CWM ဆိုတာဘာလဲ , ဘယ်လိုအလုပ်လုပ်သလဲ
" CWM ဆိုတာဘာလဲ , ဘယ်လိုအလုပ်လုပ်သလဲ "
CWM ဆိုတာကတော့ ClockWorkMod ကိုဆိုလိုပါတယ်၊ CWM ကို Android သုံးဖုန်းနဲ့ Tablet တွေ Recovery လုပ်ဖို့သုံးပါတယ်၊ ဒီလိုCWM သုံးပြီး recover လုပ်တာကိုပဲ CWM recovery လို့ခေါ်ပါတယ်၊ CWM recovery လုပ်ခြင်းအားဖြင့် Stock Recovery နဲ့ မလုပ်နိုင်တဲ့ Data ပြန်လည်သိုလှောင်ခြင်း root access ရယူခြင်း အသုံးပြုတဲ့ ဖုန်းထဲက data တွေကို Backup လုပ်ခြင်း Custom ROM ထည့်သွင်းအသုံးပြုခြင်း Kernel တပ်ဆင်ခြင်း စသဖြင့် အလုပ်တွေအများကြီး
ကိုလုပ်သွားနိုင်ပါတယ်၊ Androidအခြေခံ အဆင့် ကို နားမလည်သေးသူတွေအတွက် ClockWorkMod ကိုသုံးပြီး Recovery လုပ်ရင်အခက်အခဲတွေ့နိုင်သလို CWM recovery ရဲ့အစွမ်းကိုလဲ သဘောပေါက်ဖို့ခက်ခဲနေပါအုံးမယ်၊ Android Devices
တွေအားလုံး recovery console ကို ဖုန်းအတွင်းပိုင်း memory ထဲထည်ပြီးကုမ္ပဏီ
တွေက ထုတ်လုပ်ရောင်းချပါတယ်၊ Recover console ကနေ Bootတက်နိုင်ပါတယ်၊
အကယ်၍ မလိုလားအပ်တဲ့ ပြသနာတွေ တက်လာပြီဆိုရင် ကျွန်တော်တို့ Factory Reset သုံးပြီး Recover လုပ်နိုင်ပါတယ်၊ ဒါမှမဟုတ် zip ဖိုင်နဲ့လာတဲ့ Official ROM ကိုUpdate လုပ်နိုင်ပါတယ်၊ ဒီလိုအချက်လောက်သာလျှင်လုပ်နိုင်တာပါ၊ Custom Recovery ကတော့ သူမတူတဲ့အလုပ်မျိုးကို လုပ်နိုင်ပါတယ်၊ Custom Recovery ကတော့ Stock Recovery လိုမဟုတ်ဘဲ StockRecovery လုပ်နိုင်သမျှကိုလုပ်နိုင်
တဲ့အပြင် ကိုယ်ပိုင် Android ကို စိတ်ကြိုက်ထိန်းချုပ်နိုင်အောင် အဆင့်မြင့်တဲ့ Options တွေပါလာပါတယ်၊ Custom Recovery ကို သုံးရင် တရားဝင်ကော တရားမဝင် ROMs တွေကိုပါ Install လုပ်နိုင်ပါတယ်၊ အခြား Application Update လုပ်ခြင်း Themes ပြောင်းခြင်း Kernel ပြောင်းလဲခြင်း Zip ဖိုင် အသုံးပြုခြင်း User Data အပါအဝင် ဖုန်း Partition တွေအားလုံးကို ဖြတ်နိုင်ခြင်း SD cards Partition ခွဲခြင်း Dalvik Cache များဖြတ်ပစ်ခြင်း Permission များပြောင်းလဲခြင်း Resotre နဲ့ Backup မှာ စိတ်ကြိုက်အစိတ်အပိုင်းတွေကို ရွေးချယ်နိုင်ပြီး အခြားလုပ်ဆောင်ချက်
များကိုလဲ မိမိစိတ်တိုင်းကျလုပ်နိုင်ပါတယ်၊ ClockWorkMod recovery ကို Koushik Dutta က Develop လုပ်ခဲ့ပါတယ်၊ Android ROM Manager ကို Develop လုပ်တဲ့
သူပါပဲ၊ သူ့ရဲ့ Hacking away at Android devices ဆိုတဲ့ Blog နဲ့ Twitter မှာသူ့ကို
ရှာတွေ့နိုင်ပါတယ်။
_
Credit : Brighter Myanmar

Comments
Post a Comment