Posts

Showing posts from September, 2019

ပန်းချီပေါ်ဦးသက် ၏......

Image
ကိုယ်တိုင်ကတော့ ပန်းချီ နှင့် သိပ် နီးစပ်လှသည်မဟုတ် ။သို့သော်  ပန်းချီကား အချို့ကိုတော့ သဘောကျတတ်သည် ။ နှစ်သက်တတ်သည် ။ ခံစားတတ်သည်။ အချို့သော ပန်းချီများကိုတော့ နားလည်မှု နှင့် မတိုင်းတာတတ်သော်လည်း ခံစားမှုနှင့်တော့ ကြည့်၍ရသည် ။ အချို.ပန်းချီကားများကိုတော့ ကြည့်လိုက်သည်နှင့် ဆိုလိုရင်းကို ထင်းကနဲ မြင်သွား ရသည်မျိုးလည်း ရှိသည် ။ ထိုအထဲတွင်မှ ဆရာပေါ်ဦးသက် ပန်းချီကားများကတော့ မြင်ရသည်မှာ ရိုး၇ှင်းလွန်းသည် ။ ဘ၀ဆန်သည် ။ ၀န်ကြီးပဒေသရာဇာ ၏  ဖွဲ့သီမှုမျိုး ကို ခံစားရသည်နှင့် အတူတူပင်ဖြစ်သည် ။ ဘာသာကို ၊ ဘ၀ကို သူ့ပန်းချီကားများတွင် ထင်ထင်ရှားရှားတွေ့ရပါသည် ။ယခုကတော့ ဆရာပေါ်ဦးသက်၏ ပန်းချီကားအချို့ကို ခံစားနိုင်စေ၇န် မျှဝေခြင်း ဖြစ်သလို အမှတ်တရ သိမ်းဆည်းခြင်းလည်းဖြစ်ပါသည် ။ (ဆရာပေါ်ဦးသက်) အထက်ပါ ပန်ချီကားများမှာ Colorful Mind ထံမှ   Myanmar Art and Crafts တွင်ဖော်ပြထားသည်များ ကို ကူးယူဖော်ပြခြင်းဖြစ်ပါသည် ။

မွန်ရိုးရာဓလေ့ သင်္ဘောဆွမ်းတော်ကြီးတင်ပွဲ

Image
' မွန်ရိုးရာဓလေ့ သင်္ဘောဆွမ်းတော်ကြီးတင်ပွဲ ' တော်သလင်းလပြည့်နေ့ ရောက်တိုင်း ရာမညတိုင်းဒေသ မည်သည့်ရပ်ရွာမဆို မွန်လူမျိုးတို့သည် ထိုဆွမ်းတော်ကြီးတင်ပွဲကို ဆင်နွှဲလေ့ရှိကြသည်အကြောင်း စတင်ဖြစ်ပေါ်လာပုံ.....   မွန်လူမျိုးတို့သည် ထေရဝါဒဗုဒ္ဓဘာသာကို အလွန်လေးနက်ကိုင်းရိုင်းသော လူမျိုးဖြစ်သည် မွန်လူမျိုးတို့သည် ( ၁၂ )လရာသီပွဲများ ကောင်းမှုကုသိုလ်ပြုလုပ် အမြဲကျင်းပလေးရှိကြသည်။ ယခုတော်သလင်းလပြည့်နေ့တွင် ရပ်တိုင်းရွာတိုင်းရှိ မွန်ဘုန်းတော်ကြီးကျောင်း တို့တွင် မိမိတို့ စွမ်းနိုင်သမျှ လုပ်အား, အလှူငွေအားဖြင့် သင်္ဘောတစ်စီး  တည်ဆောက်ကာ  ဆွမ်း,တံခွန်, ကုက္ကား, ပန်း, နံ့သာ, သစ်သီး ကွမ်း ဆီမီး-စသော အမျိုးအမည်တစ်ထောင်နီးပါးရှိ လှူဖွယ်ဝတ္ထု အမျိုးမျိုးတို့ဖြင့် ယင်းသင်္ဘော၏ ကုန်းပတ်ပေါ်တွင် တင်လှူပူဇော်ကြသည်။ ထို့ကြောင့်    ဆွမ်းတော်ကြီးတင်ပွဲကို "ဆွမ်းတော်တထောင် တင်လှူပူဇော်ပွဲ" မွန်ဘာသာခေါ် (သဘင္ဗဝ္သဿဳတ္လၛီ ) ဟုလည်း စတင်ခေါ်ဝေါ် မှတ်ပြုကြပါသည်။ အကြောင်းကား = = =  ဓမ္မစေတီမင်း၏ သာသနာတော် သန့်ရှင်းတည်တံ့ပြန့်ပွားရေး လုပ်ငန်း မွန်ရာဇာဝင် ဓမ္မစေတီမင်း" ကျမ်းအရ သီလစင်ကြယ်သော သာ...

အိမ် ခြံမြေ … ဝယ်/ရောင်း/ ငှား ဥပဒေ

Image
'' အိမ် ခြံမြေ  …  ဝယ်/ရောင်း/ ငှား ဥပဒေ '' အခန်း(၁) ပစ္စည်းကို အဓိပ္ပာယ်ဖွင့်ဆိုခြင်း။ အခန်း(၂)ပစ္စည်းလက်ဝယ်ရှိခြင်း။ အခန်း(၃)သဘောတူစာချုပ် ချုပ်ဆိုခြင်း။

သင့်ကျောရိုးကို ထိခိုက်စေတတ်တဲ့ အပြုအမူများ

Image
'' သင့်ကျောရိုးကို ထိခိုက်စေတတ်တဲ့ အပြုအမူများ '' ကျောရိုးက သင့်ခန္ဓာကိုယ်အတွက် အရေးကြီးတဲ့ အစိတ်အပိုင်းပါဘဲ။ ဒါကြောင့် ဘယ်အသက်အရွယ်ဘဲဖြစ်ဖြစ် ကျောရိုးတို့၊ ခါးရိုးတို့ကို ဂရုစိုက်သင့်ပါတယ်။ သွားတိုက်တဲ့အခါ..... မတ်တပ်ရပ်တာက လမ်းလျှောက်တဲ့အချိန်ထက် ကျောရိုးပေါ်မှာ သက်ရောက်တဲ့ အားပိုပြင်းထန်ပါတယ်။ ဒါကြောင့် သွားတိုက်တဲ့အချိန်မှာ နံရံကို လက်နဲ့ ထောက်ထားတာဖြစ်ဖြစ် ဘေစင်ကို လက်နဲ့ကိုင်ထားတာဖြစ်ဖြစ် လုပ်ဆောင်သင့်ပါတယ်။ ပန်းကန်ဆေး..... ပန်းကန်ဆေးရင် ဒီအတိုင်း မတ်တပ်ရပ်ပြီး လက်နှစ်ဖက်ကို ဆန့်ထုတ်ကာ ဆေးလေ့ရှိပါတယ်။ ဒါကြောင့်လည်း အချိန်ကြာတဲ့အခါမှာ နောက်ကြောမှာ အောင့်တာတွေ ခံစားရတာပါ။ ခွေးချေတစ်လုံးကို ယူပြီး ခြေထောက်တစ်ဖက်ကို ခွေးခြေပေါ်မှာတင်ပြီး ဆေးရင် ကျောရိုးပေါ် ဖိအားသက်ရောက်မှုကို လျှော့ပေးပါတယ်။ အိတ်တွေသယ်လာရင်..... ဈေးဝယ် စင်တာက အပြန် အိတ်တွေသယ်လာရင် လက်နှစ်ဖက်မှာ မျှတအောင်ဆွဲပေးပါ။ အိတ်အလေးတွေကို မတဲ့အချိန်မှာ ခါးမကွေးဘဲ ဒူးကွေးပြီးတော့မပေးပါ။ မဟုတ်ရင် ခါးနာတာတွေ ဖြစ်တတ်ပါတယ်။ ကြမ်းတိုက်ရင်..... နေ့တိုင်းနီးပါးမဟုတ်ပေမယ့် တစ်ပတ်ကို တစ်ခါလေ...

ကျေးဇူးတော်ရှင် လယ်တီဆရာတော် ဘုရားကြီး၏ နွားမေတ္တာစာ

Image
ကျေးဇူးတော်ရှင် လယ်တီဆရာတော် ဘုရားကြီး၏ နွားမေတ္တာစာ = နဖူးလက်တင် အိမ်ရာဝင် ဆင်ခြင်ကြည့်ကာ စဉ်းစားပါ။ = လူ့ဘောင်လောကီ နွားကိုမှီ လီလီဖြာဖြာ အကျိုးလာ။ = နွားအရင်းပြု့ ပစ္စည်းမှု့ စုလို့လှုတာကျေးဇူးပါ။ = လူတို့ကိုးကွယ် ဘုရားတည် အုတ်သယ်တိုက်ရှာ နွားတို့မှာ။ =သိမ် ကျောင်း ဇရပ် ဆောက်တုံလက် မပြတ်နွားတို့မှာ ရုန်းရရှာ။ = လင်နေ သားမွေး အိမ်ထောင်ရေး အပြေးရုန်းတာ နွားသတ္တဝါ။ = နွားမှာပိန်ချုံး တကုန်းကုန်း ရုန်းရဝန်တာ ထွန်လယ်ယာ။ = ပြောင်း, ပဲ, ဗူး, နှမ်း, ဝါ, ခရမ်း, စိုက်ခန်း၌ပါ ရုန်းရရှာ။ = မချိသွားဖြဲ စပါးလှည်း အမြဲတိုက်ရာ နွားနှင့်သာ။ = လှည်းကဖြုတ်ဟယ် စပါးနယ် တကယ်ခိုင်းတာ ပတ်ပတ်ချာ။ = ကောက်ပြန် ဆင်းခိုက် သစ်ကိုတိုက် ရိုက်လိုက်ကြောမှာ ကြိမ်ဒဏ်ရာ။ = မိန်းမမီးဝင် ထင်းတိုက်လျှင် နွားပင်ခိုင်းတာ မညှာတာ။ = တောတောင်ကြီးထဲ သစ်ကိုဆွဲ အားနှင့်ရုန်းတာ နွားတို့ပါ။ = ဘုရားပွဲသွား "တဟားဟား "ပျော်ပါးပေရှာ လူတို့မှာ။ = မပြတ်ဝန်ရုန်း နွားပခုံး "ဟုန်းဟုန်း" တောက်ကာ လောင်မီးပြာ။ = ကြမ်းတမ်းစွာပဲ "ဟဲ့....အမဲ" ကြိမ်ဆဲခါခါ ခံရရှာ။ = ခြေကုန်လက်ပန်း မောဟိုက...

အင်္ဂလိပ်စကားပြောအခြေခံလေ့လာနေသူတွေအတွက် သိထားသင့်တဲ့ မေးခွန်း(၁၀၀)

Image
အင်္ဂလိပ်စကားပြောအခြေခံလေ့လာနေသူတွေအတွက် သိထားသင့်တဲ့ မေးခွန်း(၁၀၀)။ (1) နေကောင်းလား။ (2) ခင်ဗျားအသက်ဘယ်လောက်ရှိပြီလဲ။ (3) ခင်ဗျားနာမည်ကဘာလဲ။ (4) ခင်ဗျားဘယ်ကလာပါသလဲ။ (5) ခင်ဗျားဘာလုပ်နေတာလဲ။ (6) ခင်ဗျားဘာအလုပ်လုပ်ပါသလဲ။ (7) ခင်ဗျားက ဘယ်တော့လာမှာလဲ။ (8) ဒီမှာဘာတွေဖြစ်နေတာလဲ။ (9) ခင်ဗျားဘယ်အချိန်အိပ်ရာထသလဲ။ (10) ခင်ဗျားဘယ်အချိန် အလုပ်သွားပါသလဲ။ (11) ခင်ဗျားအလုပ်ကိုဘယ်လိုသွားပါသလဲ။ (12) ခင်ဗျား အင်္ဂလိပ်စကားပြောပါသလား။ (13) ခင်ဗျား ကျွန်တော့ကိုကူညီနိုင်မလား။ (14) ခင်ဗျားဘာပြောတယ်။ (15) ခင်ဗျား ကားမောင်းတတ်သလား။ (16) ခင်ဗျားမှာ ကားရှိသလား။ (17) ဒီနေ့ ဘာနေ့လဲဗျ။ (18) အခုဘာလ လဲဗ်။ (19) ဘယ်နှစ်နာရီထိုးပြီလဲ။ (20) ခင်ဗျား ဘာကိုမာနကြီးနေတာလဲ။ (21) ခင်ဗျားက ဘာကိုကြောက်နေတာလဲ။ (22) ခင်ဗျားက ဘယ်အဖွဲ့ဝင်ဖြစ်ပါသလဲ။ (23) ခင်ဗျား ကဖေးဆိုင်သွားရင် ဘာတွေမှာတတ်ပါသလဲ။ (24) ခင်ဗျား အနာဂါတ်မှာဘာလုပ်ဖို့မျှော်မှန်းပါသလဲ။ (25) ဘယ်လိုဂီတမျိုးကိုခင်ဗျားကြိုက်နှစ်သက်ပါသလဲ။ (26) ခင်ဗျားဘောပင်ကိုကျွန်တော်ငှါးနိုင်ပါသလား။ (27) ဒီနေ့ ခင်ဗျားဘယ်လိုခံစားရလဲ။ (28) ဘာကြောင့် ခင်ဗျား...

ဖက်ဆစ်တော်လှန်ရေးအတွက် လူစုပေးခဲ့တဲ့ ဇာတ်မင်းသမီး ( သို့ ) လွတ်လပ်ရေး အောင်သန်းတင်

Image
" ဖက်ဆစ်တော်လှန်ရေးအတွက် လူစုပေးခဲ့တဲ့ ဇာတ်မင်းသမီး ( သို့ ) လွတ်လပ်ရေး အောင်သန်းတင် '' မြန်မာ့လွတ်လပ်ရေးအတွက် ကြိုးပမ်းကြရာတွင် မြန်မာ့တော်လှန်ရေး အဖွဲ့များသာမက စာပေဂီတပညာရှင်များကလည်း စာပေအလျှောက် ဂီတအလျှောက်၊ ရုပ်ရှင်ဇာတ်သဘင် ပညာရှင်များကလည်း မိမိတို့ ကျွမ်းကျင်ရာပညာများဖြင့် တတပ်တအား ပါဝင်ခဲ့ကြပါတယ်။ ဇာတ်သဘင် ပညာရှင်များက မျိုးချစ်စိတ်တက်ကြွစေမည့် ဇာတ်လမ်းဇာတ်ကွက် များဖြင့် မြန်မာတိုင်းရဲ့စိတ်ကို ရဲဝံ့တက်ကြွစေခဲ့ပါတယ်။ ထိုသူများထဲတွင် ဇာတ်မင်းသမီးကြီး အောင်သန်းတင် မှာလည်း တစ်ယောက် အပါဝင်ဖြစ်ခဲ့ပါတယ်။ သူ့ကို အောင်သန်းတင်ဟု ဆိုလိုက်လျင် လွတ်လပ်ရေးအောင်သန်းတင်ဟု တွဲ၍ သိကြပါတယ်။ လွတ်လပ်ရေးဟူသော အမည်ကို တချို့ က နားမလည်ကြ၊ အလုံလွတ်လပ်ရေးကွက်သစ်မှာနေလို့ လွတ်လပ်ရေးအောင်သန်းတင် ဟု ဆိုသူက ဆိုကြပါတယ်။တကယ်တော့ လွတ်လပ်ရေး ဟူသောဝိသေသကို ဗိုလ်ချုပ်အောင်ဆန်းပေးခဲ့ခြင်းသာ။ မင်းသမီးအောင်သန်းတင်ဟာ နယ်တကာလှည့်ကာ မျိုးချစ်စိတ် ထက် သန်စေသော သီချင်း၊ အက များဖြင့်ဖျော်ဖြေရင်း ဖက်ဆစ်တော်လှန်ရေးအတွက် လူစုဆောင်းပေးခဲ့သူလည်း ဖြစ်ပါတယ်။ ဒါကြောင့် ဗိုလ်ချုပ်အောင်ဆန်းက " လွတ်...