သွေးတိုးရောဂါရှိသူတို့ ဆင်ခြင်သင့်သည့် အစားအသောက်များ

ဒေါက်တာ ဒေါ်၀င်း၀င်းမြင့် (အာဟာရဆိုင်ရာအထူးကု ဆရာ၀န်ကြီးနှင့် တွေ့ဆုံဆွေးနွေးခြင်း)







သွေးပေါင် 140/90 mmHg ရှိနေရင် သွေးတိုးနေပြီလို့ အကြမ်းအားဖြင့် သတ်မှတ်ပါတယ်။ ဒါပေမဲ့ တစ်ယောက်နဲ့တစ်ယောက်ကတော့ မတူတာမျိုးလည်း ရှိတတ်ပါတယ်။



 ဆား (ဆိုဒီယမ်)



သွေးတိုးရင် အဓိကလျှော့စားသင့်တဲ့ဓာတ်က ဆိုဒီယမ်ပါ။ ပုံမှန်ဆိုရင် သာမန်လူတစ်ယောက်က ဆိုဒီယမ္ကို တစ်နေ့ ၂၃၀၀ မီလီဂရမ် (လက်ဖက်ရည်ဇွန်းတစ်ဇွန်း ပမာဏ)ပဲ စားသင့်ပါတယ်။ ဟင်းချက်တဲ့အခါ ဇွန်းရဲ့တစ်၀က် ဒါမှမဟုတ် သုံးပုံတစ်ပုံပဲ အများဆုံးစားသင့်ပါတယ်။ တစ်နေ့လုံးနေမှ အဲဒီလောက်ပမာဏပဲ စားသင့်ပါတယ်။ ဒါကြောင့် ကြာရှည်ခံအောင်လုပ်ထားတဲ့ သနပ်တွေ၊ ဟမ်ဘာဂါတွေ၊ ပီဇာလိုအစာမျိုး တစ်နေ့တည်းမှာ အများကြီးမစားသင့်ပါဘူး။ သွေးတိုးရင် အဓိကလျှော့စားသင့်တဲ့ဓာတ်က ဆိုဒီယမ်ပါ။ ပုံမှန်ဆိုရင် သာမန်လူတစ်ယောက်က ဆိုဒီယမ္ကို တစ်နေ့ ၂၃၀၀ မီလီဂရမ် (လက်ဖက်ရည်ဇွန်းတစ်ဇွန်း ပမာဏ)ပဲ စားသင့်ပါတယ်။ ဟင်းချက်တဲ့အခါ ဇွန်းရဲ့ တစ်၀က် ဒါမှမဟုတ် သုံးပုံတစ်ပုံပဲ အများဆုံး စားသင့်ပါတယ်။



 ငါးပိ၊ ငါးခြောက်၊ ပုစွန်ခြောက်



နိုင်ငံခြားကလူတွေက အသားများများစားလို့ သွေးတိုးကြပေမယ့် ဒီမွာက ငါးပိ၊ ငါးခြောက်၊ ပုစွန်ခြောက် စားတာက ပြဿနာဖြစ်ပါတယ်။ နဂိုကတည်းက အခြောက်အခြမ်းတွေ၊ ငါးပိကြော်တွေ၊ ငံပြာရည်ကြော်တွေ၊ ငါးပိရည်တွေကို အဓိကထားစားတော့ သွေးတိုးဖြစ်ရင် မက်တတ္ဘူး။ ဒါကြောင့် လျှော့စားဖို့အကြံပြုချင်ပါတယ်။



 ကာဗိုဟိုက်ဒရိတ်



သွေးတိုးရောဂါရှိသူတွေအနေနဲ့ ထမင်းပန်းကန်လုံး သုံးလုံးပဲ စားသင့်ပါတယ်။ ပေါင်မုန့်ဆိုရင်လည်း ခြောက်ချပ်ထက်ပိုပြီး မစားရပါဘူး။ ခေါက်ဆွဲစားမယ်ဆိုရင်လည်း ပန်းကန်လုံးနဲ့ သုံးလုံးပဲစားသင့်ပါတယ်။ မနက္စာ ခေါက်ဆွဲတစ်ခွက် စားလိုက်တယ်ဆိုရင် ညေနမွာ ထမင်းပန်းကန်လုံးတစ်လုံး စားသင့်ပါတယ်။ ခေါက်ဆွဲဆိုတဲ့နေရာမှာ အသင့်စား ခေါက်ဆွဲခြောက်တွေမှာ ဆိုဒီယမ်ပါ၀င်နှုန်းက ပိုများတာကြောင့် မစားသင့်ပါဘူး။



 DASH Diet



DASH Diet ဆိုတာ Diet Approach to Stop Hypertension ဆိုတဲ့သွေးတိုးရောဂါကိုကာကွယ်ဖို့ စားသောက်နည်းဆိုပြီး ချမှတ်ထားတာရှိပါတယ်။ သွေးတိုးရောဂါရှိတဲ့သူတစ်ယောက်က တစ်နေ့ကို ဆား ၂ ဂရမ္ထက္ပိုမစားရပါဘူး။ အဓိကစားသင့်တာက ဟင်းသီးဟင်းရွက်တွေပါ။ သွေးတိုးရောဂါဖြစ်တဲ့အခါ နောက်ဆက်တွဲအနေနဲ့ ကိုလက္စထေရာတက္တာ၊ ဆီးချိုသွေးချိုရောဂါတွေလည်း ဖြစ်တတ်ပါတယ်။



 အချိုပွဲမုန့်များ



အချိုပွဲမှာစားတဲ့ သေရစာ (ကိတ်မုန့်၊ မုန့်အချို)တွေလည်း သကြားနဲ့ ဆားပါ၀င်တာများပါတယ်။ သွေးတိုးရောဂါရှိရင် အချိုကဲတဲ့အစာတွေ၊ ဆီကြော်မုန့်တွေ၊ အနီရောင်ရှိတဲ့ အသားတွေကိုရှောင်ရပါမယ်။



 မာဂျရင်းထောပတ်



မာဂျရင်း ထောပတ်စားမယ်ဆိုရင် တစ်ရက်ကို ထမင်းစားဇွန်း တစ်ဇွန်းစာပဲ စားသင့်ပါတယ်။



 ဆီ



ဆီစားမယ်ဆိုရင်လည်း တစ်ရက်လုံးနေမှ လက်ဖက်ရည်ဇွန်းနဲ့ သုံးဇွန်းက အများဆုံးပါပဲ။ ဟင်းအနှစ်တွေစားတာလည်း ရှောင်သင့်ပါတယ်။ ဖြစ်နိုင်ရင် ညစာကိုလျှော့စားပြီး နေ့လည်စာနဲ့ ညစာမွာ အသီးအရွက်များများစားပေးပါ။ သရေစာစားမယ်ဆိုရင် သစ်သီးတွေပဲ ရွေးစားသင့်ပါတယ်။



 စည်သွပ်ဘူး



သေရစာ စားမယ်ဆိုရင်လည်း အသီးစားဖို့ပြောတဲ့အခါ တချို့တွေက စည်သွပ်ဘူးထဲက သစ်သီးတွေကို စားဖြစ်ကြပါတယ်။ လိုင်းချီသီးတွေ၊ ကြက်မောက်သီးတွေ၊ နာနတ်သီးတွေပါ။ အဲဒါတွေလည်း မကောင်းပါဘူး။ ဆိုဒီယမ်ဓာတ်တွေ များနေတတ်လို့ပါ။



 အရက်



သွေးတိုးသမားတွေမှာ နောက်တစ်ခုထပ်လျှော့ရမှာက အရက်ဖြစ်ပါတယ်။ သွေးတိုးရှိတဲ့ အမျိုးသားတွေက အရက္ကို ဘယ်လောက်မှဆက်မသောက်သင့်ပါဘူး။ အရက်သောက်တာများလေလေ သွေးတိုးရောဂါ တိုးလေလေပါပဲ။



_

(Healthy Life ဂျာနယ်

Comments

  1. The best slot machines - CasinoGrounds
    The best slot machines, from the most popular casino to the most successful casino games. bet365 우회 For 있습니다 the very 예스 벳 88 best 비트 코인 게임 in a casino, 포커게임다운 you can win big!

    ReplyDelete

Post a Comment

Popular posts from this blog

အဘိဏှသုတ် (ပါဠိ - မြန်မာ)

တာ၀တိံသာ နတ်ပြည်မကြွခင် အခြေအနေများ