မိုးရေချိန် တိုင်းတာနည်း






လေတိုက်နှုန်းတိုင်းတာနည်းလေးပြီးတော့.. မိုးရေချိန် တိုင်းတာနည်းလေးပေါ့။ မိုးရေချိန်တိုင်းတာတဲ့ ကိရိယာကိုတော့ အင်္ဂလိပ်လို Rain Gauge လို့ ခေါ်ပါတယ်။ စလင်ဒါပုံ ခွက်လေးတစ်ခု နဲ့ တိုင်းတာတဲ့ ပေတံ တစ်ခု (ပူးတွဲ) ထားရှိဖို့ လိုပါမယ်။ ၁၂ လက်မ အထိ ထားလို့ရပါတယ်။


စလင်ဒါခွက်ရဲ့ အကျယ်ကိုတော့ ကန့်သတ်ထားတာ မရှိပါဘူး။ အဝ ကျယ်သလောက် ခွက်ကျယ်ပြီး ရေဝင်လည်း များမှာပါ။ အချိုးကျကြည့်လျှင် သိပ်မကွာခြားပါဘူး။ စလင်ဒါ ဖြစ်ဖို့တော့ လိုပါတယ်။ ဒီခွက်ကို မိုးရေ တိုက်ရိုက်ကျရောက်တဲ့ နေရာမှာထားရပါမယ်။ တခါတရံမှာ မိုးနဲ့အတူ လေ ပါ ပါလာတတ်လို့.. ဒီခွက်ကို သေချာ ဖိထား (သို့) ချိတ်ထားဖို့တော့ လိုပါမယ်။ ပုံမှာပြထားသလို ခွက်ထဲကို ကျောက်ခဲတုံးလေးများ ထည့်ဖိထားလို့ရပါတယ်။ ၁ လက်မထက်တော့ မပိုရပါ။


မတိုင်းတာခင်မှာ ခွက်ထဲကို ရေ ၁ လက်မလောက် ထားရှိပြီး စမှတ်ကို မှတ်သားနိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့.. ခွက်ရဲ့ အောက်ခြေဟာ ပုံစံအမျိုးမျိုး ဖြစ်နေနိုင်လို့ပါ။ မိုးတိုက်ရိုက်ကျတဲ့ ကွင်းပြင် (ဟင်းလင်းပြင်) မှာထားပြီး ၂၄ နာရီ ရွာသောမိုးကို တိုင်းတာပါတယ်။ ပြီးလျှင်တော့.. ဘားဂရပ်တစ်ခုဆွဲပြီး တစ်နေ့တာ၊ တစ်ပတ်စာ မိုးရေချိန်၊ တစ်လစာ မိုးရေချိန်၊ ၃ လစာ၊ တစ်နှစ်စာ မိုးရေချိန် အစရှိသဖြင့် တိုင်းတာ ဖော်ပြကြပါတယ်။ 


အဆိုပါ မိုးရေချိန်ကို တိုင်းတာတဲ့ အကြိမ်အရေအတွက်နဲ့ စားပြီး ရရှိတဲ့ မိုးရေချိန်ပမာဏကို အဆိုပါဒေသရဲ့ ပျမ်းမျှ ရှိနေကျ မိုးရေချိန်အဖြစ် သတ်မှတ်ပါတယ်။ အဲ့ဒီ့ပမာဏထက် နည်းလျှင် မိုးခေါင် သည်ဟုသတ်မှတ်ပြီး များလျှင်တော့.. ထူးခြားတဲ့ မိုးရေချိန်အဖြစ် သတ်မှတ်ပါတယ်။ မိုးသည်းထန်စွာရွာသွန်းခြင်းကြောင့်.. ရေကြီးခြင်း၊ ကောက်ပဲသီးနှံများ ပျက်ဆီးခြင်းတို့ ဖြစ်တတ်ပါတယ်။


_

Credit... 

အနာဂတ်ပညာရေးအတွက်..


သန့်ဦး (အာကာသနှင့် စကြဝဠာ သင်ထောက်က

Comments

Popular posts from this blog

အဘိဏှသုတ် (ပါဠိ - မြန်မာ)

တာ၀တိံသာ နတ်ပြည်မကြွခင် အခြေအနေများ