ဖရဲသီး ဆေးဖက်ဝင်ပုံ
' ဖရဲသီး ဆေးဖက်ဝင်ပုံ ' ချိုအေးသော အရသာလဲရှိသော ဖရဲသီးသည် သွားရည်စာအဖြစ်မျှသာမကမူ၍ ဘီတာကာရိုတင်း ၊ ဗီတာမင် B ၊ ဗတာမင် C ၊ ကယ်လစီယံ ၊ ဖော့စဖရပ် ၊ မဂ္ဂနီစီယံ ၊ ပိုတက်စီယံ ၊ အိုင်အိုဒင်း ၊ မန်းဂနိ တို့ ပါရှိသဖြင့် ဆေးဖက်လဲ ၀င်ပါသည် ။ သွေးတိုးကျစေသည် ၊ ဖောရောင်ခြင်းလျော့စေသည် ၊ အရေပြားမှိုရောဂါ ပျောက်သည် စသဖြင့် အစွမ်းများရှိပါသည် ။ ဖရဲစေ့ သည် သွေးကြောများကျယ်စေသဖြင့် သွေးတိုးကျစေသည် ၊ ကျောက်ကပ်သန့် စင်စေသည် ။ ... အစွမ်းသတ္တိများ *************** ... Kidney cleansing ( ကျောက်ကပ် သန့် စင်စေခြင်း ) တနေကုန် တခြားအစာမစားဘဲ ၊ ဖရဲသီးကို အတုံးလေးများ တုံးထာပြီး ၊ ၁၅ မိနစ်တခါ စားသုံးပေးရပါသည် ။ ကျောက်တည်ခြင်း ၊ ကျောက်ကပ်နှင့် ဆီးလမ်းကြောင်း ပိုးဝင်ခြင်း တို့ အတွက်ကောင်းမွန်ပါသည် ။ ဖရဲသီးက ဆီးရွှင်စေသဖြင့် ဖောရောင်ခြင်းလျော့ကျ စေပါသည် ။ ထောင်းချေ ထားသော ဖရဲစေ့ လက်ဘက်ရည် တဇွန်းစာ ကို ကျက်ကျက်ဆူ ရေနွေးမတ်ခွက်ငယ် တလုံးစာ လောင်းထဲ့ ၊ အအေးခံထား ။ တနေ့ ၃ခွက် သောက်ပေးပါကကျောက်ကြေ စေပါသည် ။ ... Liver cleansing ( အသဲ သန့် စင်စေခြင်း ) ဖရဲသီးဖျော်ရေ တနေ့ ၃ခွက် သေ...