" တရုတ် ၁၂ ကောင်အဟော '' တရုတ်ဘွားနှစ်တွက်ရန် ဒီကို ကိုသွားပါ။ ကွန်ပြူတာ ပရိုဂရမ်အများစုသည် 1 လပိုင်း၊ 2 လပိုင်းမွေးသူများအတွက် အတန်ငယ် ကွာဟချက်ရှိနေပါသည်။ သတိပြု၍ တွက်ပါရန် ... ဥပမာအားဖြင့် .... 7.1.1985 မွေးသူကို နွားနှစ်ဘွား ဟု ပရိုဂရမ်မှ တွက်ပေး၏။ အမှန်စင်စစ် ၎င်းကာလမွေးသူမှာ ကြွက်နှစ်ဘွား ( သစ်သားကြွက် ) ဖြစ်ပါသည်။ သတိပြုကြပါကုန်။ သင်၏ နှစ်ဘွားကို ကောင်းကောင်းသိလျှင် အောက်ပါအဟောတို့ကိုဖတ်ရှုနိုင်ပါသည်။ ● ကြွက်နှစ်ဖွား အဟော..... မွေးနှစ် : ၂၀၀၈ ၊ ၁၉၉၆ ၊ ၁၉၈၄ ၊ ၁၉၇၂ ၊ ၁၉၆၀ ၊ ၁၉၄၈ ၊ ၁၉၃၆ ၊ ၁၉၂၄ ၊ ၁၉၁၂ ကြွက်နှစ်သည် “ယင်း” နှစ်ဖြစ်သည်။ ကြွက်နှစ်ဖွားများသည် အများအားဖြင့် အကြားအမြင် ပါရမီရှင်များ ဖြစ်တတ်ပြီး မိမိအတွက်သော် လည်းကောင်း၊ ကောင်းကျိုးဆိုးကျိုးများကို အလိုအလျောက် ထိုးထွင်းသိမြင်တတ်သည့်အပြင် ဟောတတ်၊ ပြောတတ်သော စကားကြွယ်ဝသူများ ဖြစ်သည်။ အဟောအပြောကိုလည်း ၀ါသနာထုံတတ်သည်။ များသောအားဖြင့် ကြွက်နှစ်ဖွားများသည် ကံ ကောင်းတတ်ကြသည်။ သူတို့၏ အတွေးအခေါ်များသည် အနာဂတ်အတွက် အမြဲစိတ်စောနေလေ့ ရှိသည်။ ပစ္စုပ္ပန်တည့်တည့်ကိုသာ တွေးတောတတ်ပြီး ဖြေးဖြေးမှန်မှန် သို့မဟုတ် မြန်မြန်ဆန်ဆန် လု...