Posts

Showing posts from January, 2020

ပုဗ္ဗ မုဉ္စ အပရစေတနာ ဆိုတာ.....

" ပုဗ္ဗ မုဉ္စ အပရေစတနာ ဆိုတာ.....  ပုဗ္ဗစေတနာ အလှူတစ်မျိုးကို လှူဒါန်းရာ၌ ပုဗ္ဗစေတနာ ၊ မုဉ္စစေတနာ ၊ အပရေစတနာ ဟု ၃ မျိုးရနိူင်၏ ။ ထို့တွင် အလှူပေးမည်ဟု ကြံစည်ကာ ထိုအလှူနှင့်ဆိုင်သော ပစ္စည်းများကို ရှာဖွေစုဆောင်း နေသော အခါမွစ၍ မလှူမီေ့ရှအဖို့၌ ဖြစ်သမျှကုသိုလ်စေတနာတွေသည် ပုဗ္ဗစေတနာ မည်၏ ။ ထိုသို့ ပုဗ္ဗစေတနာ နယ်အတွင်း၌ ဤအလှူဒါနကို အကြောင်းပြု၍ အလှူ ့ဒကာ အလှူ ့ဒကာမ ၊ ကျောင်းဒကာ ၊ ကျောင်းအမ စသည်ဖြင့် ထင်ရှားကျော်ကြားစေလိုသောစိတ် ၊ ကျော်စောလိုသောစိတ် ၊ မိမိလှူနိူင်ကြောင်း ကြွားလိုသောစိတ်များ မဖြစ်စေရပါ ။ လှူဖို့ရာ ပစ္စည်းစုခိုက် အိမ်သားအချင်းချင်း အလှူနှင့် စပ်၍ မကျေမနပ် ဒေါသ မာန စေသာ အကုသိုလ်များ ၊ အလှူကို လှူမည်ဟု ကြံခဲ့ပြီးမှ တစ်စုံတစ်ခုအတွက် စိတ်ပျက်ပြီး တွန်းဆုတ်သော မလှူလိုသော စိတ်များ မဖြစ်စေရ ။ ထိုသို့ မဖြစ်စေဘဲ ပျော်ရွှင်၀မ်းမြောက်စွာ အရာရာကျေနပ်လျက် လှူဖွယ် အရပ်ရပ်တို့ကို စီမံနိူင်လျှင် ပုဗ္ဗစေတနာ တွေ အလွန်စင်ကြယ်စွာ ဖြစ်နေပြီ ဟုမှတ်ပါ ။  မုဉ္စစေတနာ မုဉ္စ - သဒ္ဒါသည် စွန့်လွတ်ခြင်း ဟူသော အနက်ကို ဟော၏ ။ ထို့ကြောင့် စွန့်လွတ် လှူဒါန်းနေတုန်း အခ...

သွေးတိုးရောဂါရှိသူတို့ ဆင်ခြင်သင့်သည့် အစားအသောက်များ

ဒေါက်တာ ဒေါ်၀င်း၀င်းမြင့် (အာဟာရဆိုင်ရာအထူးကု ဆရာ၀န်ကြီးနှင့် တွေ့ဆုံဆွေးနွေးခြင်း) သွေးပေါင် 140/90 mmHg ရှိနေရင် သွေးတိုးနေပြီလို့ အကြမ်းအားဖြင့် သတ်မှတ်ပါတယ်။ ဒါပေမဲ့ တစ်ယောက်နဲ့တစ်ယောက်ကတော့ မတူတာမျိုးလည်း ရှိတတ်ပါတယ်။  ဆား (ဆိုဒီယမ်) သွေးတိုးရင် အဓိကလျှော့စားသင့်တဲ့ဓာတ်က ဆိုဒီယမ်ပါ။ ပုံမှန်ဆိုရင် သာမန်လူတစ်ယောက်က ဆိုဒီယမ္ကို တစ်နေ့ ၂၃၀၀ မီလီဂရမ် (လက်ဖက်ရည်ဇွန်းတစ်ဇွန်း ပမာဏ)ပဲ စားသင့်ပါတယ်။ ဟင်းချက်တဲ့အခါ ဇွန်းရဲ့တစ်၀က် ဒါမှမဟုတ် သုံးပုံတစ်ပုံပဲ အများဆုံးစားသင့်ပါတယ်။ တစ်နေ့လုံးနေမှ အဲဒီလောက်ပမာဏပဲ စားသင့်ပါတယ်။ ဒါကြောင့် ကြာရှည်ခံအောင်လုပ်ထားတဲ့ သနပ်တွေ၊ ဟမ်ဘာဂါတွေ၊ ပီဇာလိုအစာမျိုး တစ်နေ့တည်းမှာ အများကြီးမစားသင့်ပါဘူး။ သွေးတိုးရင် အဓိကလျှော့စားသင့်တဲ့ဓာတ်က ဆိုဒီယမ်ပါ။ ပုံမှန်ဆိုရင် သာမန်လူတစ်ယောက်က ဆိုဒီယမ္ကို တစ်နေ့ ၂၃၀၀ မီလီဂရမ် (လက်ဖက်ရည်ဇွန်းတစ်ဇွန်း ပမာဏ)ပဲ စားသင့်ပါတယ်။ ဟင်းချက်တဲ့အခါ ဇွန်းရဲ့ တစ်၀က် ဒါမှမဟုတ် သုံးပုံတစ်ပုံပဲ အများဆုံး စားသင့်ပါတယ်။  ငါးပိ၊ ငါးခြောက်၊ ပုစွန်ခြောက် နိုင်ငံခြားကလူတွေက အသားများများစားလို့ သွေးတိုးကြပေမယ့် ဒီမွာ...

" အာဃာတ ပဋိဝိနယသုတ် '' ရဟန်းတို့ ရန်ငြိုးဖြေကြောင်းတို့သည် ဤဆယ်မျိုးတို့တည်း

" အာဃာတ ပဋိဝိနယသုတ် ''  ရဟန်းတို့ ရန်ငြိုးဖြေကြောင်းတို့သည် ဤဆယ်မျိုးတို့တည်း။ အဘယ်ဆယ်မျိုးတို့နည်းဟူမူ-ငါ၏ အကျိုးမဲ့ကို ပြုဖူးပြီ၊ ထိုအကျိုးမဲ့ပြုခြင်းကို ဤပုဂ္ဂိုလ်၌ (တားမြစ်ရန်) အဘယ်မှာ ရနိုင် မည်နည်းဟု ရန်ငြိုးကို ဖြေ၏၊ ငါ၏ အကျိုးမဲ့ကို ပြုနေဆဲ၊ ထိုအကျိုးမဲ့ ပြုခြင်းကို ဤပုဂ္ဂိုလ်၌ (တားမြစ်ရန်) အဘယ်မှာ ရနိုင်မည်နည်းဟု ရန်ငြိုးကို ဖြေ၏၊ ငါ၏ အကျိုးမဲ့ကို ပြုလိမ့်မည်၊ ထိုအကျိုးမဲ့ပြုခြင်းကို ဤပုဂ္ဂိုလ်၌ (တားမြစ်ရန်) အဘယ်မှာ ရနိုင်မည်နည်းဟု ရန်ငြိုးကို ဖြေ၏၊ ငါချစ်ခင်နှစ်သက်သူ၏ အကျိုးမဲ့ကို ပြုဖူးပြီ။ပ။ ပြုနေဆဲ။ပ။ ပြုလိမ့်မည်၊ ထိုအကျိုးမဲ့ပြုခြင်းကို ဤပုဂ္ဂိုလ်၌ (တားမြစ်ရန်) အဘယ်မှာ ရနိုင်မည်နည်းဟု ရန်ငြိုးကို ဖြေ၏၊ ငါမချစ်ခင် မနှစ်သက်သူ၏ အကျိုးကို ပြုဖူးပြီ။ပ။ ပြုနေဆဲ။ပ။ ပြုလိမ့်မည်၊ ထိုအကျိုးပြုခြင်းကို ဤပုဂ္ဂိုလ်၌ (တားမြစ်ရန်) အဘယ်မှာ ရနိုင်မည်နည်းဟု ရန်ငြိုးကို ဖြေ၏၊ အရာမဟုတ်သည်၌လည်း အမျက်မထွက်။ ရဟန်းတို့ ဤသည်တို့ကား ရန်ငြိုးဖြေကြောင်း ဆယ်မျိုးတို့တည်းဟု (မိန့်တော်မူ၏)။ အာကင်္ခဝဂ် ပြီး၏  ရဟန်းတို့ ရန်ငြိုးဖွဲ့ခြင်း အာဃာတ ကို ပယ်ဖျောက်ကြောင်း တရားတို့သ...

စိန် - Diamond

Image
' စိန် - Diamond ' ကမ္ဘာပေါ်တွင် ကျောက်မျက်ရတနာ အမျိုးပေါင်း ၁၂၀ ကျော်ရှိသည့်အနက် စိန်သည် အဖိုးထိုက်တန်ဆုံးသော ရတနာတစ်မျိုးဖြစ်၏။ စိန်သည် လူတို့၏ လက်ဝတ်ရတနာ တန်ဆာများအတွက်သာမက စက်မှုလုပ်ငန်းများတွင်လည်း အရေးပါသည့် ပစ္စည်းတစ်မျိုးဖြစ်သည်။ မာခြင်းအဆင့် အမြင့်ဆုံးဖြစ်သည်။ အဆင့် ၁၀ ၌ ရှိသဖြင့် စိန်ကို ကျောက်မျက်ရတနာများ၏ ဘုရင်ဟု ခေါ်စမှတ်ပြုကြသည်။ ♻ ထူးခြားသည့် တောက်ပလင်းလက်မှု စိန်ကိုကြည့်လျှင် စိန်၏ ပင်ကိုယ်အလင်းရောင်ဖြင့် တဖိတ်ဖိတ်တောက်ပနေသည်ဟု ထင်မှတ်ရသည်။ သို့ရာတွင် စင်စစ် ထိုအလင်းရောင်သည် စိန်၏ ပင်ကိုယ်အလင်းရောင် မဟုတ်ပေ။ အလင်းရောင်သည် ရေ၊ ဖန်ထည်ပစ္စည်း စသည်တို့တွင် ဖြတ်သန်းသွားသောအခါ မူလလမ်းကြောင်းမှ အနည်းငယ် ယိမ်းယိုင်သွားတတ်သည်။ အလင်းရောင်သည် စိန်ကိုဖြတ်သွားသောအခါတွင်မူ ပိုမိုယိမ်းယိုင်သွားလေ့ရှိသည်။ ထို့ကြောင့် အကွက်ဖော်ထားသော စိန်၏ မျက်နှာပြင်ပေါ်သို့ သက်ရောက်လာသည့်အခါ အလင်းရောင်သည် အပြင်ဘက်သို့ တစ်မဟုတ်ချင်း ထွက်မသွားဘဲ အတွင်းသို့ ရိုက်ဟပ်သွားသည်။ တစ်ဖန် ထိုအလင်းရောင်သည် စိန်၏အတွင်း၌ပင် အဆင့်ဆင့် အနည်းငယ်စီ ယိမ်းယိုင်သွားပြီး နောက်ဆုံးမှသာ အပြင်သို့ ထွက်သွားသည်။ စိ...

ဘ၀ခရီးဝယ် ရွေးချယ်ရမယ့်လမ်း” (​ကေသမုတ္တိသုတ္တန်)

Image
“ဘ၀ခရီးဝယ် ရွေးချယ်ရမယ့်လမ်း” (​ကေသမုတ္တိသုတ္တန်) ဗုဒ္ဓဘာသာက ကံ ကံ၏အကျိုးကို အခြေခံထားပါတယ်၊ မကောင်းတာလုပ်ရင် မကောင်းတဲ့အကျိုး ခံရပါတယ်။ ကောင်းတာလုပ်ရင် ကောင်းတဲ့အကျိုးခံစားရပါတယ်။ ကိုယ်လုပ်မှ ကိုယ်ရပါတယ်။ ဗုဒ္ဓဘာသာ တရားက “ မ ” တာတို့၊ ကယ်တင်တာတို့၊ အပြစ်မှ ကင်းလွတ်တာမျိုး မရှိပါ။ အရာရာဟာ ကိုယ့်အပေါ် မူတည်ပါတယ်။ ဒါကြောင့်မို့ ကေသမုတ္တိရွာက ရွာသူ၊ ရွာသားတွေကို လက်တွေ့ကျကျ ကိုယ်ပိုင်ဉာဏ် အသုံးချတတ်ဖို့ ကေသမုတ္တိသုတ္တန်ကို ဟောပြတော် မူပါတယ်။ မြတ်စွာဘုရားက အဲဒီလို သံသယဖြစ်နေတယ်ဆိုရင် ဒီအချက်အလက်တွေနဲ့ သုံးသပ်ပါ တဲ့..။ (၁) မာ အနုဿဝေန။ ----------------------- အမှန်တရားကို ရှာတဲ့အခါမှာ တဆင့်စကားပေါ် အခြေခံပြီးတော့ မရှာနဲ့။ ဟိုလူပြောတာ ဒီလူပြောတာ ဆိုတဲ့ တဆင့်ကြားစကား(ကောလဟာလ) တွေ အပေါ်မှာ အခြေခံပြီးတော့ အမှန်တရားကို မရှာနဲ့။ တဆင့် ကြားစကားဆိုတာ မှန်တာလည်း ရှိတယ်။ မှားတာလည်း ရှိတယ်။ မသေချာဘူး။ (၂) မာ ပရမ္ပရာယ။ -------------------- အစဉ်အလာ ကျင့်သုံးလာတဲ့ အချက်၊ အစဉ်အလာ ယုံကြည်လာတဲ့ အချက်တွေအပေါ် အခြေခံပြီးတော့လည်း အမှန်တရားကို မရှာနဲ့။ ဓလေ့၊ အစဉ်အလာ ကျင့်သုံးလာတဲ့ လက်ခံလာတဲ့ အခ...

ရှေ့နေခ အကြောင်း-(၁)

Image
' ရှေ့နေခ အကြောင်း-(၁) ' (တိုင်ပင်ခ) ကိုဖြူ ။ “ရှေ့နေခ”အကြောင်းပြောပြပါဆရာ။ ယူတီကေ ။ ရှေ့နေလုပ်ငန်းဟာအကျိုးဆောင်ရတဲ့ (Service)လုပ်ငန်းဖြစ်ပါတယ်။ ရှေ့ နေဆိုတာ အမှု့သည်အတွက် အမှုကိစ္စတွေမှာ လိုက်ပါဆောင်ရွက်ပေးရပါတယ်။ အမှု့သည်တွေကို ဥပဒေနဲ့ဆိုင်တဲ့ အခွင့်အရေးနဲ့ တာဝန်တွေအကြောင်း အကြံပေးပြောဆိုရတဲ့ အသက်မွေးဝမ်းကြောင်း ဖြစ်ပါတယ်။ အမှု့အပ်နှံသူ/တိုင်ပင်သူ (Clients)တွေဟာ အမှု့အခင်းမဖြစ်မီ၊ ဖြစ်ဆဲ၊ ဖြစ်ပြီး ကာလတွေမှာ ဘယ်လိုဥပဒေရေးရာအရ (အခွင့်အရေး/တာဝန်)ရှိနိုင်တယ်ဆိုတာကို ရှေ့နေရှေ့ ရပ်များထံသွားပြီး ဆွေးနွေးတိုင်ပင်ကြပါတယ်။ ရှေ့နေကို စိတ်တိုင်းကျရင် အမှု့အပ်နှံပါတယ်။ မူလရုံးမှာ မူလရုံးမှာအမှု့ပြီးပြတ်သွားရင် အမှု့တစ်ခုပြီးဆုံးပါတယ်။ မူလရုံးစီရင်ချက်အမိန့်အပေါ် မကျေနပ်ရင်အထက်ရုံးကို မိမိ(အမှု့သည်)ကဖြစ်စေ၊ တစ်ဘက်အမှု့သည်ကဖြစ်စေ (အယူခံမှု့/ပြင်ဆင်မှု)တက် တတ်ပါတယ်။ အဲဒီအခါမှာလဲ ဒီရှေ့နေကို ဆက်ငှားရမ်းမယ်ဆိုရင် နောက်ထပ်တစ်မှု့အတွက် ရှေ့ နေလိုက်ရပြန်ပါတယ်။ ဒီလိုနဲ့ မူလရုံး၊ အယူခံရုံး၊ ပြင်ဆင်မှု့ရုံး၊ နေပြည်တော်တစ်ဦးထိုင်ရုံး၊ စုံညီခုံရုံးအထိ ရောက်အောင်ရှေ့နေများ လိုက်ပါဆောင်ရွက် (အကျိုးဆောင်)ေ...

“ မြန်မာဓလေ့အမွေခန်း ”

Image
“ မြန်မာဓလေ့အမွေခန်း ” ညနေပိုင်း ဂေါက်ရိုက်ပြီးနောက် (အေ၊ ဘီ၊ စီ၊ ဒီ ) ရှေ့နေကြီးလေးဦးနှင့် ကိုဖြူတို့စားပွဲဝိုင်းတွင် ဆုံကြလေသည်။ ကိုဖြူ ။ ။ သာမန်ပြည်သူတွေသိသင့်တဲ့ ဥပဒေဗဟုသုတတွေပြောပြလို့ ကျေးဇူးတင်ပါတယ်ဗျာ။ ကနေ့တော့ ဗုဒ္ဓဘာသာဝင် များရဲ့ အမွေကြောင်း သိသင့်သလောက် အများနားလည်အောင် ပြောပြပါဦး။ ရှေ့နေကြီးများ ။ ဟုတ်ကဲ့၊ ကျွန်တော်တို့ရှေ့နေများဟာ ပိုက်ဆံမရရင်စကားမပြောကြဘူးဗျ။ ပိုက်ဆံများများပေးရင်တော့၊ များများပြောပါတယ်။ (ဟဲ-ဟဲ) ဒါပေမယ့် အများပြည်သူအကျိုးရှိမယ့်ကိစ္စဖြစ်လို့ ပိုက်ဆံမရသော်လည်းအနစ်နာခံပြီး ပြောပြပါမယ်။ ကိုဖြူ ။ ။ ကျေးဇူးတင်ပါတယ်ဗျာ။ ရှေ့နေကြီးများအနေနဲ့၊ တစ်ခါတစ်လေ ရှားရှားပါးပါးကောင်းတာလုပ်တာပဲ၊ မကောင်းမရှိပါဘူး။ အေ ။ ။ သက်ရှိသတ္တဝါတွေမှာ အသက်ရှင်ရပ်တည်ရေးနဲ့ မျိုးဆက်ပြန့်ပွားရေးဆိုတဲ့ တာဝန်နှစ်ရပ်ရှိကြတယ်။ ဒါကြောင့် မိမိရဲ့ အထက်မျိုးဆက်နဲ့ မိမိရဲ့ အောက်မျိုးဆက်ဆိုပြီးရှိကြတယ်။ လူတွေမှာတော့မိဘ၊ ဘိုးဘွားစတဲ့ (ဘ၊ ဘိုး၊ဘေး၊ဘီ၊ဘင်၊ ဘောင်၊ဘက်) ဆိုတဲ့ အဆန်မျိုးဆက်ရှိသလို (သား၊ မြေး၊ မြစ်၊ တီ၊ တွတ်၊ ကျွတ်၊ ဆတ်) ဆိုတဲ့ အစုန်မျိုးဆက်တွေရှိကြတယ်။ မိမိကိုယ်ကို ဗဟိုထားပြီး ...

အမွေမမီ မြေးများက အဘိုး၊ အဘွားထံက အမွေရပြီးနောက်၏ ဖခင်ရဲ့ညီမ မွေးစားအမေဆီကကော အမွေတောင်းခံနိုင်သလား

Image
အမွေမမီ မြေးများက အဘိုး၊ အဘွားထံက အမွေရပြီးနောက်၏ ဖခင်ရဲ့ညီမ မွေးစားအမေဆီကကော အမွေတောင်းခံနိုင်သလား အမွေမမီမြေးများ မြေးများတွင် ‘အမွေမီမြေး’၊ ‘အမွေမမီမြေး’ဟူ၍ နှစ်မျိုးရှိပါတယ်။ ‘အမွေမီမြေး’ဆိုတာ ၄င်းတို့၏မိဘ များသည် ဘိုးဘွားများ သေဆုံးကြပြီး နောက်မှသေဆုံး ကြသဖြင့် ‘အမွေမီမြေး’ဟု ခေါ်ဆိုကြပါတယ်။ ‘အမွေမမီမြေး’ကတော့ ၄င်းတို့၏မိဘများသည် ဘိုးဘွား တစ်ယောက်ဖြစ်စေ၊ နှစ်ယောက်စလုံးဖြစ်စေ၊ မသေမီ၊ ရှေးဦးစွာ သေဆုံးကြသဖြင့် ‘အမွေမမီမြေး’ဟု ခေါ်ကြ ပါတယ်။ (ဖိုးမွန်နှင့် မောင်တင်၊ ၈ အယ်ဘီအာ- ၁၁၃) အမွေဆက်ခံခွင့်ကိစ္စ ‘အမွေမမီမြေး’တို့၏အခွင့်အရေးမှာ ‘အမွေမီ မြေး’များကဲ့သို့ မဟုတ်ပါ။ ‘အမွေမမီမြေး’တို့သည် မိဘများ ရရှိသင့်သည့် အခွင့်အနေအလျောက် မိဘ ကိုယ်စား အမွေဆက်ခံရရှိခြင်းမဟုတ်ပါ။ မိမိတို့၏ ကိုယ်ပိုင်အခွင့်အရေးများအဖြစ် တစ်ဦးချင်းအနေနှင့် အမွေဆက်ခံခြင်း ဖြစ်ပါတယ်။ (ဦးမြင့်သော်ပါ ၇ နှင့် မောင်ဇင်လင်းပါ ၃၊ ၁၉၉၈ မတစ စာ ၂၂၇)  လင်ပါ မယားပါ မြေးများရဲ့ အမွေဆက်ခံရေး မြန်မာ့ဓလေ့ထုံးတမ်းဥပဒေအရ လင်ပါမယားပါ မြေးများသည်လည်း အမွေဆက်ခံခွင့်ရှိပါတယ်။ လင်ပါ မယားပါမြေးသည် ဘိုးရင်း ဘွားရင်းထံမှ အမွေဆက်ခံ ခွ...

ဥပဒေအရာရှိ/ဥပဒေဝန်ထမ်း(အစိုးရရှေ့နေ)သည် ‘ဆွဲချ’ ဖြစ်သလော

Image
' ဥပဒေအရာရှိ/ဥပဒေဝန်ထမ်း(အစိုးရရှေ့နေ)သည် ‘ဆွဲချ’ ဖြစ်သလော ' မြန်မာနိုင်ငံတွင် ၁၉၄၇ ခုနှစ်၊ ဖွဲ့ စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ(ပါလီမန် ဒီမိုကရေစီ)ခေတ်ကာလနှင့် တော်လှန်ရေးကောင်စီခေတ်ကာလများတွင် အစိုးရရှေ့ နေ၊ ၁၉၇၄ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ  (လမ်းစဉ်ပါ တီ၊ ပြည်သူ့ကောင်စီ)ခေတ်ကာလတွင် ဥပဒေဝန်ထမ်း၊ ရှေ့နေချုပ်ရုံး၏ ၁၁-၇-၉၈ (၁၉၈၉ ခုနှစ်) အမိန့် ကြော်ငြာစာအမှတ် ၁/၈၉ အရ ဥပဒေအရာရှိဟု သုံးစွဲခေါ်ဝေါ်ပါသည်။ မှတ်ချက် ။  ဥပဒေအကျိုးဆောင် (ဥပဒေ ဝန်ထမ်း)များအား ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၉၂ (၁)အရ ရာထူးအလျောက် အစိုးရရှေ့နေ (Ex-fficio Public Prosecutor)  များအဖြစ် ခန့်အပ် သည်။ (၂၇-၉-၁၉၇၂) ရက်စွဲပါ တရားရေးဝန်ကြီး ဌာန၏ အမိန့်ကြော်ငြာစာ။ ထို့ကြောင့် ဥပဒေဝန်ထမ်း/ဥပဒေအရာရှိ (Law Officer) သည် ပြစ်မှုဆိုင်ရာကျင့်ထုံး (ရာဇဝတ်ကျင့် ထုံး)ဥပဒေ (Criminal Procedure Code) ပုဒ်မ -၄(၁) (န)၊ ပုဒ်မ-၄၉၂၊ တရားရုံးများ လက်စွဲ (Courts Manual) အပိုဒ် ၈၀၅ အရ အစိုးရရှေ့နေ (Public Prosecutor) ဖြစ်ပါသည်။ ဥပဒေအရာရှိဖြစ်သော အစိုးရရှေ့နေကို အရပ် ထဲတွင် အချို့်သောလူများက ဆွဲချ/ဆွဲချကြီးလို့ အမှန် တကယ်သတ်မှတ်၍ေ...

လိပ်ခေါင်းရောဂါ (Piles)

Image
လိပ်ခေါင်းရောဂါ (Piles) ၂၁ ရာစုမှာ အထိုင်များလာတဲ့ နေထိုင်မှုပုံစံက ဝမ်းချုပ်၊ လေချုပ်ဖြစ်ကာ လိပ်ခေါင်းဖြစ်စေလွယ်တယ်။ အဓိက လိပ်ခေါင်းနှစ်မျိုးရှိပါတယ်။ အပြင်လိပ်ခေါင်းနဲ့ အတွင်းလိပ်ခေါင်းဖြစ်တယ်။ အပြင်လိပ် ခေါင်းရှိရင် စအိုနားတစ်ဝိုက်မှာ ရောင်ရမ်း နေပြီး လက်ချောင်းတွေနဲ့ ထိတွေ့ စမ်းသပ် လို့ရတယ်။ အတွင်းလိပ်ခေါင်းက စအိုကို ထောက်မထားဘဲ တစ်သျှူးအစုအပုံအနေ နဲ့ တည်ရှိပြီး အလွယ်တကူစမ်းသပ်လို့မရပါဘူး။ လိပ်ခေါင်းအမျိုးအစားနှစ်ခုလုံးဟာ သွေးကြောတွေဖောင်းလာခြင်း၊ ထုံးလာခြင်းကြောင့် ဖြစ်ရပါတယ်။ စအိုမြောင်းရဲ့ သွေးလွှတ်ကြောတွေမှာ ကျုံ့နိုင်ဆန့်နိုင် အား လျော့နည်းလာခြင်းနဲ့ ဝမ်းခေါင်းတွင်း မှာ သွေးဖိအားများလာရင် သွေးကြောထုံး လာတတ်ပါတယ်။ သွေးဖိအားများရခြင်း မှာ မတ်တတ်ရပ်တဲ့အချိန်၊ ထိုင်တဲ့အချိန် ကြာမြင့်ခြင်း၊ ကိုယ်ဝန်ဆောင်ခြင်း၊ မီးဖွား ခြင်းနဲ့ ရေရှည်ဝမ်းချုပ်ခြင်းတို့ကြောင့် ဖြစ် တယ်။ လိပ်ခေါင်း (Piles) ရဲ့လက္ခဏာတွေ က စအိုနားတစ်ဝိုက်ပြည့်တင်းနေတတ် ခြင်း၊ မသက်မသာဖြစ်ခြင်း၊ ယားယံခြင်း၊ တစ်ခါတစ်ရံသွေးထွက်ခြင်း၊ ဝမ်းသွားရာ မှာ နာကျင်ခြင်းတို့ဖြစ်တယ်။ လိပ်ခေါင်း ဟာ အပြင်ဘက်မကျွံကျရင် အန္တရာယ်မရှိ...

Android မှာ “ Insufficient Storage Available “ ပြဿနာကို ဖြေရှင်းနည်း

Image
' Android မှာ “ Insufficient Storage Available “ ပြဿနာကို ဖြေရှင်းနည်း ' သင့် Android Device ရဲ့ SD Card မှာ နေရာများစွာ ကျန်ရှိနေသေးပေမယ့် တစ်ခါတစ်လေမှာ Applications များကို အင်စတောလုပ်လို့ မရတဲ့ ပြဿနာကို ရင်ဆိုင်တတ်ကြပါတယ်။ အဲဒီ “ Insufficient Storage Available “ ဆိုတာ ဘာလို့ ဖြစ်တာလဲ ဆိုတာနဲ့ ဖြေရှင်းနည်းကို ရေးသားပေးလိုက်ပါတယ်။ ပြဿနာရဲ့ အကြောင်းအရင်း App တစ်ခုကို အင်စတောလုပ်တဲ့ အခါမှာ ဒေတာအချို့ကို ဖုန်းရဲ့ Internal Memory မှာ သိမ်းကြရပါတယ်။ ဖုန်းရဲ့ SD Card မှာ နေရာများစွာ ကျန်နေသေးရင်တောင် Internal Memory မှာ နေရာ မရှိတဲ့အခါမှာ အဲဒီ ပြဿနာ ဖြစ်ပေါ်တာ ဖြစ်ပါတယ်။ ပြဿနာ ဖြေရှင်းနည်း ဒီပြဿနာကို ဖြေရှင်းဖို့အတွက် သင့်ရဲ့ Internal Storage မှာ သိမ်းထားတဲ့ ရုပ်ရှင်၊ ဗီဒီယို၊ ဓါတ်ပုံ၊ သီချင်း စတာတွေကို SD Card ထဲ ပြောင်းထည့်ပါ။ Google Drive, Dropbox တို့လို Cloud Storage များမှာ ဖိုင်တွေ သိမ်းတာကလည်း ကောင်းမွန်တဲ့ နည်းလမ်း ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဖုန်းတိုင်းမှာ ဒေတာများကို SD Card ကို အလွယ်တကူ ပြောင်းလို့ မရကြပါဘူး။ အဲဒီလို ပြောင်းလို့ မရတဲ့ ဖုန်းများမှာတော့ Root လုပ်...

Hacker အကြောင်းသိကောင်းစရာ

Image
' Hacker အကြောင်းသိကောင်းစရာ ' ၁။ (က) Hacker ဆိုသည်မှာ Hacker ဆိုသည်မှာ Computer System များ၊ Electronic နည်းပညာရပ်များကို ကျွမ်းကျင် တတ်မြောက်ပြီး၊ ထိုနည်းပညာရပ်များကို အသုံးချကာ Computer Security နှင့်သက်ဆိုင်သော Program များ၊ Application များကို ရေးသားသူသာ ဖြစ်သည်ဟူ၍ Hacker Community မှ ယူဆထားပြီး၊ နည်းပညာရပ်များကို မသမာသော ရည်ရွယ်ချက်များဖြင့် အသုံးချလေ့ရှိသူများကိုမူ Cracker ဟူ၍သာ သတ်မှတ်လေ့ရှိသည်။ အကြမ်းအားဖြင့်မူ White Hat Black Hat နှင့် Grey Hat ဟု ခွဲခြားနိုင်သည်။ ထို White Hat Black Hat စသော အသုံးအနှုံးများမှာလည်း ရုပ်ရှင်ဇာတ်ကားများတွင် ဦးထုပ်အနက်ဆောင်းသောသူသည် ဇာတ်လိုက် (လူကောင်း)၊ ဦးထုပ်အနက်ဆောင်းသောသူသည် လူကြမ်း (လူမိုက်) စသည်ကို အကြောင်းပြု၍ကင်ပွန်းတပ်ကြခြင်းသာ ဖြစ်သည်။ White Hat White Hat များသည် ၄င်းတို့၏ နည်းပညာဆိုင်ရာ ကျွမ်းကျင်မှုများကို မသမာသည့်လုပ်ရပ်များတွင် အသုံးချခြင်း မရှိဘဲ Black Hat များ၏ နှောက်ယှက်ခြင်း ခံရသောသူများအား ကာကွယ် စောင့်ရှောက်လေ့ရှိသူများဟုဆိုနိုင်သည်။ Black Hat Black Hat များမှာမူ ၄င်းတို့၏ ကျွမ်းကျင်မှုများကို မသမာသော ...