ပုဗ္ဗ မုဉ္စ အပရစေတနာ ဆိုတာ.....
" ပုဗ္ဗ မုဉ္စ အပရေစတနာ ဆိုတာ.....
ပုဗ္ဗစေတနာ
အလှူတစ်မျိုးကို လှူဒါန်းရာ၌ ပုဗ္ဗစေတနာ ၊ မုဉ္စစေတနာ ၊ အပရေစတနာ ဟု ၃ မျိုးရနိူင်၏ ။
ထို့တွင် အလှူပေးမည်ဟု ကြံစည်ကာ ထိုအလှူနှင့်ဆိုင်သော ပစ္စည်းများကို ရှာဖွေစုဆောင်း နေသော အခါမွစ၍ မလှူမီေ့ရှအဖို့၌
ဖြစ်သမျှကုသိုလ်စေတနာတွေသည် ပုဗ္ဗစေတနာ မည်၏ ။ ထိုသို့ ပုဗ္ဗစေတနာ နယ်အတွင်း၌ ဤအလှူဒါနကို အကြောင်းပြု၍
အလှူ ့ဒကာ အလှူ ့ဒကာမ ၊ ကျောင်းဒကာ ၊ ကျောင်းအမ စသည်ဖြင့် ထင်ရှားကျော်ကြားစေလိုသောစိတ် ၊ ကျော်စောလိုသောစိတ် ၊
မိမိလှူနိူင်ကြောင်း ကြွားလိုသောစိတ်များ
မဖြစ်စေရပါ ။ လှူဖို့ရာ ပစ္စည်းစုခိုက် အိမ်သားအချင်းချင်း အလှူနှင့် စပ်၍ မကျေမနပ် ဒေါသ မာန စေသာ အကုသိုလ်များ ၊ အလှူကို လှူမည်ဟု ကြံခဲ့ပြီးမှ တစ်စုံတစ်ခုအတွက် စိတ်ပျက်ပြီး တွန်းဆုတ်သော မလှူလိုသော စိတ်များ
မဖြစ်စေရ ။ ထိုသို့ မဖြစ်စေဘဲ ပျော်ရွှင်၀မ်းမြောက်စွာ အရာရာကျေနပ်လျက် လှူဖွယ် အရပ်ရပ်တို့ကို စီမံနိူင်လျှင် ပုဗ္ဗစေတနာ တွေ
အလွန်စင်ကြယ်စွာ ဖြစ်နေပြီ ဟုမှတ်ပါ ။
မုဉ္စစေတနာ
မုဉ္စ - သဒ္ဒါသည် စွန့်လွတ်ခြင်း ဟူသော အနက်ကို ဟော၏ ။ ထို့ကြောင့် စွန့်လွတ် လှူဒါန်းနေတုန်း အခိုက်၌ ဖြစ်သော စေတနာသည်
(ဆွမ်းလှူရာ၌ ဆွမ်းကို အလှူခံ ပုဂ္ဂိုလ်အား ကပ်လှူနေတုန်းမှာ ဖြစ်သော စေတနာနှင့် ကိုယ်ထိလက်ရောက် မကပ်ဘဲ နှုတ်ဖြင့်
လျှောက်ထား၍ လှူရာ၌ လှူပါ၏ ဟု ဆိုခိုက်မှာ ဖြစ်သော စေတနာသည်) မုဉ္စစေတနာ မည်၏ ။ ဤမုဉ္စစေတနာ အခိုက်လည်း
ပြခဲ့သော အကုသိုလ်စိတ်များ မဖြစ်စေဘဲ ၊ အလှူခံမည့် ပုဂ္ဂိုလ်ကိုလည်း ကပ်ငြိတွယ်တာသော တဏှာလောဘစိတ် မဖြစ်စေဘဲ ယခု
လှူဒါန်းလိုက်သည့် အတွက်ကြောင့် ငါ၏ ကိစ္စကို ကူညီဆောင်ရွက်လိမ့်မည်ဟု တစ်စုံတစ်ခုသော လောကီအကျိုးကို မမျှော်လင့်ဘဲ
ရက်ရက်ရောရော လှူဒါန်းနိူင်ပါလျှင် မုဉ္စစေတနာတွေ စင်ကြယ်စွာ ဖြစ်ပြီ ဟု မှတ်ပါ ။
အပေရစတနာ
အလှူအထမြောက်ပြီးနောက် ထိုကုသိုလ်နှင့် စပ်၍ဖြစ်သမျှစေတနာကို အပရေစတနာ ဟုခေါ်၏ ။ ထို့ကြောင့် ဒါနပြုပြီးနောက်ထိုဒါနကို
သတိရတိုင်း အလှူအထမြောက်ပေပြီ ၊ ၀မ်းမြောက်ဖွယ် ကောင်းပေသည် ။ နောက်ထပ် လှူချင်သေးသည် ဟု ၀မ်းမြောက် ၀မ်းသာ
ဖြစ်နေလျှင် အပရေစတနာ နယ်၌လည်း ကုသိုလ် စေတနာတွေ ထပ်မံတိုးပွားပြန်၏ ။ အလှူပေးပြီးနောက် ပစ္စည်းပျက်ပြား၍ ဖြစ်စေ ၊
ကျောင်းဆောက် ကိုးကွယ်ပြီးနောက် ကျောင်းထိုင် ဘုန်းကြီးအပေါ်၌ မကျေနပ်၍ ဖြစ်စေ ငါလှူမိတာ မှားလေစွ ဟု အပရေစတနာ
ပျက်လျှင် အလှူနှင့်စပ်၍ မကျေနပ်ခြင်းဟူသော ဒေါသ အကုသိုလ်ပင် ဖြစ်ပါသေးသည် ။
သတိထားဖွယ်
ဒါနပြုရာ၌ ကျောင်းဆောက်မှု ၊ ဘုရားတည်မှု ၊ အလှူကြီးပေးမှု စသည်တို့ဖြင့် ကြီးကျယ်သော ဒါနလည်းရှိ၏ ။ ဆွမ်း ၊ သင်္ကန်း ၊ ဆေး
အစရှိသည်တို့ဖြင့်လည်းကောင်း ၊ မရှိဆင်းရဲသားတို့အား စွန့်ကြဲပေးကမ်းမှု စသည်တို့ဖြင့်လည်းကောင်း အနည်းအပါး ဒါနလည်းရှိ၏ ။
ထို့တွင် ကြီးကျယ်သော ဒါနတို့၌ အလှူခံပုဂ္ဂိုလ် အတွက်ဖြစ်စေ ၊ သူတစ်ပါးတို့လာရောက် နှောင့်ယှက်သောကြောင့် ဖြစ်စေ
စေတနာပျက်ဖွယ်တွေ (စိတ္ထားမတက္သူ ၊ ဥာဏ္မရွိသူမွာ) မ်ားလွ၏ ။ ထို့ကြောင့် ထိုသို့ ဒါန အကြီးအကျယ် လှူရာ၌ မိမိကိုယ်တိုင်
စွမ်းနိူင်သမျှ စဉ်းစားရုံသာမကဘဲ မိတ်ဆွေကောင်းဆရာကောင်းတို့နှင့် တိုင်ပင်ကာ ပုဂ္ဂိုလ်ကောင်းများကို ရွေးချယ်၍
ပြုလုပ်ထိုက်ကြပေသည် ။ အနည်းငယ်ပြုကြသော ဒါနတို့ကားခွေး တိရစၧာန်များကို ကျွေးမွေးရခြင်းသည်ပင် အကျိုးများလှပြီ
ဖြစ်သောကြောင့် အလှူခံပုဂ္ဂိုလ်ကို မရွေးချယ်သော်လည်း အရေးမကြီးလှ ၊ အချို ့အရာ၌ သံဃိတဒါန မြောက်အောင် စိတ္ထား၍
အချို ့အရာ၀ယ် လှူဖွယ်၀တ္တုများ၌ မတြယ္တာဘဲ မုတ္တစာဂီ ဖြစ်အောင် စွန့်လွှတ် ပေးကမ်းလှူဒါန်းကြရမည် ။ (မုတ္တ = မတြယ္တာဘဲ
လွတ်လွတ်ကျွတ်ကျွတ် + စာဂီ = စွန့်ကြဲပေးကမ်းလေ့ရှိသူ ) အလှူခံပုဂ္ဂိုလ်၌လည်း မတြယ္တာ ၊ လှူဖွယ်ပစ္စည်း၌လည်း မတြယ္တာ ၊
နောက်ဘ၀၌ လူနတ်စည်းစိမ်ကိုလည်း မတြယ္တာ မတောင့်တဘဲ နိဗ္ဗာန်ကိုရည်မှန်းလျက် လွတ်လွတ်ကျွတ်ကျွတ် လှူဒါန်းသူဟုဆိုလိုသည် ။
_
မဟာဂန္ဓာရုံ ဆရာတော်ကြီး အရှင်ဇနကာဘိဝံသ ရေးသားတော်မူသော ကိုယ်ကျင့်အဘိဓမ္မာကျမ်းမှ

Comments
Post a Comment