လောကဓမ္မ ခေါ် လောကဓံတရားရှစ်ပါးအကြောင်းသိကောင်းစရာများ
`` လောကဓမ္မ ခေါ် လောကဓံတရားရှစ်ပါးအကြောင်းသိကောင်းစရာများ ´´ လောကဓံတရား ဟူသည်မှာ လောကဓမ္မ ဟူသောပါဠိမှ ဆင်းသက်လာသော ပါဠိပျက် စကားလုံး ၊(တနည်း) ပါဠိစကားလုံးကို မြန်မာမှုပြု မွေးစားထားသော ပါဠိသက်စကားလုံး (ပါဠိမှဆင်းသက်လာသော စကားလုံး) သာ ဖြစ်ပါသည်။ လောကဓမ္မ ကိုပင် လောကဓံဟု ခေါ် ဆိုကြခြင်း ဖြစ်ပါသည်။ လောကဓံဟုလည်းကောင်း၊ လောကဓမ်ဟုလည်းကောင်း သတ်ပုံနှစ်မျိုးရှိရာတွင် နှစ်မျိုးလုံး မှန်ကန်သည်သာတည်း။ အဘယ့်ကြောင့်ဆိုသော် လောကဓမ္မ မှ မနှစ်လုံးရှိရာတွင် မတစ်လုံးကိုချေ၍ ကျန်မတစ်လုံးကို အသတ်တင်ပြီး မြန်မာမှုပြုလျှင် လောကဓမ် ဖြစ်၏။ ဥပမာ နိဗ္ဗာနမှ- နိဗ္ဗာန်၊ ကုသလမှ -ကုသိုလ် ဖြစ်ခြင်းမျိုးတည်း။ ထို့ကြောင့် လောကဓမ်လည်း မှန်သည်သာ။ လောကဓမ္မ မှ မနှစ်လုံးရှိရာတွင် မတစ်လုံးကိုချေ၍ ကျန်မတစ်လုံးကို ပါဠိသဒ္ဒါနည်းအရ သေးသေးတင်အဖြစ် ပြောင်းလဲနိုင်သောကြောင့် လောကဓံလည်း မှန်ကန် သင့်လျှော်သည်သာတည်း။ "လောကဓမ္မောတိ ခန္ဓာ ပဉ္စကံ၊ တံ ဟိ လုဇ္ဇန သဘာ၀တ္တာ လောကဓမ္မောတိ ဝုစ္စတိ။" အဓိပ္ပါယ်မှာ လောကထဲမှာ အမြဲတမ်းပြောင်းလဲ ဖြစ်ပေါ်နေသောတရားဟု ဆိုလိုပါသည်။ တိုက်ရိုက်...