" မြေပြိုခြင်း (Landslide) ''
![Image](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhUB_x10QBEIe7rWu_HVvxR7glkhbpg-_o4Wqn5-978lqm2tE62i453ZYf2SieagpY0axT7m2w0e2Nw2_uOzQrug11FyLehWZqV4-OzVKYuirrmgI4TOaiHz-jZaLUQG7vZ6k16A_qMfCs/s320/FB_IMG_1564540611002.jpg)
" မြေပြိုခြင်း (Landslide) '' မြေပြို ခြင်းဟာ အဓိကအားဖြင့် လေမုန်တိုင်း၊ ဆိုင်ကလုန်းနှင့် မိုးသည်းထန်ခြင်းတွေကြောင့် ဖြစ်ပေါ်လေ့ရှိပါတယ်။ မြေပြို ခြင်းဟာ ၄င်းတို့ကို စတင်ဖြစ်ပေါ်စေတဲ့ လေမုန်တိုင်းနဲ့ အချိန်ကြာမြင့်စွာ မိုးရွာသွန်းခြင်းတွေကြောင့်လည်း အပျက်အစီးတွေကို ပိုမိုဖြစ်ပေါ်စေပါတယ်။ ဒါ့အပြင် မီးတောင်ပေါက်ကွဲခြင်း၊ မြေငလျင်လှုပ်ခြင်း စတဲ့ ကမ္ဘာ့မြေလွှာ လှုပ်ရှားမှုတွေကြောင့်ဖြစ်စေ၊ သစ်တောတွေ ပြုန်းတီးခြင်း၊ မြေသားတူးဆွခြင်း၊ မြေဖြိုခြင်း တို့လို မြေသားဆိုင်ရာ ပြုပြင်ပြင်ဆင်ခြင်းစတဲ့ လူသားတွေရဲ့လုပ်ဆောင်မှုတွေကြောင့် ဖြစ်စေ မြေပြိုခြင်းတွေ ဖြစ်ပေါ်နိုင်ပါတယ်။ ဘေးအန္တရာယ် မကျရောက်မီ === ၁။ မိသားစု ဘေးကင်းရာသို့ ပြောင်းရွှေ့ရေး အစီအစဉ်ကို ပြန်လည် ဆန်းစစ်ရန်။ ၂။လိုအပ်ပါက မြေထိန်းနံရံများ တည်ဆောက်ရန်။ ၃။ မြေပြိုနိုင်သော နေရာများတွင် အဆောက်အဦ ဆောက်လုပ်ခြင်း မပြုရန်။ ၄။ လိုအပ်ပါက အိမ်ပတ်ဝန်းကျင် ဆင်ခြေလျောများတွင် သစ်ပင်များ စိုက်ပျိုးရန်။ ၅။ ဘေးကင်းရာသို့ ပြောင်းရွှေ့ရန် လိုအပ်ပါက မိသားစုများ တွေ့ဆုံရမည့် နေရာကို ကြိုတင်သတ်မှတ်ထားရန်။...