မြတ်စွာဘုရားလက်ထက်တော် ဧတဒဂ်ဘွဲ့ရ ရဟန္တာထေရ်များ (၄၁)ပါး
၁။ အရှင်ကောဏ္ဍည=ဝါတော်ကြီးရင့်ခြင်း၊ ရတ္တညူအရာ။
၂။အရှင်သာရိပုတ္တရာ=ဉာဏ်ပညာကြီးခြင်း၊ မဟာပညာအရာ။
၃။အရှင်မဟာမောဂ္ဂလာန်=တန်ခိုးဣဒ္ဓိပါဒ်ကြီးခြင်း။
၄။အရှင်မဟာကဿပ=ဓုတင်ဆောင်ခြင်း။
၅။အရှင်အနုရုဒ္ဓါ=ဒိဗ္ဗစက္ခုအဘိညာဉ်ရခြင်း။
၆။ အရှင်ဘဒ္ဒိယ=အမျိုးမြတ်ခြင်း။
၇။အရှင်လကုဏ္ဍကဘဒ္ဒိယ=အသံသာခြင်း။
၈။အရှင်ပိဏ္ဍောလဘာရဒွါဇ=ရဲတင်းသောစကားကို ဆိုခြင်း။
၉။ အရှင်ပုဏ္ဏ=ဓမ္မကထိကအရာ တရားဟောကြားခြင်း။
၁၀။ အရှင်ကစ္စာန=အကျဉ်းကို အကျယ်ဟောခြင်း။
၁၁။ အရှင်စူဠပန္ထက=မနောမယအဘိညာဉ် ဖန်ဆင်းခြင်း, ရူပါဝစရစျာန်အရာ၌ လိမ္မာကျွမ်း ကျင်ခြင်း။
၁၂။ အရှင်မဟာပန္ထက=အရူပစျာန်မှထ၍ ရဟန္တာဖြစ်ခြင်း၊(အရူပါဝစရစျာန်အရာ၌ လိမ္မာ ကျွမ်းကျင်ခြင်း)
၁၃။အရှင်သုဘူတိ=အပြစ်မရှိသောနေခြင်းနှင့် အလှူခံထိုက်ခြင်း။
၁၄။အရှင်ခဒိရဝနိယရေဝတ=တောရဆောက်တည်ခြင်း။
၁၅။အရှင်ကင်္ခါရေဝတ=စျာန်ဝင်စားခြင်း။
၁၆။ ကောဠိဝိသနွယ်ဖွား အရှင်သောဏ=လုံ့လဝီရိယကြီးခြင်း။
၁၇။ ကုဋိကဏ္ဏမည်ရ အရှင်သောဏ=အဟောအပြောကောင်းခြင်း။
၁၈။ အရှင်သီဝလိ=လာဘ်ပေါများခြင်း။
၁၉။အရှင်ဝက္ကလိ=သဒ္ဓါတရားလွန်ကဲခြင်း။
၂၀။ အရှင်ရာဟုလာ=သိက္ခာသုံးပါး ကျင့်ဆောင်ခြင်း။
၂၁။ အရှင်ရဋ္ဌပါလ=သဒ္ဓါ၍ ရဟန်းပြုခြင်း။
၂၂။အရှင်ကုဏ္ဍဓာန(ကောဏ္ဍဓာန)=စာရေးတံမဲ ပဌမရယူခြင်း။
၂၃။ အရှင်ဝင်္ဂီသ=ဖွဲ့ဆိုသီကုံးမှု၌ ဉာဏ်ပဋိဘာန်ရှိခြင်း။
၂၄။ အရှင်ဥပသေန=ကြည်ညိုဖွယ်ရာ ဖြစ်ခြင်း။
၂၅။ အရှင်ဒဗ္ဗ=သံဃာတော်များအတွက် နေရာချထားခြင်း။
၂၆။အရှင်ပိလိန္ဒဝစ္ဆ=နတ်တို့ချစ်မြတ်နိုးခြင်း။
၂၇။ အရှင်ဒါရုစိရိယ=လျင်မြန်စွာ ထိုးထွင်းသိခြင်း=ခိပ္ပါဘိညာ။
၂၈။ အရှင်ကုမာရကဿပ=ဆန်းကြယ်စွာ တရားဟောခြင်း။
၂၉။အရှင်မဟာကောဋ္ဌိက=ပဋိသမ္ဘိဒါလေးပါး ရခြင်း။
၃၀။ အရှင်အာနန္ဒာ=အကြားအမြင်များခြင်း, သတိကောင်းခြင်း, ဉာဏ်ကောင်းခြင်း, လုံ့လကြီးခြင်း, လုပ်ကျွေးပြုစုခြင်း=ဤငါးချက်။
၃၁။အရှင်ဥရုဝေလကဿပ=အခြံအရံများခြင်း။
၃၂။အရှင်ကာဠုဒါယီ=ဆွေတော်မျိုးတော်တို့ကို ကြည်ညိုစေခြင်း။
၃၃။ အရှင်ဗာကုလ=ကျန်းမာရေးနှင့် ပြည့်စုံခြင်း၊(အနာရောဂါ ကင်းခြင်း)
၃၄။အရှင်သောဘိတ=ပုဗ္ဗေနိဝါသအဘိညာဏ်။
၃၅။ အရှင်ဥပါလိ=ဝိနည်းဆောင်ခြင်း။၃၆။ အရှင်နန္ဒက=ဘိက္ခုနီတို့အား ဆုံးမခြင်း။
၃၇။ အရှင်နန္ဒ=ဣနြေ္ဒစောင့်ခြင်း။၃၈။ အရှင်မဟာကပ္ပိန=ရဟန်းများအား ဆုံးမခြင်း။
၃၉။အရှင်သာဂတ=တေဇောဓာတ်သမာပတ်၌ ဝင်စားခြင်း။
၄၀။ အရှင်ရာဓ=ဒေသကဘုရားရှင်အား ဒေသနာဉာဏ်အဆင့်ဆင့် ပွင့်စေခြင်း။
၄၁။အရှင်မောဃရာဇ=ခေါင်းပါးသောသင်္ကန်းကို ဆောင်ခြင်း။ တို့ ဖြစ်ကြပါတယ်။ ။
_
{မင်္ဂလာသတင်းစဉ်။မှတ်သားဖွယ် ဗဟုသုတဆိုင်ရာ အကြောင်းအရာများမှ ကူးယူရေးသားပူဇော်ပါသည်။ }
Comments
Post a Comment