Posts

ပုသိမ်မြို့ပေါ် ရှိ အဖွဲ့အစည်းအသီးသီး၏ ဖုန်းနံပါတ်များ

Image
 ပုသိမ်မြို့ပေါ် ရှိ အဖွဲ့အစည်းအသီးသီး၏ ဖုန်းနံပါတ်များ 🚨 ဘက်စုံလူမှုကူညီရေးအဖွဲ့  09-441447440/09-79180999 🤒 Fever Clinic(သာသနာ့ဗိမ္မာန်) 096677322 9:00 AM -11:00A 🤒Fever Clinic (ပုသိမ်ဆေးရုံကြီး စက်ဘီး၊ ဆိုင်ကယ် အပ်လက်ခံ အနောက်ဖက်) 04221511 9:00AM -4:00 🤕ပြင်ပလူနာဌာန 04221511(24 hr 🚗🛵 ကိုးဆူ စစ်ဆေးရေးဂိတ် 097895229 ⚕️တိုင်းကျန်းမာ 042 243 ⚕️မြို့နယ်ကျန်းမာ 0422125 #ရဲစခန် နယ်မြေစခန်း-042215 မြို့မစခန်း-0422365 ရေကြောင်းရဲတပ်ဖွဲ့စခန်း-042 2344 #ယာဉ်ထိန်းရုံ 042 215 #E အရေးပေါ်-0422150 အင်ဂျင်နီယာရုံးခန်း-0422162 မီးသတ် င်း-042212 မြက်တို-0422529 ငဝန်ကျွန်းသာ-0422905 နယ်မြေ-04223868/ 0422536 #လူမှုရေးအသင်းမျ မနောဖြူ-09858378 ဂရုဏာလူမှုကူညီအသင်း-04225141/ 0942247632 ဧရာဝတီနှလုံးသား-09264233900/ 0926013180 #သွေ မြင့်မြတ်သူ-094225460 သဒ္ဒါဖြူ-0942244341 ကံသစျကံ-0978257642 သွေးပါရမီ-0979453969 #မြို့နယ်ထွေအု 04229038/ 04229039/0422904 #Y 0978151157 #ဘိုးဘွားရိပ် 0925436692 #ရွှေမင်္ဂ ပုသိမ်-09422518581/0422391 ရန်ကုန်-0943122901/0945006373 #ကံထူးအော ပုသိမ်-0997790675 #မြင့်မ...

လောကဓမ္မ ခေါ် လောကဓံတရားရှစ်ပါးအကြောင်းသိကောင်းစရာများ

Image
 `` လောကဓမ္မ ခေါ် လောကဓံတရားရှစ်ပါးအကြောင်းသိကောင်းစရာများ ´´ လောကဓံတရား ဟူသည်မှာ လောကဓမ္မ ဟူသောပါဠိမှ ဆင်းသက်လာသော ပါဠိပျက် စကားလုံး ၊(တနည်း)  ပါဠိစကားလုံးကို မြန်မာမှုပြု မွေးစားထားသော  ပါဠိသက်စကားလုံး (ပါဠိမှဆင်းသက်လာသော စကားလုံး) သာ ဖြစ်ပါသည်။  လောကဓမ္မ ကိုပင် လောကဓံဟု ခေါ် ဆိုကြခြင်း ဖြစ်ပါသည်။ လောကဓံဟုလည်းကောင်း၊ လောကဓမ်ဟုလည်းကောင်း သတ်ပုံနှစ်မျိုးရှိရာတွင် နှစ်မျိုးလုံး မှန်ကန်သည်သာတည်း။ အဘယ့်ကြောင့်ဆိုသော် လောကဓမ္မ မှ  မနှစ်လုံးရှိရာတွင် မတစ်လုံးကိုချေ၍  ကျန်မတစ်လုံးကို အသတ်တင်ပြီး မြန်မာမှုပြုလျှင် လောကဓမ် ဖြစ်၏။  ဥပမာ နိဗ္ဗာနမှ- နိဗ္ဗာန်၊  ကုသလမှ -ကုသိုလ် ဖြစ်ခြင်းမျိုးတည်း။  ထို့ကြောင့် လောကဓမ်လည်း မှန်သည်သာ။ လောကဓမ္မ မှ မနှစ်လုံးရှိရာတွင် မတစ်လုံးကိုချေ၍  ကျန်မတစ်လုံးကို ပါဠိသဒ္ဒါနည်းအရ သေးသေးတင်အဖြစ် ပြောင်းလဲနိုင်သောကြောင့် လောကဓံလည်း မှန်ကန် သင့်လျှော်သည်သာတည်း။ "လောကဓမ္မောတိ ခန္ဓာ ပဉ္စကံ၊ တံ ဟိ လုဇ္ဇန  သဘာ၀တ္တာ လောကဓမ္မောတိ ဝုစ္စတိ။" အဓိပ္ပါယ်မှာ လောကထဲမှာ အမြဲတမ်းပြောင်းလဲ ဖြစ်ပေါ်နေသောတရားဟု ဆိုလိုပါသည်။ တိုက်ရိုက်...

ပုပ္ပါးတောင် - Mountain Poppa

Image
 ' ပုပ္ပါးတောင် - Mountain Poppa ' ပုပ္ပါးတောင်သည် မြန်မာနိုင်ငံ အလယ်ပိုင်း ၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ် အရှေ့တောင်ဘက်တွင် ထီးထီး တည်ရှိနေသည်။ ယင်းတောင်တန်းသည် ပဲခူးရိုးမ၏ မြောက်ဘက်အစွန်းတွင် သီးခြား ထိုးထွက်နေသော မီးတောင်ဟောင်းကြီး တစ်ခုပင် ဖြစ်သည်။ မြောက်လတ္တီတွဒ် ၂၀ဒီဂရီ ၅၂မိနစ် ၊အရှေ့ လောင်ဂျီတွဒ် ၉၅ဒီဂရီ ၁၄မိနစ် တွင်တည်ရှိသည်။ ✔ အမြင့်ဆုံးအမှတ် အမြင့် … ၁,၅၁၈ m (၄,၉၈၀ ft) Prominence  … ၁,၁၅၀ m (၃,၇၇၀ ft) ကိုဩဒိနိတ်  … 20°55′27″N 95°15′02″E / 20.92417°N 95.25056°E ✔ ပထဝီဝင် တည်နေရာ … မန္တလေးတိုင်းဒေသကြီး၊ မြန်မာနိုင်ငံ ✔ ဘူမိဗေဒ တောင်အမျိုးအစား … Stratovolcano နောက်ဆုံး ပေါက်ကွဲမှု  … ၄၄၂ BCE ✔ တောင်တက်ခြင်း အလွယ်ဆုံး တောင်တက်လမ်း … ခြေလျင် တောင်တက်လမ်း ✔ ပေါ်ထွန်းလာပုံ.... ဘူမိဗေဒပညာရှင်တို့အဆိုအရ ပုပ္ပားတောင်သည် လွန်ခဲ့သောအနှစ် (၁၅) သန်းလောက်က ပေါ်ထွန်းလာကြောင်း သိရှိရပါသည်။ မြန်မာရာဇဝင်ဆရာတို့ကလည်း ပုပ္ပားတောင် ပေါ်ပေါက်ခဲ့ပုံကို ဂေါတမဗုဒ္ဓဘုရားရှင်၏ ဗျာဒိတ်တော်နှင့်တွဲ၍ ဖော်ပြခဲ့ဖူးပါသည်။ ရာဇဝင်ဆရာကြီး ဦးကုလားက ဘုရားသခင် သည် ငါးဝါအရ၌ သုနာပရန္တန...

တာ၀တိံသာ နတ်ပြည်မကြွခင် အခြေအနေများ

Image
 တာ၀တိံသာ နတ်ပြည်မကြွခင် အခြေအနေများ...... ဗုဒ္ဓမြတ်စွာသည် ဘုရားဖြစ်တော်မူပြီး ( ၇ ) ဝါ မြောက်ဝါဆိုခါနီးတွင် သာ၀တ္ထိမြို့ကဏ္ဍသရက် ဥယျာဉ်အတွင်း၌ တိတ္ထိများနှင့် တန်ခိုးပြိုင်မည်ဟု ကြေညာတော်မူကာ ရေမီး အစုံစုံတန်ခိုး ပြာဋိဟာတို့ကို ပြတော်မူခဲ့သည်။ ဃရဏီ မည်သော အနာဂါမ် ဥပါသိကာမ၊ စူဠအနာထပိဏ် မည်သော အနာဂါမ် ဥပါသကာ၊ ပဋိသမ္ဘိဒါပတ္တစီရ မည်သော ရဟန္တာ သာမဏေမ၊ စုန္ဒမည်သော ရဟန္တာကိုရင်လေး၊  ဘိက္ခုနီ လက်ဝဲတော်ရံ တန်ခိုးအရာ  ဧတဒဂ်ရ ရဟန္တာမ ဥပ္ပလ၀ဏ္ဏာနှင့်  လက်ဝဲတော်ရံ အရှင်မဟာ မောဂ္ဂလာန် မထေရ်  တို့က ဘုရားရှင်ကိုယ်တော်အစား တိတ္ထိ တို့နှင့်  တန်ခိုး ပြိုင်ပါမည်ဟု လျောက်ထားကြသည်၊ သို့သော်လည်း ဘုရားရှင်သည် ဤနေရာတွင် ငါဘုရား၏ တာ၀န်ဖြစ်သည်၊ သင်တို့နှင့် မသက်ဆိုင်ပါ၊ တကယ်အရေးကြုံလာလျှင်  ငါဘုရား ထမ်းဆောင်ရမည့် တာ၀န်ကို မည်သူ တဦးတယောက်ကမှ  မထမ်းဆောင်နိုင်ကြပေဘူး  ဟု မိန့်မြွက်တော်မူကာ ကဏှဥသဘ ဇာတ်တော် ( ဇာ ဋ္ဌ ၁၊ ၁၊ ၁၉ ) နှင့် နန္ဒိဝိသာလဘုရား အလောင်း နွားလားဥဿဘ ဇာတ်တော် တို့ကိုဟောကြားတော်မူကာ တပည့်ပရိသတ်များကို ဖြေသိမ့်ပေးတော်မူခဲ့သည်။ ထို့နောက်တွင်တော့ ကိုယ်တော်တို...

အဘိဏှသုတ် (ပါဠိ - မြန်မာ)

Image
 " အဘိဏှသုတ် '' (ပါဠိ - မြန်မာ) ပါဠိ..... ပဉ္စိမာနိ ဘိက္ခဝေ ဌာနာနိ အဘိဏှံ ပစ္စဝေက္ခိတဗ္ဗာနိ ဣတ္ထိယာ ဝါ ပုရိသေန ဝါ ဂဟဋ္ဌနေ ဝါ ပဗ္ဗဇိတေန ဝါ။ ကတမာနိ ပဉ္စ −  ၁။ ဇရာဓမ္မောမှိ၊ ဇရံ အနတီတောတိ အဘိဏှံ ပစ္စဝေက္ခိတဗ္ဗံ။ ၂။ ဗျာဓိဓမ္မောမှိ၊ ဗျာဓိံ အနတီတောတိ အဘိဏှံ ပစ္စဝေက္ခိတဗ္ဗံ။ ၃။ မရဏဓမ္မောမှိ၊ မရဏံ အနတီတောတိ အဘိဏှံ ပစ္စဝေက္ခိတဗ္ဗံ။ ၄။ သဗ္ဗေဟိ မေ ပိယေဟိ မနာပေဟိ နာနာဘာဝေါ ဝိနာဘာဝေါမှီတိ အဘိဏှံ ပစ္စဝေက္ခိတဗ္ဗံ။ ၅။ ကမ္မဿကောမှိ ကမ္မဒါယာဒေါ ကမ္မယောနိ ကမ္မဗန္ဓု ကမ္မပ္ပဋိဿရဏော၊ ယံ ကမ္မံ ကရိဿာမိ ကလျာနံ ဝါ ပါပကံ ဝါ၊ တဿ ဒါယာဒေါ ဘဝိဿာမီတိ အဘီဏှံ ပစ္စဝေက္ခိတဗ္ဗံ။ ဣမာနိ ခေါ ဘိက္ခဝေ ပဉ္စ ဌာနာနိ အဘိဏှံ ပစ္စဝေက္ခိတဗ္ဗာနိ ဣတ္ထိယာ ဝါ ပုရိသေန ဝါ ဂဟဋ္" အဘိဏှသုတ် '' (ပါဠိ - မြန်မာ) ပါဠိ..... ပဉ္စိမာနိ ဘိက္ခဝေ ဌာနာနိ အဘိဏှံ ပစ္စဝေက္ခိတဗ္ဗာနိ ဣတ္ထိယာ ဝါ ပုရိသေန ဝါ ဂဟဋ္ဌနေ ဝါ ပဗ္ဗဇိတေန ဝါ။ ကတမာနိ ပဉ္စ −  ၁။ ဇရာဓမ္မောမှိ၊ ဇရံ အနတီတောတိ အဘိဏှံ ပစ္စဝေက္ခိတဗ္ဗံ။ ၂။ ဗျာဓိဓမ္မောမှိ၊ ဗျာဓိံ အနတီတောတိ အဘိဏှံ ပစ္စဝေက္ခိတဗ္ဗံ။ ၃။ မရဏဓမ္မောမှိ၊ မရဏံ အနတီတောတိ အဘိဏှံ ပစ္စဝေက္ခိတဗ္ဗံ။ ၄။ သဗ္ဗေဟိ မေ ပိယေဟိ ...

ဗောဇ္ဈင် ၇ပါး

Image
 " ဗောဇ္ဈင် ၇ပါး '' ၁။ သစ္စာလေးပါးကို သိကြောင်း အောက်မေ့မှု (သတိသမ္ဗောဇ္ဈင်) ၂။ သစ္စာလေးပါးကို သိကြောင်း ပညာ (ဓမ္မဝိစယသမ္ဗောဇ္ဈင်) ၃။ သစ္စာလေးပါးကို သိကြောင်း လုံ့လ (ဝီရိယသမ္ဗောဇ္ဈင်) ၄။ သစ္စာလေးပါးကို သိကြောင်း နှစ်သိမ့်မှု (ပီတိသမ္ဗောဇ္ဈင်) ၅။ သစ္စာလေးပါးကို သိကြောင်း ငြိမ်းချမ်းမှု (ပဿဒ္ဓိသမ္ဗောဇ္ဈင်) ၆။ သစ္စာလေးပါးကို သိကြောင်း တည်ကြည်မှု (သမာဓိသမ္ဗောဇ္ဈင်) ၇။ သစ္စာ လေးပါးကို သိကြောင်း လျစ်လျူရှုမှု (ဥပေက္ခာသမ္ဗောဇ္ဈင်) တို့တည်း။  ရဟန်းတို့ ဤသည်ကို မမည်းညစ် မဖြူစင်၍ မမည်းညစ် မဖြူစင်သော အကျိုးရှိသည့် ကံကုန်ဆုံးရန် ဖြစ်သော ကံဟု ဆိုအပ်၏။ ရဟန်းတို့ ထူးသော ဉာဏ်ဖြင့် ကိုယ်တိုင် မျက်မှောက်ပြု၍ ငါဟောကြားအပ်သော ကံတို့သည် ဤလေးမျိုးတို့တည်းဟု (မိန့်တော်မူ၏)။ .

သီတင်းကျွတ်လပြည့်နေ့ ၊ အဘိဓမ္မာ အခါတော်နေ့ ၊ ပဝါရဏာပွဲ ၊ မီးမြင့်မိုရ်ပွဲ

Image
 " သီတင်းကျွတ်လပြည့်နေ့ ၊ အဘိဓမ္မာ အခါတော်နေ့ ၊ ပဝါရဏာပွဲ ၊ မီးမြင့်မိုရ်ပွဲ '' မြတ်စွာဘုရားက တာ၀တိံသာ နတ်ပြည်မှာ နိမ္မိတ ရုပ်ပွားတော် ကိုယ်စား ထားခဲ့ပြီး အဘိဓမ္မာ တရားတော် အကျယ်ကို ဝါတွင်း သုံးလ ပတ်လုံး ဟောကြားတော်မူပြီး တရား စစ်သူကြီး ရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီးကို အဘိဓမ္မာ တရားတော် အကျဉ်းချုပ်ကို တစ်ချိန် တည်းမှာ ဟောကြားသင်ပြတော်မူပြီး သီတင်းကျွတ် လပြည့်နေ့မှာ လူ့ပြည်ကို ပြန်ဆင်းခဲ့တဲ့ အထိမ်းအမှတ် အနေနဲ့ သီတင်းကျွတ် လပြည့်နေ့ကို အဘိဓမ္မာ အခါတော်နေ့အဖြစ် သတ်မှတ် ခေါ်ဝေါ် ခဲ့ကြပါသည်။ အဘိဓမ္မာ တရားတော် အကျယ်ဟာ အလွန်ရှည်လျား များပြားတဲ့အတွက် ဝါတွင်း သုံးလပတ်လုံး မရပ်မနား ဟော ကြားမှ ပြီးပြည့်စုံအောင် ဟောကြား နိုင်မှာဖြစ်လို့ လူ့ပြည်မှာ တစ်ထိုင်တည်း တနေရာတည်း ဆက်တိုက်နာကြား နိုင်တဲ့သူမရှိလို့ နတ်ပြည်မှာ နိမ္မိတ ရုပ်ပွားတော် ကိုယ်စားထား ဟောကြား ရတာဖြစ်ပြီး လူသားဖြစ်တဲ့ မြတ်စွာဘုရား ကိုယ်တော်တိုင်ကတော့ လူ့ပြည်ဆင်းပြီး ဣရိယာပုဒ် လေးပါး ညီညွတ် မျှတအောင် စံပ္ပါယ်ရင်း တရားစစ်သူကြီး ဖြစ်ရုံမက အဘိဓမ္မာ တရားတော်မှာ အထုံ ပါရမီပါသူ လက်ယာတော်ရံ ရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီးကို ...