" အာဃာတ ပဋိဝိနယသုတ် '' ရဟန်းတို့ ရန်ငြိုးဖြေကြောင်းတို့သည် ဤဆယ်မျိုးတို့တည်း
" အာဃာတ ပဋိဝိနယသုတ် ''
ရဟန်းတို့ ရန်ငြိုးဖြေကြောင်းတို့သည် ဤဆယ်မျိုးတို့တည်း။
အဘယ်ဆယ်မျိုးတို့နည်းဟူမူ-ငါ၏ အကျိုးမဲ့ကို ပြုဖူးပြီ၊ ထိုအကျိုးမဲ့ပြုခြင်းကို ဤပုဂ္ဂိုလ်၌ (တားမြစ်ရန်) အဘယ်မှာ ရနိုင် မည်နည်းဟု ရန်ငြိုးကို ဖြေ၏၊ ငါ၏ အကျိုးမဲ့ကို ပြုနေဆဲ၊ ထိုအကျိုးမဲ့ ပြုခြင်းကို ဤပုဂ္ဂိုလ်၌ (တားမြစ်ရန်) အဘယ်မှာ ရနိုင်မည်နည်းဟု ရန်ငြိုးကို ဖြေ၏၊ ငါ၏ အကျိုးမဲ့ကို ပြုလိမ့်မည်၊ ထိုအကျိုးမဲ့ပြုခြင်းကို ဤပုဂ္ဂိုလ်၌ (တားမြစ်ရန်) အဘယ်မှာ ရနိုင်မည်နည်းဟု ရန်ငြိုးကို ဖြေ၏၊ ငါချစ်ခင်နှစ်သက်သူ၏ အကျိုးမဲ့ကို ပြုဖူးပြီ။ပ။ ပြုနေဆဲ။ပ။ ပြုလိမ့်မည်၊ ထိုအကျိုးမဲ့ပြုခြင်းကို ဤပုဂ္ဂိုလ်၌ (တားမြစ်ရန်) အဘယ်မှာ ရနိုင်မည်နည်းဟု ရန်ငြိုးကို ဖြေ၏၊ ငါမချစ်ခင် မနှစ်သက်သူ၏ အကျိုးကို ပြုဖူးပြီ။ပ။ ပြုနေဆဲ။ပ။ ပြုလိမ့်မည်၊ ထိုအကျိုးပြုခြင်းကို ဤပုဂ္ဂိုလ်၌ (တားမြစ်ရန်) အဘယ်မှာ ရနိုင်မည်နည်းဟု ရန်ငြိုးကို ဖြေ၏၊ အရာမဟုတ်သည်၌လည်း အမျက်မထွက်။ ရဟန်းတို့ ဤသည်တို့ကား ရန်ငြိုးဖြေကြောင်း ဆယ်မျိုးတို့တည်းဟု (မိန့်တော်မူ၏)။
အာကင်္ခဝဂ် ပြီး၏
ရဟန်းတို့ ရန်ငြိုးဖွဲ့ခြင်း အာဃာတ ကို ပယ်ဖျောက်ကြောင်း တရားတို့သည် ဤငါးမျိုးတို့တည်း၊ ရဟန်းအား အာဃာတဖြစ်ပေါ်ရာ အာရုံ၌ (ဤတရားငါးမျိုးဖြင့်) အာဃာတကို အချင်းခပ်သိမ်းပယ်ဖျောက်ရမည်။
အဘယ်ငါးမျိုးတို့နည်းဟူမူ-
ရဟန်းတို့ ရန်ငြိုးဖွဲ့ခြင်း ဖြစ်ပေါ်လာရာ ပုဂ္ဂိုလ်၌ ချစ်ခြင်း မေတ္တာ ကို ပွါးများရမည်၊ ဤသို့ အားဖြင့်ထိုပုဂ္ဂိုလ်၌ ရန်ငြိုးဖွဲ့ခြင်းကို ပယ်ဖျောက်ရမည်။
ရဟန်းတို့ ရန်ငြိုးဖွဲ့ခြင်း ဖြစ်ပေါ်လာရာ ပုဂ္ဂိုလ်၌ သနားခြင်း ကရုဏာ ကို ပွါးများရမည်၊ ဤသို့အားဖြင့် ထိုပုဂ္ဂိုလ်၌ ရန်ငြိုးဖွဲ့ခြင်းကို ပယ်ဖျောက်ရမည်။
ရဟန်းတို့ ရန်ငြိုးဖွဲ့ခြင်း ဖြစ်ပေါ်လာရာ ပုဂ္ဂိုလ်၌ လျစ်လျူရှုခြင်း ဥပေက္ခာ ကို ပွါးများရမည်၊ ဤသို့အားဖြင့် ထိုပုဂ္ဂိုလ်၌ ရန်ငြိုးဖွဲ့ခြင်းကို ပယ်ဖျောက်ရမည်။
ရဟန်းတို့ ရန်ငြိုးဖွဲ့ခြင်း ဖြစ်ပေါ်လာရာ ပုဂ္ဂိုလ်၌ သတိမထားခြင်း နှလုံးမသွင်းခြင်းသို့ ရောက်စေရမည်၊ ဤသို့အားဖြင့် ထိုပုဂ္ဂိုလ်၌ ရန်ငြိုးဖွဲ့ခြင်းကို ပယ်ဖျောက်ရမည်။
ရဟန်းတို့ ရန်ငြိုးဖွဲ့ခြင်း ဖြစ်ပေါ်လာရာ ပုဂ္ဂိုလ်၌ ကံသာလျှင် မိမိဥစ္စာရှိသော အျဖစ္ကို ဆောက်တည်ရမည်။
ဤအသျှင်သည် ကံသာလျှင် မိမိဥစ္စာရှိ၏၊ ကံ၏ အမွေခံဖြစ်၏၊ ကံသာလျှင် အကြောင်းရှိ၏၊ ကံသာလျှင် အဆွေအမျိုးရှိ၏၊ ကံသာလျှင် လဲလျောင်းရာရှိ၏၊ (မိမိ) ပြုလုပ်မည့် ကောင်းသော ကံ,မကောင်းသော ကံသာလျှင် အေမြခံ ဖြစ်ပေလိမ့်မည်ဟု (ဆောက်တည်ရမည်)။
ဤသို့အားဖြင့် ထိုပုဂ္ဂိုလ်၌ ရန်ငြိုးဖွဲ့ခြင်းကို ပယ်ဖျောက်ရမည်။
ရဟန်းတို့ ရန်ငြိုးဖွဲ့ခြင်းကို ပယ်ဖျောက်ကြောင်း တရားတို့သည် ဤငါးမျိုးတို့တည်း၊ ရဟန်းအားအာဃာတဖြစ်ပေါ်ရာ အာရုံ၌ (ဤတရားငါးမျိုးတို့ဖြင့်) အာဃာတကို အချင်းခပ်သိမ်း ပယ်ဖျောက်ရမည်ဟု (မိန့်တော်မူ၏)။
ထိုအခါ၌ အသျှင်သာရိပုတြာသည် ရဟန်းတို့ကို ငါ့သျှင် ရဟန်းတို့ဟူ၍ ခေါ်တော်မူ၏၊ ငါ့သျှင်ဟူ၍ ထိုရဟန်းတို့သည် အသျှင်သာရိပုတြာအား ပြန်ကြားလျှောက်ထားကြကုန်၏၊ အသျှင်သာရိပုတြာသည် ဤတရားကို ဟောတော်မူ၏
ငါ့သျှင်တို့ ရန်ငြိုးဖွဲ့ခြင်းကို ပယ်ဖျောက်ကြောင်း တရားတို့သည် ဤငါးမျိုးတို့တည်း၊ ရဟန်းအားအာဃာတဖြစ်ပေါ်ရာ အာရုံ၌ (ဤတရားငါးမျိုးတို့ဖြင့်) အာဃာတကို အချင်းခပ်သိမ်း ပယ်ဖျောက်ရမည်။
အဘယ်ငါးမျိုးတို့နည်းဟူမူ-
ငါ့သျှင်တို့ ဤေလာက၌ အချို့သော ပုဂ္ဂိုလ်သည် မစင်ကြယ်သော ကိုယ်အကျင့်ရှိ၏၊ စင်ကြယ်သောနှုတ်အကျင့်ရှိ၏၊ ငါ့သျှင်တို့ ဤသို့သဘောရှိသော ပုဂ္ဂိုလ်၌လည်း ရန်ငြိုးဖွဲ့ခြင်းကို ပယ်ဖျောက်ရမည်။
ငါ့သျှင်တို့ ဤေလာက၌ အချို့သော ပုဂ္ဂိုလ်သည် မစင်ကြယ်သော နှုတ်အကျင့်ရှိ၏၊ စင်ကြယ်သောကိုယ်အကျင့်ရှိ၏၊ ငါ့သျှင်တို့ ဤသို့သဘောရှိသော ပုဂ္ဂိုလ်၌လည်း ရန်ငြိုးဖွဲ့ခြင်းကို ပယ်ဖျောက်ရမည်။
ငါ့သျှင်တို့ ဤေလာက၌ အချို့သော ပုဂ္ဂိုလ်သည် မစင်ကြယ်သော ကိုယ်အကျင့်ရှိ၏၊ မစင်ကြယ် သောနှုတ်အကျင့်ရှိ၏၊ ရံဖန်ရံခါ (ဝိပဿနာ) စိတ်၏ အခွင့်အလမ်းကိုလည်းကောင်း၊ စိတ်၏ ကြည်လင်မှုကိုလည်းကောင်း ရ၏၊ ငါ့သျှင်တို့ ဤသို့သဘောရှိသော ပုဂ္ဂိုလ်၌လည်း ရန်ငြိုးဖွဲ့ခြင်းကို ပယ်ဖျောက်ရမည်။
ငါ့သျှင်တို့ ဤေလာက၌ အချို့သော ပုဂ္ဂိုလ်သည် မစင်ကြယ်သော ကိုယ်အကျင့်ရှိ၏၊ မစင်ကြယ် သောနှုတ်အကျင့်ရှိ၏၊ ရံဖန်ရံခါ (ဝိပဿနာ) စိတ်၏ အခွင့်အလမ်းကိုလည်းကောင်း၊ စိတ်၏ ကြည်လင်မှုကိုလည်းကောင်း မရ၊ ငါ့သျှင်တို့ ဤသို့သဘောရှိသော ပုဂ္ဂိုလ်၌လည်း ရန်ငြိုးဖွဲ့ခြင်းကို ပယ်ဖျောက်ရမည်။
ငါ့သျှင်တို့ ဤေလာက၌ အချို့သော ပုဂ္ဂိုလ်သည် စင်ကြယ်သော ကိုယ်အကျင့်ရှိ၏၊ စင်ကြယ်သောနှုတ်အကျင့်ရှိ၏၊ ရံဖန်ရံခါ (ဝိပဿနာ) စိတ်၏ အခွင့်အလမ်းကိုလည်းကောင်း၊ စိတ်၏ ကြည်လင်မှုကိုလည်းကောင်း ရ၏၊ ငါ့သျှင်တို့ ဤသို့သဘောရှိသော ပုဂ္ဂိုလ်၌လည်း ရန်ငြိုးဖွဲ့ခြင်းကို ပယ်ဖျောက်ရမည်။
ငါ့သျှင်တို့ ထိုပုဂ္ဂိုလ်ငါးမျိုးတို့တွင် မစင်ကြယ်သော ကိုယ်အကျင့်ရှိ၍ စင်ကြယ်သော နှုတ်အကျင့်ရှိသော ပုဂ္ဂိုလ်၌ အဘယ်သို့လျှင် ရန်ငြိုးဖွဲ့ခြင်းကို ပယ်ဖျောက်ရမည်နည်း။
ငါ့သျှင်တို့ ပံ့သကူသင်္ကန်းကို ဆောင်သော ရဟန်းသည် လမ်းခရီး၌ ပုဆိုးစုတ်ပိုင်းကို မြင်၍လက်ဝဲခြေဖြင့် နင်းပြီး လက်ျာခြေဖြင့် ဖြန့်၍ ထိုပုဆိုးစုတ်ပိုင်း၌ ခိုင်ခံ့သော အသားကို ဆုတ်ယူပြီးလျှင်သွားလေရာသကဲ့သို့ ငါ့သျှင်တို့ ဤအတူသာလျှင် မစင်ကြယ်သော ကိုယ်ကျင့်ရှိ၍ စင်ကြယ်သော နှုတ်အကျင့်ရှိသော ပုဂ္ဂိုလ်၏ ကိုယ်အကျင့် မစင်ကြယ်သည်၏ အျဖစ္ကို ထိုအခါ၌ နှလုံးမသွင်းမူ၍နှုတ်အကျင့် စင်ကြယ်သည်၏ အျဖစ္ကိုသာ နှလုံးသွင်းအပ်၏၊ ဤသို့အားဖြင့် ထိုပုဂ္ဂိုလ်၌ ရန်ငြိုးဖွဲ့ခြင်းကို ပယ်ဖျောက်ရမည်။ (၁)
ငါ့သျှင်တို့ ထိုပုဂ္ဂိုလ်ငါးမျိုးတို့တွင် မစင်ကြယ်သော နှုတ်အကျင့်ရှိ၍ စင်ကြယ်သော ကိုယ်အကျင့်ရှိသည့်ပုဂ္ဂိုလ်၌ အဘယ်သို့လျှင် ရန်ငြိုးဖွဲ့ခြင်းကို ပယ်ဖျောက်ရမည်နည်း။
ငါ့သျှင်တို့ မှော် ရေညှိတို့ဖြင့် မြှေးယှက်အပ်သော ရေကန်သည် ရွိရာ၏၊ ထိုအခါ နွေ နေပူတို့ဖြင့်တွေ့ထိ နှိပ်စက်အပ်သည်ဖြစ်၍ ခရီးပင်ပန်းလျက် အစာရေစာ ဆာလောင် မွတ်သိပ်သော ယောက်ျားသည်လာရာ၏၊ ထိုယောက်ျားသည် ထိုရေကန်တွင်းသို့ သက်ဆင်း၍ လက်နှစ်ဖက်တို့ဖြင့် ထိုထို ဤဤသို့မှော် ရေညှိကို ဖယ်ရှားလျက် လက်ခုပ်ဖြင့် သောက်ပြီးလျှင် ဖဲသွားလေရာသကဲ့သို့၊ ငါ့သျှင်တို့ ဤအတူသာလျှင် မစင်ကြယ်သော နှုတ်အကျင့်ရှိ၍ စင်ကြယ်သော ကိုယ်အကျင့်ရှိသော ပုဂ္ဂိုလ်၏ နှုတ်အကျင့်မစင်ကြယ်သည်၏ အျဖစ္ကို ထိုအခါ၌ နှလုံးမသွင်းမူ၍ ကိုယ်အကျင့်စင်ကြယ်သည်၏ အျဖစ္ကိုသာ နှလုံးသွင်းအပ်၏၊ ဤသို့အားဖြင့် ထိုပုဂ္ဂိုလ်၌ ရန်ငြိုးဖွဲ့ခြင်းကို ပယ်ဖျောက်ရမည်။ (၂)
ငါ့သျှင်တို့ ထိုပုဂ္ဂိုလ်ငါးမျိုးတို့တွင် မစင်ကြယ်သော ကိုယ်အကျင့်ရှိ၍ မစင်ကြယ်သော နှုတ်အကျင့်ရှိသော ရံဖန်ရံခါ (ဝိပဿနာ) စိတ်၏ အခွင့်အလမ်းကိုလည်းကောင်း၊ စိတ်၏့ကြည်လင်မှုကိုလည်းကောင်း ရေသာ ထိုပုဂ္ဂိုလ်၌ အဘယ်သို့လျှင် ရန်ငြိုးဖွဲ့ခြင်းကို ပယ်ဖျောက်ရမည်နည်း။
ငါ့သျှင်တို့ နွားခြေရာခွက်၌ ရေအနည်းငယ်ရှိရာ၏၊ ထိုအခါ နွေ နေပူတို့ဖြင့် တွေ့ထိနှိပ်စက်အပ် သည်ဖြစ်၍ ခရီးပင်ပန်းလျက် အစာရေစာ ဆာလောင် မွတ်သိပ်သော ယောက်ျားသည် လာရာ၏၊ ထိုယောက်ျားအား-
ဤနွားခြေရာခွက်၌ ရေသည် အနည်းငယ်သာ ဖြစ်၏၊ အကယ်၍ ငါသည် လက်ခုပ်ဖြင့်ဖြစ်စေခွက်ဖြင့်ဖြစ်စေ သောက်လိုက်ပါမူ ထိုရေကို လှုပ်ရှားစေမိပေလိမ့်မည်၊ နောက်ကျုစေမိပေလိမ့်မည်၊ သောက်၍ မဖြစ်သည်ကိုမူလည်း ပြုမိပေလိမ့်မည်၊ အကယ်၍ ငါသည် လေးဖက်ထောက်ဝပ်လျက် နွားကဲ့သို့ သောက်၍ ဖဲသြားရမူ ကောင်းပေရာ၏ဟု အကြံဖြစ်ရာ၏။ ထိုယောက်ျားသည် လေးဖက်ထောက်ဝပ်၍ နွားကဲ့သို့ သောက်ပြီးလျှင် ဖဲသွားရာသကဲ့သို့၊ ငါ့သျှင်တို့ ဤအတူသာလျှင် မစင်ကြယ်သောကိုယ်အကျင့်လည်းရှိ မစင်ကြယ်သော နှုတ်အကျင့်လည်းရှိ၍ ရံဖန်ရံခါ (ဝိပဿနာ) စိတ်၏ အခွင့်အလမ်းကိုလည်းကောင်း၊ စိတ်၏ ကြည်လင်မှုကိုလည်းကောင်း၊ ရေသာ ပုဂ္ဂိုလ်၏ ကိုယ်အကျင့် မစင်ကြယ်မှုကိုလည်းကောင်း နှုတ်အကျင့် မစင်ကြယ်မှုကိုလည်းကောင်း ထိုအခါ၌ နှလုံးမသွင်းအပ်၊ ရံဖန်ရံခါ (ဝိပဿနာ) စိတ်၏ အခွင့်အလမ်းကိုသော်လည်းကောင်း၊ စိတ်၏ ကြည်လင်မှုကိုသော်လည်းကောင်းနှလုံးသွင်းအပ်၏၊ ဤသို့အားဖြင့် ထိုပုဂ္ဂိုလ်၌ ရန်ငြိုးဖွဲ့ခြင်းကို ပယ်ဖျောက်ရမည်။ (၃)
ငါ့သျှင်တို့ ထိုပုဂ္ဂိုလ်ငါးမျိုးတို့တွင် မစင်ကြယ်သော ကိုယ်အကျင့်လည်းရှိ မစင်ကြယ်သောနှုတ်အကျင့်လည်းရှိ ရံဖန်ရံခါ (ဝိပဿနာ) စိတ်၏ အခွင့်အလမ်းကိုလည်းကောင်း၊ စိတ်၏ ကြည်လင်မှုကိုလည်းကောင်း မရေသာ ထိုပုဂ္ဂိုလ်၌ အဘယ်သို့လျှင် ရန်ငြိုးဖွဲ့ခြင်းကို ပယ်ဖျောက်ရမည်နည်း။
ငါ့သျှင်တို့ အနာနှိပ်စက်အပ်သည်ဖြစ်၍ ဆင်းရဲသော ပြင်းထန်စွာနာသော ယောက်ျားသည် ခရီးဝေးသို့သွားရာ၏၊ ထိုယောက်ျား၏ ရှေ့မှလည်း ရွာဝေးကွာ၏၊ နောက်မှလည်း ရွာဝေးကွာ၏၊ ထိုယောက်ျားသည် လျောက်ပတ်သော စားဖွယ်တို့ကို မရရာ၊ လျောက်ပတ်သော ဆေးတို့ကို မရရာ၊ လျောက်ပတ်သော အလုပ်အကျွေးကို မရရာ၊ ရွာတစ်ပါးသို့ ပို့ဆောင်မည့်သူကို မရရာ၊ ထိုသူနာကိုခရီးရှည်သွားသော ယောက်ျားတစ်ဦးသည် မြင်လေရာ၏၊ ထိုယောက်ျားသည် ထိုသူနာ၌ ကြင်နာခြင်းကိုသာလျှင် ဖြစ်စေရာ၏၊ သနားခြင်းကိုသာလျှင် ဖြစ်စေရာ၏၊စောင့်ရှောက်ခြင်းကိုသာလျှင် ဖြစ်စေရာ၏။
ဤယောက်ျားသည် လျောက်ပတ်သော စားဖွယ်တို့ကို ရပါမူ လျောက်ပတ်သော ဆေးတို့ကို ရပါမူလျောက်ပတ်သော အလုပ်အကျွေးကို ရပါမူ ရွာသို့ ပို့ဆောင်မည့်သူကို ရပါမူ ကောင်းလေစွဟု သနားစောင့်ရှောက်မှုကို ဖြစ်စေရာ၏။
ထိုသို့ ဖြစ်စေရခြင်းသည် အဘယ့်ကြောင့်နည်း၊ ဤယောက်ျားသည် ဤအရပ်၌ပင်လျှင် အကျိုးမဲ့ပျက်စီးခြင်းသို့ မရောက်ပါစေလင့်ဟု (နှလုံးသွင်းမိသောကြောင့်တည်း)။
ငါ့သျှင်တို့ ဤအတူသာလျှင် မစင်ကြယ်သော ကိုယ်အကျင့်လည်းရှိ မစင်ကြယ်သောနှုတ်အကျင့်လည်းရှိ၍ ရံဖန်ရံခါ (ဝိပဿနာ) စိတ်၏ အခွင့်အလမ်းကိုလည်းကောင်း၊ စိတ်၏ ကြည်လင်မှုကိုလည်း ကောင်းမရသော ပုဂ္ဂိုလ်၌လည်း ကြင်နာခြင်းကိုသာလျှင် ဖြစ်စေရမည်၊ သနားခြင်းကိုသာလျှင် ဖြစ်စေ ရမည်၊စောင့်ရှောက်ခြင်းကို သာလျှင် ဖြစ်စေရမည်။
ဤအသျှင်သည် ကာယဒုစရိုက်ကို ပယ်၍ ကာယသုစရိုက်ကို ပြါးပါမူ ဝစီဒုစရိုက်ကို ပယ်၍ ဝစီသုစရိုက်ကို ပြားပါမူ မနောဒုစရိုက်ကို ပယ်၍ မနောသုစရိုက်ကို ပြားပါမူ ကောင်းလေရာ၏ဟု ကြင်နာသနားစောင့်ရှောက်မှုကို ဖြစ်စေရမည်။
ထိုသို့ဖြစ်စေရခြင်းသည် အဘယ့်ကြောင့်နည်း၊ ဤအသျှင်သည် ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှနောက်၌ ချမ်းသာကင်းသော မကောင်းသော လားရာ ပ်က္စီး၍ ကျရောက်ရာ ဖြစ်သော ငရဲသို့မကပ်ရောက် ပါစေလင့်ဟု (နှလုံးသွင်းမိသောကြောင့်တည်း)၊ ဤသို့အားဖြင့် ထိုပုဂ္ဂိုလ်၌ ရန်ငြိုးဖွဲ့ခြင်းကို့ပယ်ဖျောက်ရမည်။ (၄)
ငါ့သျှင်တို့ ထိုပုဂ္ဂိုလ်ငါးမျိုးတို့တွင် စင်ကြယ်သော ကိုယ်အကျင့်လည်းရှိ စင်ကြယ်သော နှုတ်အကျင့်လည်း ရွိ၍ ရံဖန်ရံခါ (ဝိပဿနာ) စိတ်၏ အခွင့်အလမ်းကိုလည်းကောင်း၊ စိတ်၏ ကြည်လင်မှုကိုလည်းကောင်း ရေသာ ပုဂ္ဂိုလ်၌ အဘယ်သို့လျှင် ရန်ငြိုးဖွဲ့ခြင်းကို ပယ်ဖျောက်ရမည်နည်း။
ငါ့သျှင်တို့ ကြည်လင် ချိုမြိန် အေးမြသည့် ရေရှိသော ဖြူဖွေးသော ရေအဆင်းရှိသော ဆိပ်ကမ်းကောင်းသော နှလုံးမွေ့လျော်ဖွယ်ရှိသော အထူးထူးသော သစ်ပင်တို့ဖြင့် ဖုံးလွှမ်းအပ်သော ရေကန်သည်ရှိရာ၏၊ ထိုအခါ နွေ နေပူတို့ဖြင့် တွေ့ထိ နှိပ်စက်အပ်သည် ဖြစ်၍ ခရီးပင်ပန်းလျက် အစာရေစာဆာလောင် မွတ်သိပ်လာသော ထိုယောက်ျားသည် ထိုရေကန်အတွင်းသို့ သက်ဆင်းလျက် ရေချိုး၍လည်းကောင်း၊ ရေသောက်၍လည်းကောင်း တစ်ဖန်ပြန်တက်ပြီးလျှင် ထိုသစ်ပင်ရိပ်၌ပင်လျှင် ထိုင်၍ဖြစ်စေအိပ်၍ဖြစ်စေ နေရာသကဲ့သို့၊ ငါ့သျှင်တို့ ဤအတူသာလျှင် စင်ကြယ်သော ကိုယ်အကျင့်လည်းရှိ စင်ကြယ်သော နှုတ်အကျင့်လည်း ရွိ၍ ရံဖန်ရံခါ (ဝိပဿနာ) စိတ်၏ အခွင့်အလမ်းကိုလည်းကောင်း၊ စိတ်၏ကြည်လင်မှုကိုလည်းကောင်း၊ ရေသာ ပုဂ္ဂိုလ်၏ ကိုယ်အကျင့် စင်ကြယ်မှုကိုလည်းကောင်း၊ နှုတ်အကျင့်စင်ကြယ်မှုကိုလည်းကောင်း ထိုအခါ၌ နှလုံးသွင်းအပ်၏၊ ရံဖန်ရံခါ (ဝိပဿနာ) စိတ်၏ အခွင့်အလမ်းနှင့်စိတ်၏ ကြည်လင်မှုရခြင်းကိုလည်း နှလုံးသွင်းအပ်၏၊ ဤသို့အားဖြင့် ထိုပုဂ္ဂိုလ်၌ ရန်ငြိုးဖွဲ့ခြင်းကိုပယ်ဖျောက်ရမည်။
ငါ့သျှင်တို့ ထက်ဝန်းကျင်ကြည်ညိုဖွယ်ရှိသော ပုဂ္ဂိုလ်ကို အစွဲပြု၍ စိတ်သည် ကြည်လင်၏။ (၅)
ငါ့သျှင်တို့ ရန်ငြိုးဖွဲ့ခြင်းကို ပယ်ဖျောက်ကြောင်း တရားတို့သည် ဤငါးမျိုးတို့တည်း၊ ရဟန်းအားအာဃာတဖြစ်ပေါ်ရာ အာရုံ၌ (ဤငါးမျိုးတို့ဖြင့်) အာဃာတကို အချင်းခပ်သိမ်း ပယ်ဖျောက်ရမည်ဟု (မိန့်ဆို၏)။

Comments
Post a Comment