လေတိုက်နှုန်း ဘယ်လိုတိုင်းသလဲ..?

လေတိုက်နှုန်း တိုင်းတာခြင်းနဲ့ လေညွှန်တံ တို့အကြောင်း အာကာသနှင့် စကြဝဠာမှ အနည်းငယ်မျှဝေပေးချင်ပါတယ်။ ဆရာ၊ ဆရာမ များအတွက် Knowledge အဖြစ်သာ ရည်ရွယ်ပါတယ်။ သင်ကြားသည့်အခါ ကျောင်းသား၏အသက်အရွယ်ပေါ် မူတည်ပြီး ချင့်ချိန် သင်ကြားပေးနိုင်ပါတယ်။


လေညွှန်တံ (Wind Vane) ဟာ လေတိုက်ရာ အရပ်မျက်နှာကို ညွှန်ပြပါတယ်။ အဲ့ဒီ့လို ညွှန်ပြနိုင်အောင် သူ့ကို အနည်းငယ်မြင့်သော နေရာတွေမှာ ထားရပါတယ်။ Vane ဆိုတာကတော့ ရှေးအင်္ဂလိပ်စကားတစ်ခုဖြစ်ပြီး Flag (အလံ) လို့ အဓိပ္ပါယ်ရပါတယ်။ 


လေတိုက်နှုန်း တိုင်းတဲ့ အရာဝတ္ထုကိုတော့ အန်နီမိုမီတာ (Anemometer) လို့ခေါ်ပါတယ်။ (ပုံ) Anemos ဟာ ဂရိဘာသာစကားမှ ဆင်းသက်လာတာဖြစ်ပြီး လေ (wind) လို့ အဓိပ္ပါယ်ရပါတယ်။ လေရဲ့ တိုက်ခတ်နှုန်း (တနည်း) အရှိန် (speed) ကို တိုင်းတာတဲ့ ကိရိယာကို အသုံးပြုပြီး လေညွှန်တံနှင့် တွဲဖက်ခါ လေတိုက်ရာအရပ်နဲ့ တိုက်ခတ်နှုန်းကို တိုင်းတာရပါတယ်။


ဘယ်လို တိုင်းတာသလဲ..?


လေတိုက်နှုန်း တိုင်းတဲ့ Anemometer ခွက်လေးတွေကို အရောင်ခွဲခြားခြင်း (သို့မဟုတ်) အမှတ်အသား မှတ်သားခြင်း ပြုလုပ်ရပါမယ်။ ထိုသို့ ပြုလုပ်ခြင်းဖြင့် တစ်ပတ်လည်ခြင်း ကို အလွယ်တကူ မှတ်သားနိုင်ပါတယ်။ လေတိုက်သည့် နေရာတွင် Anemometer ကို မြှောက်ကိုင်ထားပြီး တစ်မိနစ်မှာ ဘယ်နှစ်ပတ် လည်သည်ဆိုတာကို မှတ်သားရပါမယ်။ လေကွယ်ရပ် (တနည်း) လေကွယ်သည့် အရာများ မရှိသင့်ပါ။


 တစ်မိနစ်တွင် လည်ပတ်သော အပတ်ရေကို မှတ်သားရပါမယ်။ အနည်းဆုံး ၄ ကြိမ် မှ ၅ ကြိမ် တိုင်းတာပြီး ပျမ်းမျှ လည်ပတ်ခြင်းကို တွက်ယူရပါမယ်။ တစ်မိနစ်လျှင် (၁၀) ကြိမ် လည်ပတ်လျှင်... လေတိုက်နှုန်း သည် တစ်နာရီလျှင် ၁ မိုင်ရှိသည်ဟု အကြမ်းဖျဉ်း မှတ်ယူနိုင်ပါတယ်။ ၁ မိနစ်လျှင် အပတ် (၅၀) သို့မဟုတ် ၁ နာရီလျှင် (၅) မိုင်အောက်ရှိလျှင် လေငြိမ်သည်ဟု သတ်မှတ်နိုင်ပါတယ်။ 


တစ်နာရီလျှင် ၅-၁၀ မိုင် ရှိလျှင် လေပြည်၊ ၁၀-၂၀ မိုင် ရှိလျှင် လေညှင်း၊ ၂၀-၄၀ မိုင် ရှိလျှင် လေထန်၊ ၄၀ မိုင်အထက်ဆိုလျှင် မုန်တိုင်းဟု သတ်မှတ်ပါသည်။ လေသည် ဖိအားများရာမှ ဖိအားနည်းရာသို့ တိုက်ခတ်ကြပါတယ်။ လေဖိအားဟာ အပူချိန်အပေါ် မူတည်ပြီး ပြောင်းလဲပါတယ်။ လေဖိအားတိုင်းတာတဲ့ ကိရိယာကိုတော့.. ဘာရိုမီတာ (Barometer) လို့ ခေါ်ပါတယ်။ 

_

Credit.....

အနာဂတ်ပညာရေးအတွက်...

သန့်ဦး (အာကာသနှင့် စကြဝဠာ သင်ထောက်ကူ)




Comments

Popular posts from this blog

အဘိဏှသုတ် (ပါဠိ - မြန်မာ)

တာ၀တိံသာ နတ်ပြည်မကြွခင် အခြေအနေများ