆောင်းပါးများစာအုပ်၊ စာမျက်နှာ -၁၀၉
၃။ မြန်မာနိုင်ငံတရားရုံးများလက်စွဲ၊ အပိုဒ် ၅၉၅ (၄)
၎။ ဘုရင်နှင့် ငလွန်းသောင်း၊ ရန်ကုန်စီရင်ထုံး အတွဲ ၁၃၊ စာ-၅၇၀
၅။ ငလူနှင့်ဘုရင်၊ ၁၉၃၃ ခုနှစ်၊ စီရင်ထုံး၊ စာ-၃၇၀
၆။ မောင်အောင်တင်ပါ ၂ နှင့် ပြည်ထောင်စု မြန်မာနိုင်ငံ ၁၉၆၆ ခုနှစ်၊ (တရားရုံးချုပ်) စီရင်ထုံး စာ-၁၇၀
၇။ အတူး(ခ)ကျော်ညွှ့န့်နှင့် ပြည်ထောင်စုမြန်မာ နိုင်ငံ ၁၉၄၇ ခုနှစ်၊ ရန်ကုန်စီရင်ထုံး၊ စာ-၄၀၅
၈။ ငအောင်ကြီးပါ ၂ နှင့် ဘုရင်၊ အတွဲ ၁၄၊ ရန်ကုန်စီရင်ထုံး၊ စာ-၄၅
၉။ မောင်သောင်းရီနှင့် ပြည်ထောင်စုမြန်မာနိုင်ငံ ၁၉၆၅ ခုနှစ်၊ စီရင်ထုံး(တရားရုံးချုပ်) စာ-၁၉၈
၁၀။ ပြည်သူ့တရားသူကြီးအဖွဲ့ ညွှန်ကြားလွှာ အမှတ် ၁၁/၁၉၇၅၊
၁၁။ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ၊ တရားစီရင် ရေးဆိုင်ရာ ဆောင်းပါးများစာအုပ်၊ စာ-၁၁၀
၁၂။ ဘုရင်နှင့် လှမောင် ၁၉၄၆ ခုနှစ်၊ ရန်ကုန်စီ ရင်ထုံး၊ စာ-၅၀
၁၃။ မောင်မှတ်နှင့် ပြည်ထောင်စုမြန်မာ နိုင်ငံ ၁၉၅၄ ခုနှစ်၊ စီရင်ထုံး(တရားလွှတ်တော်)စာ-၂၈
၁၄။ မောင်နေသိုင်း(ခ)မောင်သိုင်းနှင့် ပြည် ထောင်စုမြန်မာနိုင်ငံ ၁၉၆၂ ခုနှစ်၊ စီရင်ထုံး (တရားရုံး ချုပ်) စာ- ၂၉၁
၁၅။ စန်းစန်းမြင့်(ခ)မတင်မြင့်နှင့် ပြည်ထောင်စု မြန်မာနိုင်ငံ။ ၁၉၆၆ ခုနှစ်၊ စီရင်ထုံး(တရားရုံးချုပ်) စာ-၁၁၇၃/၁၁၇၆
၁၆။ ဘုရင်နှင့် ဦးဓမ္မပါလ (ရန်ကုန်စီရင်ထုံး) အတွဲ ၁၄၊ စာ-၆၆၆ (စုံညီခုံရုံး)
၁၇။ ဒေါ်မယ်ချစ်နှင့် ပြည်ထောင်စုမြန်မာနိုင်ငံ ၁၉၇၁ ခုနှစ်၊ စီရင်ထုံး(တရားရုံးချုပ်) စာ-၄၆
၁၈။ မောင်ထွန်းစိန်နှင့် နိုင်ငံတော်အစိုးရ ၁၉၆၂ ခုနှစ်၊ စီရင်ထုံး(တရားရုံးချုပ်) စာ-၃၃၇
_
ဦးမင်းသွင်(ဥပဒေ)
Credit … http://crimenews-journal.com

Comments
Post a Comment