အင်္ဂလိပ်ဆေးနှင့် အချဉ် မတည့်သည့် အယူအဆ
' အင်္ဂလိပ်ဆေးနှင့် အချဉ် မတည့်သည့် အယူအဆ ' ပထမဦးဆုံးတင်ပြချင်သည့် အယူအဆတစ်ခုမှာ “အင်္ဂလိပ်ဆေးနှင့် အချဉ်မတည့်” ဟူသော အကြောင်းပင်ဖြစ်ပါသည်။ ဆေးခန်းသို့ ရောက်လာသော လူနာတချို့ မေးတတ်၊ ပြောတတ်ကြပါသည်။ “ကျွန်တော်၊ ကျွန်မ ချဉ်ပေါင်ဟင်းနဲ့ထမင်းစားလာတယ် ဆေးထိုးလို့ဖြစ်ပါ့မလား” “စောစောကပဲ အချဉ်စားထားလို့ ဆေးသောက်လို့ မဖြစ်သေးဘူး” စသဖြင့် ဖြစ်၏။ ဤအယူအဆမှာ ယခုမှသာမဟုတ် နှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်သည်။ လူတစ်ယောက် နှစ်ယောက်သာမဟုတ်၊ လူအများအပြား ယုံကြည်နေကြခြင်းဖြစ်၏။ တချို့ ပညာမတတ်၍မဟုတ်။ ဘွဲ့များစွာ ရထားသူများပင် ယင်းယုံကြည်မှုရှိနေသည်။ ကျွန်တော်တို့ မိဘများသည်လည်း ကျွန်တော်တို့ ငယ်စဉ်ကပင် အင်္ဂလိပ်ဆေးတိုက်တော့မည်ဆိုလျှင် အချဉ်နဲ့ ရှောင်၍ တိုက်ကြသည်။ အချဉ်စားထားသူများကို ဆေးမသောက်နဲ့ဦးဟု ဟန့်တားကြသည်။ တချို့လူများက “အချဉ်စားပြီး အင်္ဂလိပ်ဆေး သွားမသောက်နဲ့၊ တစ်ခါတည်းသေသွားမယ်၊ ဘာမှတ်လဲ” ဆိုသည့် စကားမျိုးကိုပင် ပြောတတ်ကြသည်။ အချဉ်အကြောင်းမပြောမီ ဆေးအကြောင်း အရင်တင်ပြပါမည်။ အင်္ဂလိပ်ဆေးများတွင် စာဖတ်သူများ သတိပြုမိကြပါလိမ့်မည်။ ဆေးအညွှန်းစာရွက်တွင် ဆေးတွင်ပါဝင်သည့် ဆေးဝါးပစ္စည်းများ၊ ပမာဏ၊ သေ...