Posts

Showing posts from August, 2020

မြတ်စွာဘုရားလက်ထက်တော် ဧတဒဂ်ဘွဲ့ရ ရဟန္တာထေရ်များ (၄၁)ပါး

Image
၁။ အရှင်ကောဏ္ဍည=ဝါတော်ကြီးရင့်ခြင်း၊ ရတ္တညူအရာ။ ၂။အရှင်သာရိပုတ္တရာ=ဉာဏ်ပညာကြီးခြင်း၊ မဟာပညာအရာ။ ၃။အရှင်မဟာမောဂ္ဂလာန်=တန်ခိုးဣဒ္ဓိပါဒ်ကြီးခြင်း။ ၄။အရှင်မဟာကဿပ=ဓုတင်ဆောင်ခြင်း။ ၅။အရှင်အနုရုဒ္ဓါ=ဒိဗ္ဗစက္ခုအဘိညာဉ်ရခြင်း။ ၆။ အရှင်ဘဒ္ဒိယ=အမျိုးမြတ်ခြင်း။ ၇။အရှင်လကုဏ္ဍကဘဒ္ဒိယ=အသံသာခြင်း။ ၈။အရှင်ပိဏ္ဍောလဘာရဒွါဇ=ရဲတင်းသောစကားကို ဆိုခြင်း။ ၉။ အရှင်ပုဏ္ဏ=ဓမ္မကထိကအရာ တရားဟောကြားခြင်း။ ၁၀။ အရှင်ကစ္စာန=အကျဉ်းကို အကျယ်ဟောခြင်း။ ၁၁။ အရှင်စူဠပန္ထက=မနောမယအဘိညာဉ် ဖန်ဆင်းခြင်း, ရူပါဝစရစျာန်အရာ၌ လိမ္မာကျွမ်း       ကျင်ခြင်း။ ၁၂။ အရှင်မဟာပန္ထက=အရူပစျာန်မှထ၍ ရဟန္တာဖြစ်ခြင်း၊(အရူပါဝစရစျာန်အရာ၌ လိမ္မာ      ကျွမ်းကျင်ခြင်း) ၁၃။အရှင်သုဘူတိ=အပြစ်မရှိသောနေခြင်းနှင့် အလှူခံထိုက်ခြင်း။ ၁၄။အရှင်ခဒိရဝနိယရေဝတ=တောရဆောက်တည်ခြင်း။ ၁၅။အရှင်ကင်္ခါရေဝတ=စျာန်ဝင်စားခြင်း။ ၁၆။ ကောဠိဝိသနွယ်ဖွား အရှင်သောဏ=လုံ့လဝီရိယကြီးခြင်း။ ၁၇။ ကုဋိကဏ္ဏမည်ရ အရှင်သောဏ=အဟောအပြောကောင်းခြင်း။ ၁၈။ အရှင်သီဝလိ=လာဘ်ပေါများခြင်း။ ၁၉။အရှင်ဝက္ကလိ=သဒ္ဓါတရားလွန်ကဲခြင်း။ ၂၀။ အရှင်ရာဟုလာ=သိက္ခာသုံးပါး ကျင့်ဆောင်ခြင်း။ ၂၁။ အရှ...

ကမ္မဋ္ဌာန်း ထိုင်ခြင်းဣရိယာပုထ်

Image
 “ဣဓ ဘိက္ခဝေ ဘိက္ခု အရညဂတော ဝါ ရုက္ခမူလဂတော ဝါ သုညာဂါရဂတော ဝါ နိသီဒတိ ပလ္လင်္ကံ အာဘုဇိတွာ ဥဇုံ ကာယံ ပဏိဓာယ ပရိမုခံ သတိံ ဥပဋ္ဌပေတွာ။ သော သတော၀ အဿသတိ၊ သတော၀ ပဿသတိ။” “ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် တောသို့ သွားရောက်၍ဖြစ်စေ သစ်ပင်ရင်းသို့ သွားရောက်၍ဖြစ်စေ ဆိတ်ငြိမ်ရာသို့ သွားရောက်၍ဖြစ်စေ တင်ပလ္လင် ခွေပြီးလျှင် ကိုယ်ကို ဖြောင့်မတ်စွာ ထား၍ သတိကို (ကမ္မဋ္ဌာန်းသို့) ရှေ့ရှုဖြစ်စေလျက် ထိုင်၏။ ထိုရဟန်းသည် သတိရှိလျက်သာလျှင် ထွက်သက်လေကို ရှိုက်၏၊ သတိရှိလျက်သာလျှင် ၀င်သက်လေကို ရှူ၏၊” (မဟာသတိပဋ္ဌာနသုတ်) အဘယ်ကြောင့် ထိုင်ခြင်းဣရိယာပုထ် ကို အဓိကထား၍ ညွှန်ပြသနည်းဟူမူ-- “ဤဆိုခဲ့သည့်အတိုင်း ထိုယောဂီရဟန်းအား ဥတုသုံးပါးနှင့်လျော်သည့်ပြင် သလိပ်စသော ဓာတ်သုံးပါး, မောဟစသော စရိုက်သုံးပါးနှင့်လည်း လျော်သည်ဖြစ်၍ အာနာပါနဿတိဘာ၀နာအားလျော်သော (တောအစရှိသော)ကျောင်းကို ညွှန်ပြပြီးလျှင် မတွန့်ဆုတ်ခြင်း, မပျံ့လွင့်ခြင်း အဖို့ရှိသော ငြိမ်သက်သော ဣရိယာပုတ်ကို ညွှန်ပြတော်မူလို သောကြောင့် “ထိုင်နေ၏” ဟု မိန့်တော်မူပေသည်။ ထို့နောင် ထိုယောဂီအား ထိုင်ခြင်း ဣရိယာပုတ်၏ ခိုင်မြဲခြင်းကို၎င်း၊ ၀င်လေ ထွက်လေတို့ကို ဖြစ်စေရန် ချမ်းသာလ...

လေတိုက်နှုန်း ဘယ်လိုတိုင်းသလဲ..?

Image
လေတိုက်နှုန်း တိုင်းတာခြင်းနဲ့ လေညွှန်တံ တို့အကြောင်း အာကာသနှင့် စကြဝဠာမှ အနည်းငယ်မျှဝေပေးချင်ပါတယ်။ ဆရာ၊ ဆရာမ များအတွက် Knowledge အဖြစ်သာ ရည်ရွယ်ပါတယ်။ သင်ကြားသည့်အခါ ကျောင်းသား၏အသက်အရွယ်ပေါ် မူတည်ပြီး ချင့်ချိန် သင်ကြားပေးနိုင်ပါတယ်။ လေညွှန်တံ (Wind Vane) ဟာ လေတိုက်ရာ အရပ်မျက်နှာကို ညွှန်ပြပါတယ်။ အဲ့ဒီ့လို ညွှန်ပြနိုင်အောင် သူ့ကို အနည်းငယ်မြင့်သော နေရာတွေမှာ ထားရပါတယ်။ Vane ဆိုတာကတော့ ရှေးအင်္ဂလိပ်စကားတစ်ခုဖြစ်ပြီး Flag (အလံ) လို့ အဓိပ္ပါယ်ရပါတယ်။  လေတိုက်နှုန်း တိုင်းတဲ့ အရာဝတ္ထုကိုတော့ အန်နီမိုမီတာ (Anemometer) လို့ခေါ်ပါတယ်။ (ပုံ) Anemos ဟာ ဂရိဘာသာစကားမှ ဆင်းသက်လာတာဖြစ်ပြီး လေ (wind) လို့ အဓိပ္ပါယ်ရပါတယ်။ လေရဲ့ တိုက်ခတ်နှုန်း (တနည်း) အရှိန် (speed) ကို တိုင်းတာတဲ့ ကိရိယာကို အသုံးပြုပြီး လေညွှန်တံနှင့် တွဲဖက်ခါ လေတိုက်ရာအရပ်နဲ့ တိုက်ခတ်နှုန်းကို တိုင်းတာရပါတယ်။ ဘယ်လို တိုင်းတာသလဲ..? လေတိုက်နှုန်း တိုင်းတဲ့ Anemometer ခွက်လေးတွေကို အရောင်ခွဲခြားခြင်း (သို့မဟုတ်) အမှတ်အသား မှတ်သားခြင်း ပြုလုပ်ရပါမယ်။ ထိုသို့ ပြုလုပ်ခြင်းဖြင့် တစ်ပတ်လည်ခြင်း ကို အလွယ်တကူ မှတ်သားနိုင်ပါတယ်။ လေတိုက်...

မိုးရေချိန် တိုင်းတာနည်း

Image
လေတိုက်နှုန်းတိုင်းတာနည်းလေးပြီးတော့.. မိုးရေချိန် တိုင်းတာနည်းလေးပေါ့။ မိုးရေချိန်တိုင်းတာတဲ့ ကိရိယာကိုတော့ အင်္ဂလိပ်လို Rain Gauge လို့ ခေါ်ပါတယ်။ စလင်ဒါပုံ ခွက်လေးတစ်ခု နဲ့ တိုင်းတာတဲ့ ပေတံ တစ်ခု (ပူးတွဲ) ထားရှိဖို့ လိုပါမယ်။ ၁၂ လက်မ အထိ ထားလို့ရပါတယ်။ စလင်ဒါခွက်ရဲ့ အကျယ်ကိုတော့ ကန့်သတ်ထားတာ မရှိပါဘူး။ အဝ ကျယ်သလောက် ခွက်ကျယ်ပြီး ရေဝင်လည်း များမှာပါ။ အချိုးကျကြည့်လျှင် သိပ်မကွာခြားပါဘူး။ စလင်ဒါ ဖြစ်ဖို့တော့ လိုပါတယ်။ ဒီခွက်ကို မိုးရေ တိုက်ရိုက်ကျရောက်တဲ့ နေရာမှာထားရပါမယ်။ တခါတရံမှာ မိုးနဲ့အတူ လေ ပါ ပါလာတတ်လို့.. ဒီခွက်ကို သေချာ ဖိထား (သို့) ချိတ်ထားဖို့တော့ လိုပါမယ်။ ပုံမှာပြထားသလို ခွက်ထဲကို ကျောက်ခဲတုံးလေးများ ထည့်ဖိထားလို့ရပါတယ်။ ၁ လက်မထက်တော့ မပိုရပါ။ မတိုင်းတာခင်မှာ ခွက်ထဲကို ရေ ၁ လက်မလောက် ထားရှိပြီး စမှတ်ကို မှတ်သားနိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့.. ခွက်ရဲ့ အောက်ခြေဟာ ပုံစံအမျိုးမျိုး ဖြစ်နေနိုင်လို့ပါ။ မိုးတိုက်ရိုက်ကျတဲ့ ကွင်းပြင် (ဟင်းလင်းပြင်) မှာထားပြီး ၂၄ နာရီ ရွာသောမိုးကို တိုင်းတာပါတယ်။ ပြီးလျှင်တော့.. ဘားဂရပ်တစ်ခုဆွဲပြီး တစ်နေ့တာ၊ တစ်ပတ်စာ မိုးရေချိန်၊ တစ်လစာ မိုးရေချိ...

" ဆွမ်းမွှေးရွက် ရဲ့ ဆေးဖက်ဝင် အစွမ်းသတ္တိတွေ.....

Image
ဆွမ်းမွှေးရွက် ကို မမြင်ဖူးရင်သာ ရှိမယ်၊ မကြားတဲ့သူ ဆိုတာ မြန်မာနိုင်ငံမှာ ခပ်ရှားရှားရယ်။ အနည်းဆုံးတော့ ပေါင်မုန့်မှာ ပါတာ တွေ့ဖူးကြမှာပါ။ ယူတို့ စားနေကျ မုန့်လက်ဆောင်းဖတ် စိမ်းစိမ်းလေးတွေကို သိတယ် ဟုတ်။ သူ့ကို ပြုလုပ်တဲ့ နေရာမှာ ဆွမ်းမွှေးရွက်ပါဝင်တယ်နော်။ အရှေ့တောင်အာရှ နိုင်ငံတွေမှာတော့ ရနံ့လေး မွှေးဖို့ နဲ့ ဆိုးကျိုးကင်းတဲ့ သဘာဝအရောင်ဆိုးဆေး အဖြစ် သုံးဖို့ ဆွမ်းမွှေးရွက်ကို အစားအသောက်တွေမှာ ထည့်သွင်းကြတာပေါ့။ ပူတင်းပေါင်မုန့်၊ ကိတ်မုန့်၊ ပေါင်မုန့် စတာတွေမှာ ထည့်သွင်းပြုလုပ်ကြသလို ထမင်းနဲ့ ဟင်းလျာတွေမှာလည်း ပါဝင်လေ့ ရှိပါတယ်။ ဆွမ်းမွှေးရွက် ရဲ့ အကျိုးကျေးဇူးများ အစားအသောက်တွေမှာ အနံ့အရသာ ပြည့်စုံစေဖို့ ဆွမ်းမွှေးရွက်ကို ထည့်သွင်းလေ့ ရှိကြပေမယ့် တကယ်တမ်း သူ့ရဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေကို သိရင် ပိုတောင် သဘောကျပါလိမ့်မယ်နော်။ အလွယ်တကူ ဝယ်လို့ရတဲ့ အရောင်ဆိုးဆေးတွေ သုံးမယ့်အစား ဆွမ်းမွှေးပင်ရဲ့ သဘာဝအရောင်ကို သုံးမယ်ဆိုရင် စိုက်ပျိုးရေး ဖြစ်ထွန်းပြီး ဝယ်ရမရှားတော့ဘူးပေါ့။ ဆွမ်းမွှေးရွက် က – (၁) သွေးတိုး ကျစေတယ် သွေးတိုးရောဂါက လူ့ကျန်းမာရေးအတွက် အန္တရာယ် သိပ်များတဲ့ ကျန်းမာရေးပြဿနာ တ...